ရခိုင်က စစ်ဘေးရှောင်သုံးသိန်းကျော်အကူအညီတွေ လိုအပ်နေ

By Border News Agency / 2024 February   23

(ဓာတ်ပုံ-မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်စခန်းတစ်ခုကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကတွေ့ရပုံ/BNA)

ရခိုင်တပြည်နယ်လုံးက စစ်ဘေးရှောင်သုံးသိန်းကျော်အတွက် အစားအစာတွေ၊နေအိမ်တွေ၊အဝတ် အထည်တွေနဲ့ဆေးဝါးအကူအညီတွေလိုအပ်နေတ ယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်အရေးကူ ညီပေးနေတဲ့သူတွေက ဆိုကြပါတယ်။

ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး” အဖြစ် ရခိုင်မှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော-အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို ရက္ခိုင့်တပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနေ့ကစတင်ပြီး စစ်ကောင်စီတပ်ကရခိုင်တပြည်လုံးရှိ ကုန်းလမ်း၊ရေလမ်းတွေကို ပိတ်ဆို့တားမြစ်ထားသလိုကြေးရေလေပူးပေါင်းပစ်ခတ်မှုတွေ၊အ တွဲလိုက်ဒုံးတွေ၊ဒရုန်းဗုံးတွေပစ်ခတ်ခုခံနေပေမယ့် ရက္ခိုင့်တပ်တော်(AA)က တစ်မြို့ပြီးတစ်မြို့တိုက် ခိုက်သိမ်းယူနေပါတယ်။

စစ်ကောင်စီဟာ ရခိုင်တပြည်လုံးရှိ ကုန်းလမ်း၊ရေ လမ်းအားလုံးကို ပိတ်ဆို့ထားပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲအစည်းအားလုံးကိုလည်း သွားရောက်ကူညီခွင့်ပိတ်ဆို့တားမြစ်ထားတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတ ယ်။

အဲဒီလိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီပေးရေးအဖွဲအစည်းတွေအားလုံးကိုပိတ်ဆို့တားမြစ်ထားတာမို့ စစ်ဘေးရှောင်တွေအငတ်ဘေးနဲ့ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“ခုကအပြင်ထွက်လို့အလုပ်လုပ်ဖို့ကလည်းအဆင်မပြေဘူး။မြို့မှာလည်းလူတွေမရှိဘူး။အဓိက စားဝ တ်နေရေးအတွက်အခက်အခဲတွေအများကြီးရှိပါတ ယ်။ဆန်စျေးတွေတက်တော့ မဝယ်စားနိုင်ဘူး။”လို့ ရခိုင်မှစစ်ဘေးရှောင်စခန်းတာဝန်ခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။

ရခိုင်မှာ ၂၀၁၅ ခုနှစ်ကစတင်ပြီးစစ်ဘေးရှောင်တွေရှိနေကာ ၂၀၁၈၊၂၀၁၉၊၂၀၂၀ ရခိုင်စစ်ပွဲကာလတွေမှာစစ်ဘေးရှောင်သိန်းနဲ့ချီဖြစ်နေခဲ့သလိုပြီးခဲ့တဲ့တကျော့ပြန်တိုက်ပွဲကာလမှာလည်း ရခိုင်ပြည်သူတွေစစ်ဘေးရှောင်ထွက်ပြေးနေခဲ့ကြရတယ်လို့ ဆိုကြပါတယ်။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ ရခိုင်ကမြို့နယ်တချို့မြို့လုံးကျွတ်ထွက်ပြေးနေကြရသလို ရခိုင်တပြည်လုံးရှိမြို့အားလုံးနီးပါးက ဒေသခံပြည်သူတွေစစ်ဘေးရှောင်နေကြရတာမို့ ရခိုင်မှာစစ်ဘေးရှောင်ပြ ည်သူသုံးသိန်းကျော်ထိဖြစ်နေပြီလို့ စစ်ဘေးရှောင်အရေးဆောင်ရွက်နေကြသူတွေက ဆိုကြပါတယ်။

ရခိုင်မှာ မိုခါမုန်တိုင်းကြောင့်ပြည်သူအများစုစားဝ တ်နေရေးခက်ခဲနေကြချိန်မှာစစ်ကောင်းစီက ရခိုင်တပြည်လုံးကိုပိတ်ဆို့ကန့်သတ်ထားတာမို့ ကုန်စျေးနှုန်းတွေအဆပေါင်းများစွာမြင့်တက်နေပြီးစစ်ဘေးရှောင်တွေအတွက် အငတ်ဘေးဆိုက်အောင်ထိခံစားကြုံတွေ့နေကြရတာလို့ ဆိုကြပါတယ်။

”အကူအညီတွေလည်းမရောက်ဘူး။ထမင်းစားဖို့ဆ န်လိုပါတယ်။အဘွားတို့မှာ သားမိနှစ်ယောက်ပဲရှိတာ ။အဘွားလည်း အလုပ်မလုပ်နိုင်တော့ဘူး။သားတ စ်ယောက်ရှိတာကလည်း မသန်စွမ်းဘူး။အရင်က သူထင်းအဌားတွေပြောင်းတယ်။မြို့ထဲကိုသွားပြီးတော့။ခုက မြို့ထဲမပြောနဲ့ အပြင်တောင်မထွက်ရဲတော့ဘူး။အဘွားကလည်း အသက်ကြီးလာတော့ နေမကောင်းဘူး။ဆေးဝယ်ဖို့ပိုက် ဆံလည်းမရှိဘူး။” လို့ ရခိုင်မှစစ်ဘေးရှောင်အဘွားတစ်ဦးက Border News Agency သို့ပြောပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေသလို ရခိုင်ပြည်သူတွေလည်း နေ့စဥ်ရက်ဆက် စစ်ဘေးရှောင်ထွက် ပြေးနေကြရသလို စားဝတ်နေရေးအခက်အခဲပေါင်းစုံကိုအချိန်တိုင်းကြုံတွေ့နေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင်စစ်ဘေးရှောင်စခန်းတွေထဲသို့စစ်ကောင် စီတပ်ကလက်နက်ကြီးတွေရည်ရွယ်ချက်ရှိရှိပစ်ခ တ် နေတာမို့စစ်ဘေးရှောင်တွေသေဆုံးဒဏ်ရာရတာတွေဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။

နောက်ပြီးစစ်ကောင်စီတပ်က လူနေကျေးရွာတွေ၊ရ ပ်ကွက်တွေကို လက်နက်ကြီးပစ်ခတ်တာတွေ၊ဒရုန်းနဲ့ပစ်ခတ်တာတွေ၊လေယာဥ်နဲ့ပစ်ခတ်တာတွေအ ပြင်ဝင်ရောက်မီးရှို့တာတွေလည်းပြု လုပ်နေတာမို့ ဒေသခံပြည်သူတွေနေ့စဥ်ထွက်ပြေးနေကြရတာမို့ စစ်ဘေးရှော င်တွေနေ့စဥ်တိုးလာနေပြီးနေ့စဥ်အကူ အညီတွေလိုအပ်နေကြတာလို့ ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/419695803911923

Leave a Reply

Your email address will not be published.