မင်းပြားမြို့နယ်ရှိ စစ်ကောင်စီသင်တန်းကျောင်းကို အမြန်လက်နက်ချအညံ့ခံရန် ရက္ခိုင့်တပ်တော်ထပ် မံသတိပေး

By Border News Agency / 2024 February   20

မင်းပြားမြို့နယ်၊ကမ်းနီရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့“အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျော င်း”ကို ဖေဖော်ဝါရီလ ၁၇ ရက်၊နံနက် ၁၀နာရီ ၄၅ မိန စ်မှစတင်ပြီးရက္ခိုင့်တပ်တော်(A A)မှ ထိုးစစ်ဆင်တို က်ခိုက်နေတယ်လို့ ဆိုပါတယ်။

အဲဒီ“ကမ်းနီလေ့ကျင့်ရေးသင်တန်းကျောင်း”ခေါ် “တိုင်းဗဟို ၉လေ့ကျင့်ရေးသင်တန်းကျောင်း”ကို အမြန်ဆုံးလက်နက်ချအညံ့ခံရန် ထပ်မံသတိပေးလိုက်တယ်လို့ ရက္ခိုင့်တပ်တော်(AA)ကထုတ်ပြန်ပါတယ်။

ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇ စစ်ဆင်ရေး” အဖြစ် ရခိုင်မှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော-အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို ရက္ခိုင့်တပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနေ့ကစတင်ပြီး စစ်ကောင်စီတပ်ကရခိုင်တပြည်လုံးကို ကြေးရေလေပူးပေါင်းပစ်ခတ်မှုတွေအပြင် အတွဲလိုက်ဒုံးတွေ၊ဒရုန်းဗုံးတွေပစ်ခတ်ခုခံနေပေမယ့် ရက္ခိုင့်တပ်တော်(AA)က တစ်မြို့ပြီးတစ်မြို့တို က်ခိုက်သိမ်းယူနေပါတယ်။

မင်းပြားမြို့မှာစစ်ကောင်စီတပ်ရဲအမှတ် ၃၇၉ ခြေ မြန်တပ်ရင်းနဲ့အမှတ် ၅၄၁ ခြေမြန်တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA)မှ ဖေဖော်ဝါရီ ၆ ရက်နေ့က အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီမင်းပြားမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့တပ်ရင်းသုံးရင်းရှိပြီး အမှတ် ၃၈၀ခြေမြန်တပ်ရင်းကိုတော့ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၈ ရက်နေ့က ရက္ခိုင့်တပ်တော် (AA)မှ အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီတပ်ရင်းတွေဟာ ကျောက်တော်အခြေစိုက်၊အမှ တ် ၉ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်လက်အောက်ခံတပ်ရင်းတွေဖြစ်ကြပြီး မင်းပြား၊မြောက်ဦး၊ကျော က်တော်မြို့တွေကတပ်ရင်းဆယ်ရင်းပါဝင်ပါတယ်။

https://www.facebook.com/bordernewsagency/posts/418444410703729

Leave a Reply

Your email address will not be published.