တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနန့် ဗုံးကြဲတိုက်ခိုက်

By Arakan Princess Media / 2024 February    8

တောင်ကုတ်မြို့နယ်မာ ဒေနိ ဖေဖော်ဝါရီ ၈ ရက်နိ ညဇာပိုင်းက အကြမ်းဖက်စစ်ကောင်စီစွာ ကုလားရောင်ကျွန်း နားက “လေးတောင်ဗွေကျွန်း”ကို ဗုံးကြဲတိုက်ခိုက်ပြီးကေစက်သီနတ်တိနန့်လည်း ပစ်ခတ်ခကြောင်း သိရပါရေ။

အကြမ်းဖက် စစ်ကောင်စီ၏ တောင်ကုတ်မြို့နယ်ကို လီကြောင်းသုံးတိုက်ခိုက်မှုစွာ ပထမဆုံးအကြိမ်ဖြစ်ပြီးကေ၊ ဒေနိမာ တိုက်ပွဲဖြစ်ပွားစွာမဟိလို့လည်း ဒေသခံတချို့က ပြောကတ်ပါရေ။

ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ဒေနိ ထုတ်ပြန်ချက်မာတော့”ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင် ကျွန်းအနားဟိ လေးတောင်ဗွေကျွန်းအား ဒေနိ၊ ညဇာ(၃) နာရီကျော်ခန့်က စစ်ကောင်စီသည် ဂျက်ဖိုက်တာ တစီးဖြင့် လာ‌ရောက်ဗုံးကြဲတိုက်ခိုက်ခသည့်အပြင် စက်သီနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခသည်” လို့ ဖော်ပြထားပါရေ။

ရက္ခိုင်ပြည်မာ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိက စတင်ခရေ ရက္ခိုင့်တပ်တော် နန့် စစ်ကောင်စီရို့ကြား တကျော့ ပြန်တိုက်ပွဲတိစွာ စစ်အဟုန်မြင့်မားလာနီပြီးကေ ရက္ခိုင် တပြည်လုံးနီးပါးလွှမ်းခြုံဖြစ်ပွားလာနီရေပိုင် ရက္ခိုင့် တပ်တော်ကလည်း စစ်ကောင်စီ၏ တပ်စခန်း တခုပြီးတခု၊ တမြို့နယ်ပြီးတမြို့နယ် သိမ်းပိုက်လျက်ဟိကြောင်း သိဟိရပါရေ။

https://www.facebook.com/arakanprincessmedia1/posts/412179174540376

Leave a Reply

Your email address will not be published.