ရခိုင်စစ်ပွဲမှာ သေဆုံးဖမ်းဆီးခံစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြောင်းကို မိသားစုတွေဆီအသိပေးအ ကြောင်းမကြား

By Border News Agency / 2024 February   20

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာစစ်ကောင်စီတပ်က သေ ဆုံးဒဏ်ရာရသူတွေ၊ဖမ်းဆီးခံထားရသူတွေအ ကြောင်းကို ကျန်ရစ်တဲ့မိသားစုဝင်တွေဆီအသိပေးအကြောင်းကြားတာမရှိဘူးလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုအသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။

ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး” အဖြစ် ရခိုင်မှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော-အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို ရက္ခိုင့်တပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနေ့ကစတင်ပြီး စစ်ကောင်စီတပ်ကရခိုင်တပြည်လုံးကို ကြေးရေလေပူးပေါင်းပစ်ခတ်မှုတွေအပြင် အတွဲလိုက်ဒုံးတွေ၊ဒရုန်းဗုံးတွေပစ်ခတ်ခုခံနေပေမယ့် ရက္ခိုင့်တပ်တော်(AA)က တမြို့ပြီးတမြိုတိုက်ခို က်သိမ်းယူနေပါတယ်။

ရခိုင်စစ်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ်အဆင့်အရာရှိတွေကို ရက္ခိုင့်တပ်တော်အရှင်ဖမ်းမိထားသ လို ဗိုလ်မှူးကြီးအဆင့်အရာရှိတွေထိ အသေဖမ်းဆီးရမိထားတယ်လို့ ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ပါတယ်။

အဲဒီလိုသေဆုံး၊အဖမ်းခံထားရတာတွေကို စစ်ကော င်စီတပ်က မိသားစုဝင်တွေဆီအသိပေးအကြောင်း ကြားတာမရှိဘဲ သတင်းဌာနတွေက သတင်းတွေတ က်လာမှသာသိကြရတယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုအသိုင်းအဝိုင်းက ဆိုကြပါတယ်။

”တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက သတင်းတွေကိုစုံစ မ်းနေတာပါ။ဘင်္ဂလာဖက်သို့ထွက်ပြေးသွားတာလား။အဖမ်းခံရတာလား။သေသွားပြီးလားသိချင်နေတာပါ။အေအေဖက်ကထုတ်ပြန်တာမှာလည်းမပါလာဘူး။သတင်းဌာနကသတင်းတက်လာမှသေသွားပြီဆိုတာသိရတာပါ။မိသားစုကိုဘာတခုမှအ သိပေးအကြောင်းကြားတာမရှိပါဘူး။”လို့ တောင်ပြိုမြို့သိမ်းတိုက်ပွဲမှာသေဆုံးသွားတဲ့စစ်ကောင်စီတပ်အရာရှိတစ်ဦးရဲ့မိသားစုဝင်တစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီတောင်ပြိုမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့တောင်ပြိုလက်ယာမှဒုတပ်ရင်းမှူးရဲမှူးအောင်စည်သူအေးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုသေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးလာကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက Border News Agency သို့ အတည်ပြုပြောကြပါတယ်။

အဲဒီတောင်ပြိုလက်ယာစခန်းကို ရက္ခိုင့်တပ်တော် (AA)မှ ဖေဖော်ဝါရီလ ၄ရက်နေ့၊နံနက် ၅ နာရီ ၁၀ မိ နစ်မှာစတင်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ပြီး အဲဒီနေ့ ည နေ ၆ နာရီခန့်မှာ တောင်ပြိုလက်ယာဗျူဟာစခန်းတ စ်ခုလုံးကို ၁၂ နာရီအတွင်း အလုံးစုံသိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။

အဲဒီတောင်ပြိုလက်ယာစခန်းမှာအင်အား ၁၅၀ ခန့်ရှိပြီးရက္ခိုင့်တပ်တော်(AA)ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် သေဆုံးသူများပြားကာ အနည်းငယ်ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့်နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇၀ ကျော်ခန့်သာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးလွှတ်မြောက်လာကြတယ်လို့ ထွက်ပြေးလာကြတဲ့စစ်ကောင်စီတ ပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။

အဲဒီတောင်ပြို(လက်ယာ)ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက်ဖေဖော်ဝါရီလ ၆ ရက်နေ့၊ညနေပိုင်းက တောင်ပြို(လက်ဝဲ)စခန်းကိုလည်း အပြီးသတ်သိမ်း ပိုက်ရယူနိုင်ခဲ့ပါတယ်။

အဲဒီတောင်ပြိုလက်ယာ၊လက်ဝဲနဲ့ကျီးကျွန်းစခန်းတွေက ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေဖေဖော်ဝါရီ လ ၇ ရက်နေ့ထိ တောင်ပြိုလက်ဝဲမှတပ်ရင်းမှူးဒုရဲမှူးကြီးကျော်စိုးနိုင်အပါအ၀င် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးလွှတ်မြော က်လာခဲ့ကြတယ်လို့ ဆိုကြပါတယ်။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာစစ်ကောင်စီတပ်က ဗိုလ် မှူးချုပ်တစ်ဦးနဲ့ဒုဗိုလ်မှူးကြီးတစ်ဦးတို့ကို အရှင်ဖမ်း ဆီးရမိထားသလို ဗိုလ်မှူးကြီးအဆင့်အရာရှိတွေထိ

အသေဖမ်းဆီးရမိတယ်လို့ ရက္ခိုင့်တပ်တော်(AA)က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ်ပြန်ပါတယ်။

အဲဒီနှစ်ဦးမှာ အမှတ် ၉ စစ်ဆင်ရေးကွပ်ကွဲမှုဌာန ချုပ်လက်အောက်ခံနည်းဗျူဟာ ၃ ဗျူဟာမှူးဒုဗိုလ် မှူးကြီးညီညီဝင်းနဲ့ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို အ ရှင်ဖမ်းဆီးရမိထားတာဖြစ်ပါတယ်။

အဲဒီဒု-ဗိုလ်မှူးကြီးညီညီဝင်းကို ဦးခေါင်းနဲ့ရင်ဘတ်မှာဒဏ်ရာတွေရပြီးသေလုမျောပါးဖြစ်နေချိန် ဇန် နဝါရီလ၁၆ ရက်နေ့က ရက္ခိုင့်တပ်တော်(AA)မှဖမ်း ဆီးရရှိမိခဲ့တာကို ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားလို့ အသက်ဘေးမှကင်းလွတ်ကျန်းမာနေပြီလို့ ဆိုပါတယ်။

နောက်ပြီးကျောက်တော်မြို့နယ်၊အပေါက်ဝကျေး ရွာအနီး ဖေဖော်ဝါရီလ ၈ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ရေ ကြောင်းတိုက်ပွဲမှာ အသက်လုထွက်ပြေးသွားတဲ့ အ မှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ အသက် ၅၁ နှစ်အရွယ်၊တပ်မမှူး၊ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ရက္ခိုင့်တပ်တော်(AA)က အရှင်လက်ရဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ ပလက်ဝဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ် မှူးကြီးဗညားပိုင်စိုး၊ကိုယ်ပိုင်အမှတ် ကြည်း/၃၅၃၄၄

ကို ပြီးခဲ့တဲ့နှစ်၊ဒီဇင်ဘာလဒုတိယအပတ်က သေန တ်ဒဏ်ရာတွေနဲ့အသေဖမ်းဆီးရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ်ပြန်ပါတယ်။

အဲဒီအပြင်စစ်ကောင်စီတပ်က တပ်မ ၁၁တပ်မမှူး – ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ကြည်း/၃၁၅၁၄ ကို ဖေ ဖော်ဝါရီလ ၇ ရက်နေ့၊မြောက်ဦးမြို့ရှိ အမှတ် ၃၇၇ ခြေမြန်တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA)က တိုက် ခိုက်သိမ်းပိုက်ချိန်မှာ အသေဖမ်းဆီးရမိတာလို့ ဆိုပါတယ်။

နောက်ပြီးပလက်ဝဒေသအခြေစိုက်၊ရှေ့တန်းဌာန ချုပ်တစ်ခုဖြစ်တဲ့ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ရှေ့တန်းဌာနချုပ်၊တပ်မမှူး၊ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ၊ကြည်း/၂၇၉၆၇ လည်းကျဆုံး၊ပျောက် ဆုံး၊ရေထဲနစ်မြုပ်၊ထွက်ပြေးလွတ်မြောကသွားတာလားဆိုတာကိုလက်ရှိအချိန်ထိအတည်မပြုနိုင်သေးဘူးလို့ ရက္ခိုင့်တပ်တော်(AA)က ဆိုပါတယ်။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ စစ်ကောင်စီတပ်က ဗိုလ် မှူးချုပ်အဆင့်အရာရှိတွေအပါအဝင် စစ်ကောင်စီတ ပ်ဖွဲ့ဝင်တစ်ထောင့်ငါးရာကျော်ခန့်ကို ရက္ခိုင့်တပ်တော်(AA)မှ အရှင်ဖမ်းမိထားတယ်လို့ Border News Agency က စုံစမ်းသိရှိရပါတယ်။

နောက်ပြီး ဗိုလ်မှူးကြီးအဆင့်အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးထောင်ကျော်ခန့်ကို ရက္ခိုင့်တပ်တော် (AA)က အသေဖမ်းဆီးရမိခဲ့တယ်လို့

Border News Agency က စုံစမ်းသိရှိရပါတယ်။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ လက်နက်ချအညံ့မခံတဲ့စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော်(AA) က နေ့စဥ်ရက်ဆက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo-AA Info Desk

https://www.facebook.com/bordernewsagency/posts/418139577400879

Leave a Reply

Your email address will not be published.