မင်းပြားမြို့နယ်ရှိ မင်းဖူးအရပ်ဘက် ဆေးရုံအား စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး လက်ရဖမ်းဆီးခံခဲ့ရသည့် ခလရ (၂၉၉) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နေလင်းထွန်း ပြောကြားချက် (ရုပ်သံဖိုင်)

By Narinjara / 2024 February     29

ရခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဖေဖော်ဝါရီ ၂၇ ရက် နံနက် အစောကြီးအချိန် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး လက်ရဖမ်းဆီးခံခဲ့ရသည့် စစ်သုံ့ပန်း ခလရ (၂၉၉) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နေလင်းထွန်း ပြောကြားချက်ကို ရက္ခိုင့်တပ်တော် ( AA) က ထုတ်ပြန်လာပါသည်။

ထုတ်ပြန်ချက် အထဲတွင် “ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဖျက်အားပြင်းဗုံးများကိုအသုံးပြု၍ လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ၎င်းဆေးရုံတွင် ဆေးကုသမှုခံယူနေသော ခ.လ.ရ (၂၉၉)တပ်ရင်းမှ ကြည်း/၃၆၇၁၉ (ဒုဗိုလ်မှူးကြီး) နေလင်းထွန်း ပြောကြားချက်” ဟု ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ရှုံးမဲမဲကာ လူမျိုးရေးအမုန်းတရားများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံ၏ အဆောက်အအုံ အများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အပြစ်မဲ့အရပ်သားပြည်သူများ၊ ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုများလည်းရှိခဲ့သည်ဟုလည်း အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အေအေက ထုတ်ပြန်ထားပါသည်။

ဤဆေးရုံသည် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းများ၊ သုံ့ပန်းမိသားစုဝင်များကို ဆေးကုသပေးနေသော အရပ်ဘက်ဆေးရုံတစ်ခုလည်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ဒေသစစ်မျက်နှာတွင် ၎င်းတို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက်စခန်းများစွာနှင့် တစ်မြို့ပြီးတစ်မြို့ကို လက်လွှတ်ဆုံးရှုံးနေရသည့်အတွက် ရှုံးမဲမဲကာ မြို့၊ ရပ်ရွာများရှိ အရပ်သားပြည်သူလူထုများနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ တိုက်တာအဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်လျက်ရှိသည်ဟု ဖော်ပြထားသည်။

https://www.facebook.com/watch/?v=1081431419577220

Leave a Reply

Your email address will not be published.