By Border News Agency / 2024 January 16
ရသေ့တောင်မြို့နယ်က စခန်းစွန့်ထွက်ပြေးလာကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီလ ၁၅ ရက်၊မနေ့ညနေ့ကစတင်ပြီး မြို့အနီးရှိတပ်တွေမှာပူးပေါင်းနေကြပြီလို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရသေ့တောင်မြို့ နယ်၊ရေစိုးချောင်းဗျူဟာနဲ့ထီးစွဲ၊မညှင်းတောင်စတဲ့နေရာတွေကနေစခန်းစွန့်ထွက်ပြေးလာကြသူတွေဖြစ်ပြီး ပြိန်းတောကျေးရွာအနီးဆိပ်ကမ်းကနေဇန်န ဝါရီလ ၁၅ ရက်၊မနေ့ကညနေမှာစစ်ကောင်စီတပ်ရဲ့ကမ်းထိုးရေယာဥ်လေးစီးနဲ့သွားရောက်ယူဆောင်ခဲ့
တာလို့ ဆိုကြပါတယ်။
”ခုတော့မြို့နားကစခန်းတွေမှာပူးပေါင်းနေကြပါတ ယ်။တပ်မ ၂၂ ကလည်းပါပါတယ်။ဒီကတပ်ရင်းတွေမှာလည်းအင်အားနည်းနေတော့အင်အားထပ်ဖြည့်သလိုဖြစ်သွားတာပေါ့။နောက်ပိုင်ဘာတွေဆက်ဖြစ်မလဲတော့မသိသေးဘူး။”လို့ ရသေ့တောင်မြို့န ယ်၊ခနှောင်းကြီးကွင်းရှိအမှတ်( ၅၃၇ )ခြေမြန်တပ်ရင်းမှစစ်ကောင်စီတပ်အရာရှိတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီရသေ့တောင်မြို့နယ်၊ခနှောင်းကြီးကွင်းမှာ အမှ တ်(၅၃၆ )ခြေမြန်တပ်ရင်း၊အမှတ်( ၅၃၇ )ခြေမြန် တပ်ရင်း၊ငတောက်တူချေကွင်းမှာအမှတ်( ၅၃၈ ) ခြေမြန်တပ်ရင်းနဲ့ရသေ့တောင်မြို့မရဲစခန်းတို့သာ မြို့စောင့်တပ်အဖြစ်ကျန်နေပြီလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇စစ်ဆင်ရေး” အဖြစ် ရခိုင်မှာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ ၁၃ ရက်နေ့စတင်ခဲ့ပြီး အငူမော်-မောင်တောကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်အထိုင်စခန်းကို ရက္ခိုင့်တပ်တော် (AA)မှ တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ပါတယ်။
အဲဒီနေ့ကစတင်ပြီး ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကော င်စီတပ်တို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီးရသေ့တောင်မြို့နယ်၊မယူကမ်းရှိ စေတီပြင်နယ်ခြားစော င့်စခန်း၊ကျောက်ပန္ဒူ-စေတီပြင်တောင်ကျော်လမ်းရှိအထိုင်စခန်းနဲ့ကျောက်ပန္ဒူ-စေတီပြင်တောင်ကျော်လမ်းရှိစေတီကုန်းအထိုင်စခန်းဟာ ဇန်နဝါရီလ ၁၄ ရက်နေ့၊မနက်၁နာရီကျော်အချိန်ခန့်က ဆုတ်ခွာထွ က်ပြေးသွားကြတယ်လို့ မယူကမ်းဒေသခံတွေက အတည်ပြုပြောကြပါတယ်။
အဲဒီနောက်ရသေ့တောင်မြို့နယ်ရှိရေစိုးချောင်းဗျူ ဟာလည်း ဇန်နဝါရီလ ၁၅ရက်နေ့ညမှာစွန့်ခွာထွက် ပြေးလာကြပြီးထီးစွဲ၊မညှင်းတောင်စတဲ့နေရာတွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းကာစစ်ကော င်စီတပ်ကမ်းထိုးရေယာဥ်နဲ့မယူမြစ်အတိုင်းဆင်းပြေးလာကြတာလို့ ဆိုကြပါတယ်။
”ဒီကတပ်ရင်းတွေမှာကအင်အားမရှိတော့သလိုရခိုင်တွေကလည်းလက်နက်ချမယ်သူတွေများနေပါတ ယ်။မိသားစုတွေကလည်းမတိုက်ချင်ကြတော့ပါဘူး ။ခုတော့တပ်မ ၂၂ ကအင်အားတွေလည်းထပ်ရော က်နေတော့နည်းနည်းများသွားတာပေါ့။”လို့ ရသေ့တောင်မြို့နယ်၊ငတောက်တူချေကွင်းမှာ အမှတ်( ၅ ၃၈ )ခြေမြန်တပ်ရင်းမှစစ်ကောင် စီတပ်အရာရှိတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီရသေ့တောင်မြို့အနီးရှိ ခြေမြန်တပ်ရင်းသုံးရင်းပေါင်းပြီးစစ်သည်အင်အားနှစ်ရာခန့်သာရှိနေပြီးနော က်ထပ်အင်အားနှစ်ရာခန့်ထပ်မံပူပေါင်းနေတာမို့ တ ပ်ရင်းသုံးရင်းကိုအင်အားလေးရာနီးပါးနဲ့ခုခံတိုက်ခို က်ဖို့ပြင်ဆင်ထားပြီး မယူမြစ်ထဲမှာလည်းစစ်ကောင် စီတပ်ရဲ့ကမ်းထိုးရေယာဥ်ငါးစီထိပစ်ကူပေးဖို့ အဆ င်သင့်ပြင်ဆင်ထားတယ်လို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
အဲဒီရသေ့တောင်မြို့နယ်ရှိအငူမော်-မောင်တောကားလမ်းပေါ်မှစစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နဲ့ချိန်ခါချိန်စခန်းတွေကို ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကတည်းကရက္ခိုင့်တပ်တော်(AA)မှအပြီးသတ်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။
အဲဒီအငူမော်-မောင်တောကားလမ်းမှာ ကိုးတန်ကော က်စခန်းတစ်ခုသာကျန်ကာ တောင်ဦးစေတီမှာတပ်စွဲနေထိုင်ကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အငူမော်စခန်းလည်းပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတတိယအပတ်ကတည်းကစခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြတာလို့ ဒေသခံတွေက ဆိုကြပါတယ်။
ရခိုင်ရှိ စစ်ကောင်စီစခန်းတစ်ခုမကျန် ရက္ခိုင့်တပ်တော်(AA)မှ အပြတ်ချေမှုန်းတိုက်ခိုက်သွားမယ်လို့ ဇန်နဝါရီလ ၃ရက်နေ့က ညီနောင်မဟာမိတ်သုံးဖွဲ့မှထုတ်ပြန်ထားပြီး ရခိုင်ရှိစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ “မသေချင်ရင်အလံဖြူထောင်ကြ”လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးထားပါတယ်။
(ဓာတ်ပုံ-ရသေ့တောင်မြို့နယ်၊ခနှောင်းကြီးကွင်းရှိအမှတ်( ၅၃၇ )ခြေမြန်တပ်ရင်းအနီး၊မယူမြစ်ကမ်းမှာကမ်းထိုးရေယာဥ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မ်းသို့ပေါ်သို့တက်နေကြပုံ/ပေးပို့)
https://www.facebook.com/bordernewsagency/posts/396908779523959