By Narinjara / 2024 February 29
ဒီကနေ့ မနက်ပိုင်းက စစ်တွေမြို့မ စျေးကြီးမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ လူထိခိုက်သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရသူ ဦးခိုင်သုခကို အင်တာဗျူးမေးမြန်းရာမှာ အပြစ်မဲ့ပြည်သူတွေရှိတဲ့ ဈေးထဲကို စစ်ကောင်စီတပ်ဟာ တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ အရှေ့တောင်အာရှက စစ်တပ်တွေအထဲမှာ အဆိုးရွားဆုံး အကြမ်းဖက်စစ်တပ်အဖွဲ့ဖြစ်နေပြီလို့ ဦးခိုင်သုခ ပြောဆိုလိုက်ပါတယ်။
အင်တာဗျူးအပြည့်အစုံကို ရုပ်သံမှာ ကြည့်ရှုနားဆင်နိုင်ပါပြီ။