စစ်ကောင်စီက လက်နက်ကြီး၊ လီကြောင်းနန့်ပါ အပြင်း အထန် ခုခံကာကွယ်နီရ
By Arakan Princess Media / 2024 February 1
ဒေနိ၊ဖေဖော်ဝါရီ ၁ ရက်နိ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်တန်းထားနားမာ တပ်စွဲထားရေ စစ်ကောင်စီတပ်စခန်းနန့် ရက္ခိုင့်တပ်တော်ရို့အကြား တိုက်ပွဲထပ်မံဖြစ်ပွားခရေလို့ ညီနောင်မဟာမိတ်(၃)ဖွဲ့၏ စစ်သတင်းထုတ်ပြန်ချက်မာ ထည့်သွင်း ဖော်ပြထားပါရေ။
ညီနောင်(၃)ဖွဲ့၏ ထုတ်ပြန်ချက်အတွင်း “ရက္ခိုင်ပြည်၊ဘူးသီးတောင်မြို့နယ်၊စိုင်းဒင်တံတားအနား၌ တပ်စွဲအခြီချ ထားသည့် စစ်ကောင်စီတပ်စခန်းနန့် ရက္ခိုင့် တပ်တော်ရို့ကြား ဒေနိတွင်လည်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ထပ်မံဖြစ် ပွားခသည်”လို့ ဖော်ပြပါရေ။
တိုက်ပွဲအတွင်း စစ်ကောင်စီစွာ ဘူးသီးတောင် အခြီစိုက် တပ်ရင်းကနီ လက်နက်ကြီးပစ်ကူတိအပြင်ဂျက်ဖိုက်တာတိနန့်ပါ လီကြောင်းပစ်ကူ အမြောက် အမြား အသုံးပြုပနာ ခုခံကာကွယ်နီခရေလို့ သိရပါရေ။
ကုန်ခရေ ဂျန်နဝါရီ ၂၉ ရက်နိကလည်း ယင်းစိုင်းဒင်တန်းထားနားမာတပ်စွဲထားရေ စစ်ကောင်စီတပ်နန့် ရက္ခိုင့်တပ်တော်ရို့ကြား တိုက်ပွဲတိ ဖြစ်ပွားခပါသိမ့်ရေ။
ဒေနိ ရက္ခိုင်ပြည်အတွင်း ဘူးသီးတောင်အပြင် မင်းပြား၊မြောက်ဦး၊ကျောက်တော်၊ရသေ့တောင်၊ရမ်းဗြဲ၊ ကျောက် ဖြူမြို့နယ်ရို့မာလည်းစစ်ကောင်စီနန့် ရက္ခိုင့်တပ်တော်ရို့ကြား ထိတွိတိုက်ပွဲတိ ဆက်လ က် ဖြစ်ပွားနီခပါရေ။
တဝက်တပျက်ကျန်နီရေ စစ်ကောင်စီ၏ တပ်စခန်းအချို့ ကိုရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရယူဖို့ထိုးစစ် ဆင် တိုက်ခိုက်လျက်ဟိရေလို့လည်း ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော် ပြထားပါရေ။
https://www.facebook.com/arakanprincessmedia1/posts/408058668285760