By VOA / 2024 February 3
စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ သိန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည် စားနပ်ရိက္ခာအခက်ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည် တွေကပြောပါတယ်။ လက်ရှိအချိန်ထိ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရသလို ကုန်လမ်းရေလမ်းတွေကို ပိတ်ထားတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီ ထောက်ပံ့ဖို့ ခက်နေတာပါ။