မင်းပြားအမတ်ဟောင်း ဦးထွန်းဝင်း ကွယ်လွန်ခြင်းအပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဝမ်းနည်းကြောင်း သဝဏ်လွှာပီးပို့

By Arakan Princess Media / 2024 February    25

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နိက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မာ လူကြီးရောဂါနန့် ကွယ် လွန်လားခရေ မင်းပြား အမတ်ဟောင်း ဦးထွန်းဝင်း ကွယ်လွန်ခြင်းအပေါ်  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ဒေနိ ဖေဖော်ဝါရီ ၂၅ ရက်နိမာ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပီးပို့လိုက်ကြောင်း သိရပါရေ။

ဦးထွန်းဝင်းစွာ ၁၉၉၀ ပြည့်နှစ် ရွီးကောက်ပွဲမာ မင်းပြားမြို့နယ် အမှတ် (၂) ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်အဖြစ် ရွီးချယ်တင်မြှောက်ခံခရပြီးကေ  သူကွယ်လွန်ချိန်မာ အသက် ၉၅ နှစ် ဟိပြီးဖြစ်ပါရေ။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူအဖွဲ့ဝင်နန့် ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးထွန်းဝင်းစွာ ရခိုင်သဟာယအသင်း(ရန်ကုန်)၏ ဗဟိုအလုပ်အမှုဆော င်၊ ရခိုင်အမျိုး သားသမဂ္ဂ(ရန်ကုန်)၏ နာယက အစဟိရေ အမျိုးသားရီးတာဝန်တိကို ထမ်းဆေင်ခရေအပြင် ပြည်ထောင်စုမြန်မာ နိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၏ ပညာရီးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခကြောင်း သိရပါရေ။

သူစွာ ရက္ခိုင်အမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နန့် ရက္ခိုင့်ကံကြမ္မာ ရက္ခိုင်ဖန်တီးခွင့်ရဟိရီးကို အလေးအနက်ခံယူရပ်တည်ပြီးကေ သူ၏နိုင်ငံရီးဘဝခရီးကို အသက်တသီအထိတစိုက်မတ်မတ်ဖြတ်သန်းလျှောက်လှမ်းခသူလည်း ဖြစ်ပါကြောင်း သဝဏ် လွှာမာ ဖော်ပြပါရေ။

ရက္ခိုင်အမျိုးသားဝါရင့်နိုင်ငံရီးသမား ဦးထွန်းဝင်း ကွယ် လွန်လားခြင်းအပေါ်  မိသားစု၊ ဆွီမျိုး၊ နိုင်ငံရီး လုပ်ဖော် ကိုင်ဖက်တိနန့်ထပ်တူဝမ်းနည်းပါကြောင်း၊အခြားတဖက် မာ ရက္ခိုင်အမျိုးသားနိုင်ငံရီးသမိုင်း၊ သူ့ခေတ်သူ့ကာလ အမျိုးသားရီးတာဝန်တရပ်ကို အကောင်းဆုံးထမ်းဆောင်နိုင်ခသူအဖြစ် ဂါရဝပြုပါကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ပီးပို့ရေ သဝဏ်လွှာထဲမာ ဖော်ပြထားပါရေ။

https://www.facebook.com/arakanprincessmedia1/posts/421779253580368

Leave a Reply

Your email address will not be published.