By Border News Agency / 2024 January 16
ရခိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းလက်နက် ချမယ့်အဖွဲ့နဲ့လက်နက်မချမယ့်အဖွဲ့ဆိုပြီးအုပ်စုတွေကွဲကာ အချင်းချင်းတင်းမာမှုတွေဖြစ်နေကြတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။
အဲဒီအထဲမှာ ရခိုင်လူမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်အ များစုကလက်နက်ကျပြီး မိသားစုနဲ့အေးအေးချမ်းချမ်းနေတော့မယ်လို့ဆိုကြပေမယ့်အထက်အရာရှိအများစုက လက်နက်ချမယ့်ကိစ္စကိုသဘောမတူကြသလိုဖုန်းတွေကအစသိမ်းထားပြီးအကြပ်ကိုင်ခြိမ်း ခြောက်ထားတာမို့ အချင်းချင်းတင်မာမှုတွေဖြစ်နေကြတယ်လို့ ဆိုကြပါတယ်။
”ကျနော်တို့ကလက်နက်ကျပြီးအေးအေးချမ်းချမ်းနေချင်ပါပြီ။ဒါပေမယ့် အထက်အရာရှိတွေကလုံးဝသဘောမတူကြပါဘူး။အဓိကတော့အကြီးဆုံးသူ
တွေပေါ့။နောက်ပြီးဒကစနဲ့နီးတော့ပိုဆိုးတာပေါ့။ခုတော့အချင်းချင်းအုပ်စုတွေကွဲနေကြပြီ။အချင်းချ င်းမယုံကြည်ကြတော့ဘူး။တင်းမာနေကြပြီ။ဘ ယ်အချိန်၊ဘယ်သူကထပစ်သတ်မလဲပေါ့။”လို့ စစ်တွေမြို့နယ်၊ပါတလိပ်ကျေးရွာအနီးရှိ စစ်လက်နက်ပစ္စ ည်းတပ်မှရခိုင်လူမျိုးအရာရှိတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီစစ်လက်နက်ပစ္စည်းတပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ ရခိုင်လူ မျိုးတွေများတာမို့စစ်ကောင် စီတပ်အ ရာရှိတွေကမယုံကြည့်တော့တဲ့အခြေအနေဖြစ်တာပြီးအဲဒီတပ်ရင်းရှိလက်နက်ခဲယမ်းတွေကိုဇန်နဝါရီလ ၁၅ ရက်၊မနေ့က၊နေ့လည်မှာ စစ်တွေမြို့နယ်ရှိပြည်နယ်လွှတ်တော်အဆောက်အဦးသို့
ပြောင်းထားလိုက်ပြီလို့ စစ်လက်နက်ပစ္စည်းတပ်က အတည်ပြုပြောပါတယ်။
အဲဒီအပြင် အဲဒီတပ်တွေကမိသားစုဝင်အားလုံးကိုလည်း ဓာစာခံအဖြစ်ဖမ်းဆီးထားသလိုမျိုးစစ်တွေ၊ဒေသကွပ်ကဲမှုစစ်ဌာနချုပ်သို့ခေါ်ဆောင်သွားပြီးလူ
သားဒိုင်းကာအဖြစ်ပြုလုပ်ထားတယ်လို့ ဒေသကွပ် ကဲမှုစစ်ဌာနချုပ်(စစ်တွေ)မှစစ်ကောင်စီအသိုင်းအ ဝိုင်းက ဆိုကြပါတယ်။
ရခိုင်မှာစစ်ကောင်စီတပ်ရဲ့လက်နက်ကိုင်တွေကြားထဲမှာ ရခိုင်လူမျိုးတွေအပါအဝင်ဒေသခံအများစုက လက်နက်ကျမယ်လို့တင်ပြကြပေမယ့်အထက်အရာ ရှိတွေ၊ဗမာလူမျိုးအများစုက လက်နက်မချကြဖို့ဖိအားပေးခြိမ်းခြောက်မှုတွေရှိနေကြပြီးဖုန်းတွေကအစသိမ်းယူထားသလိုမိသားစုဝင်အားလုံးကိုလည်း
ပြင်ပကမိသားစုဝင်တွေနဲ့ဆက်သွယ်ခွင့်မပေးကြတော့ဘူးလို့ စစ်ကောင်စီအသိုင်းအဝိုင်းက ဆိုကြပါတယ်။
”ကျနော်တို့တပ်ရင်းမှာလည်းရခိုင်တွေအကုန်လုံးနီးပါကလက်နက်ချချင်ကြတယ်။ဒါပေမယ့်အထက်အရာရှိတွေကလက်နက်မချဖို့ဖိအားပေးနေတယ်။မိသားစုဝင်တွေကိုပါအကြပ်ကိုင်ထားတာပါ။ခုကဖုန်းတွေကအစသိမ်းထားတာပါ။ခုတော့အချင်းချ င်းအုပ်စုတွေကွဲနေကြပြီ”လို့ ရသေ့တောင်မြို့နယ်ရှိ
အမှတ်( ၅၃၈ )ခြေမြန်တပ်ရင်းမှရခိုင်လူမျိုးအရာရှိတစ်ဦးက Border News Agency သို့ပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇စစ်ဆင်ရေး” အဖြစ် ရခိုင်မှာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ ၁၃ ရက်နေ့စတင်ခဲ့ပြီး အငူမော်-မောင်တောကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်အထိုင်စခန်းကို ရက္ခိုင့်တပ်တော် (AA)မှ တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ပါတ ယ်။
အဲဒီနေ့ကစတင်ပြီး ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကော င်စီတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြကာ စစ်ကောင်စီတပ်ရဲ့ဗျူဟာတွေအပါအဝင်တ ပ်စခန်းပေါင်း ၁၅၀ ကျော်ကို ရက္ခိုင့်တပ်တော်(AA) က သိမ်းပိုက်ထားပြီးလို့ ထုတ်ပြန်ပါတယ်။
စစ်တွေမြို့နယ်၊ရွှေမင်းဂံရှိ စစ်ကောင်စီတပ်ရဲ့အမှ တ် ၃ ရေတပ်ဗျူဟာမှာ ဇန်နဝါရီလ ၁၀ရက်နေ့ညနေ့ပိုင်းက၊အချင်းချင်းတင်းမာမှုတွေဖြစ်ပြီးစစ်ကောင်စီရေတပ်အရာရှိတစ်ဦးက စစ်ကောင်စီရေတ ပ်စစ်သည်တစ်ဦးကို ပစ်သတ်မှုဖြစ်ခဲ့တယ်လို့ စစ်ကောင်စီရေတပ်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။
ရခိုင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ”မ သေချင်ရင်အ လံဖြူထောင်ကြဖို့”ရက္ခိုင့်တပ်တော်(AA)ရဲ့တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဇန်နဝါရီလ ၁၅ ရက်နေ့က သူ့တွစ်တာလူမှုကွန်ရက်မှသတိပေးထားပါတယ်။
ရခိုင်မှာစစ်ကောင်စီတပ်ရဲ့ကျောက်တော်မြို့နယ်ရှိတောင်ရှည်တောင်ဗျူ ဟာမှစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀၀ခန့်အပါအဝင်စစ်ကောင်စီတပ်ရဲ့လ က်နက်ကိုင်အဖွဲ့ဝင် ၅၀၀ ခန့်ထိ ရက္ခိုင့်တပ်တော် (AA)ဆီမှာ လက်နက်ကျအညံ့ခံထားရပြီလို့ ဆိုပါတယ်။
https://www.facebook.com/bordernewsagency/posts/396864366195067