စစ်အာဏာရှင်စနစ်အားတော်လှန်ရာတွင် ယခုတစ်ကြိမ်သည် တော်လှန်ရေးအရှိန်အမြင့်ဆုံးနှင့် မျှော်လင့်ချက်အရှိဆုံးသောကာလဖြစ်သည်ဟု (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ပေးပို့သော သဝဏ်လွှာတွင်ဖော်ပြ

By Narinjara / 2024 February     5

စစ်အာဏာရှင်စနစ်အားတော်လှန်ရာတွင် ယခုတစ်ကြိမ်သည် တော်လှန်ရေးအရှိန်အမြင့်ဆုံးနှင့် မျှော်လင့်ချက်အရှိဆုံးသောကာလဖြစ်သည်ဟု (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ် (၃)ဖွဲ့  (MNTJP/MNDAA၊ PSLF/TNLA နှင့် ULA/AA) မှ ပေးပို့သော သဝဏ်လွှာတွင်ဖော်ပြထားသည်။

သဝဏ်လွှာအထဲတွင် “ ဗမာလူမျိုးကြီးဝါဒအား ဗမာလူမျိုးများသည်ပင်လျှင် တော်လှန် တိုက်ပွဲ ဝင်နေကြသည့် အချိန်ကာလသို့ ရောက်ရှိလာကာ ဖက်ဆစ်အကြမ်းဖက် စစ်အာဏာရှင် စနစ်အား တော်လှန်ကြသည့်ကာလမှာ ယခုတစ်ကြိမ်သည် တော်လှန်ရေးအရှိန်အမြင့်ဆုံးနှင့် တော်လှန်ရေးအဖွဲ့အစည်းများအတွက် မျှော်လင့်ချက်အရှိဆုံးသောကာလ ဖြစ်သည်”ဟု ဖော်ပြထားသည်။

မိမိတို့နှင့် ဘဝတူတော်လှန်ရေးအဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည်လည်း ကချင်လူမျိုးများအတွက် ဦးဆောင်တိုက်ပွဲဝင်နေသော တော်လှန်ရေးအဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့ဆိုလျှင် ကချင်တော်လှန်ရေး (၆၃) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) စတင်ဖွဲ့စည်းသည့်အချိန်မှ ယနေ့အထိ တော်လှန်ရေးကာလအတွင်း အသက်၊ ဘဝ၊ ခန္ဓာပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြသော ကချင့်အာဇာနည်၊ ကချင့်သူရဲကောင်းများကို ဦးညွှတ်အလေးပြုအပ်ပါကြောင်း၊ ကချင်ပြည်သူ လူထုတစ်ရပ်လုံးမှ လိုလားသော နိုင်ငံရေး ရည်မှန်းချက်၊ KIO/KIA ရည်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အမြန်ဆုံး ပြည့်ဝပါစေကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့မှ လေးနက်စွာ ဆုတောင်းပေးရင်း ယနေ့ကျရောက်သော (၆၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုပြီး ဤသဝဏ်လွှာအား ပေးပို့အပ်ပါကြောင်း စသဖြင့် ဖော်ပြထားသည်။

https://www.facebook.com/narinjara.info/posts/789753946525070

Leave a Reply

Your email address will not be published.