တိုင်းဗဟို (၉) တခုလုံးကို ရက္ခိုင့်တပ်တော် အပြီးသတ် သိမ်းပိုက်

By Arakan Princess Media / 2024 February    27

မင်းပြားမြိုနယ်၊ကမ်းနီရွာနားဟိ စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗဟို လိကျင့်ရီးသင်တန်းကျောင်း”(သို) “တပ်မ တော် တန်းမြင့် လိကျင့်ရီးသင်တန်းကျောင်း” တခုလုံးကို ရက္ခိုင့်တပ်တော်က၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ(၂၆) ရက် နိ၊ ညဇာ (၇) နာရီအချိန်ခန့်မာ အလုံးစုံ သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ထုတ်ပြန် ကြေညာပါရေ။

စစ်ကောင်စီ၏တိုင်းဗဟို(၉) သင်တန်းကျောင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နိ၊ မိုးထ (၁၀) နာရီ (၄၅) မိနစ်ကစလို ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်ခပြီး (၁၀)ရက်ခန့်အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခရစွာ ဖြစ်ပါရေ။

စစ်ကောင်စီစွာ လီကြောင်းက မရပ်မနားခုခံတိုက်ခိုက်နီခပိုင်၊ လက်နက်ကြီးပစ်ကူအမြောက်အမြားနန့် ခုခံပစ်ခတ်နီခကေလေ့ ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်အောက်မာ (၁၀)ရက်အတွင်း တိုင်းဗဟို(၉)ကို လက်လွှတ်ပီးခရပါရေ။

အဆိုပါ သင်တန်းကျောင်းအတွင်းက ရန်သူ့အလောင်း၊ စစ်လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိခရေလို သိရပါရေ။

ယင်းအပြင်တိုင်းဗဟို(၉)သိမ်းပိုက်ရဟိရီးတိုက်ပွဲအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခကတ်သူတိနန့်အသက် စွန့်လွှတ်ခရသူတိ အားလုံးကို  လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ရက္ခိုင့်တပ်တော်က ဆိုပါရေ။

အယင်ရက်တိကပင် ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်နီခရေ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော မြိုရိုဟိ စစ်ကောင်စီတပ်စခန်းတိကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ဖိုအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နီရေလို သိရပါရေ။

အကြမ်းဖက်စစ်ကောင်စီစွာ ရက္ခိုင်ဒေသ စစ်မျက်နှာမာ ၎င်းရို၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဖက်၊ ရဲဖက်စခန်းများစွာနန့်တမြိုပြီးတမြိုကို လက်လွှတ် ဆုံးယှုးနီရရေအတွက် ယှုးမဲမဲပနာ မြို၊ရွာတိမာ အရပ်သားပြည်သူလူထုတိနန့် နီအိမ်၊ ဆီးရုံ၊ စာသင်ကျောင်း၊တိုက်တာ အဆောက်အအုံတိကို ပစ်မှတ်ထား တိုက်ခိုက်ပြီးကေ စစ်ရာဇဝတ်မှုတိကို လက်ရဲဇက်ရဲ ကျူးလွန်လျက်ဟိရေလိုလည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်ထဲမာ ဖော်ပြထားပါရေ။

https://www.facebook.com/arakanprincessmedia1/posts/422849613473332

Leave a Reply

Your email address will not be published.