ရခိုင်တိုက်ပွဲအတွင်း အရပ်သားများအား စစ်ကောင်စီမှ ဦးတည်တိုက်ခိုက်ခြင်းသည် ဂုဏ်သိက္ခာကျဆင်းစေသည့် လုပ်ရပ်ဟု စကစ ဗိုလ်မှူးပြော (ရုပ်သံ)

By Western News / 2024 February     29

ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများတွင် အာဏာသိမ်းစစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ ကျေးရွာများ၊ နေအိမ်များ၊ ဆေးရုံဆေးခန်းများအား ဦးတည်ပစ်မှတ်ထားသည်ဟု AA ဖမ်းမိထားသော စစ်ကောင်စီ (စကစ) ဗိုလ်မှူးများက ပြောသည်။

စစ်ကောင်စီမှ အပြစ်မဲ့အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် အကျဉ်းတန်လုပ်ရပ်ဖြစ်ပြီး ဂုဏ်သိက္ခာကျဆင်းစေသည့် လုပ်ရပ်ဖြစ်ကြောင်း AA ဖမ်းမိထားသော စကစ ဗိုလ်မှူး ဇော်လင်းထွန်းက ဆိုသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြိုနယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဖျက်အားပြင်းဗုံးများကိုအသုံးပြု၍လေကြောင်းမှလာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ၎င်းဆေးရုံတွင် ဆေးကုသမှုခံယူဖူးပြီး ယခုအချိန်တွင် ပြန်လည်ကျန်းမာလာသော ခ.လ.ရ (၂၉၉)တပ်ရင်းမှ ကြည်း/၄၁၃၅၆ (ဗိုလ်မှူး) ဇော်လင်းထွန်း ပြောကြားချက်အား AA မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

https://www.facebook.com/watch/?v=710767154536948

Leave a Reply

Your email address will not be published.