By RFA / 2024 February 6
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အလယ်ကျွန်းရွာက စစ်ဘေးဒုက္ခသည်တွေဟာ တောင်ကြားတွေမှာ တွင်းတူးပြီး နေထိုင်နေကြရပါတယ်။
လူဦးရေ တစ်ထောင်ကျော်ရှိတဲ့ အဲဒီရွာကို ဇန်နဝါရီလ ၃ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ပြီးနောက် နီးစပ်ရာ ရွာတွေကို ထွက်ပြေးကြသူတွေရှိသလို တောထဲမှာ အခုလို တွင်းတူးပြီး နေထိုင်သူတွေ ရှိနေတာပါ။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲ သုံးလနီးပါးအတွင်းမှာ စစ်ဘေးဒုက္ခသည် သုံးသိန်းကျော် ရှိနေပြီလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
_________
တောင်ကြားတွင် တွင်းတူးနေထိုင်နေရသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာမှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Khine Murn Chun)