By Narinjara / 2024 February 13
ရက္ခိုင့်တပ်တော်ဟာ ကျောက်တော်မြို့ကို ဖေဖော်ဝါရီလ ၇ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီလို မြို့သိမ်းတိုက်ပွဲဖော်ဆောင်ချိန်မှာ ဒေခံတွေ သေဆုံးမှုတွေရှိသလို ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိခဲ့ပါတယ်။ တစ်ချို့ဆိုရင် တိုက်ပွဲကာလအတွင်း စစ်ဘေးရှောင်နေရသူတွေရှိသလို ပိုက်ဆံမရှိတဲ့ သူတစ်ချို့ဟာ ထွက်ပြေးတိမ်းရှောင်မှုတွေမလုပ်နိုင်ဘဲ ကျောက်တော်မြို့တွင်းမှာပဲ ကြံ့ကြံ့ခံပြီး နေထိုင်ရသူတွေလည်းရှိနေပါတယ်။
အဲဒီအထဲက ထွက်ပြေးတိမ်းရှောင်တာမလုပ်ဘဲ ကျောက်တော်မြို့တိုက်ပွဲအတွင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မစောအေးကြည်ကို နိရဉ္စရာ သတင်းဌာနက အကြီးတန်းသတင်းထောက် မအေးမြတ်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။ အပြည့်အစုံကို ရုပ်သံမှာ နားဆင်နိုင်ပါတယ်။