ရခိုင်ပင်လယ်ပြင်ကို စစ်ကောင်စီတပ်က ဘာကြောင့် အင်အားအများဆုံးနဲ့ပိတ်ဆို့ခုခံနေတာလဲ

By Border News Agency / 2024 January   11

ရခိုင်စစ်ပွဲကြားက ရေလုပ်ငန်းရခိုင်မှာ ၂၀၁၄ ခုနှစ်ကစတင်ကာ တိုက်ပွဲတွေဖြစ် ပွားခဲ့ပေမယ့် အရင်တိုက်ပွဲအားလုံးနီးပါးဟာ နယ် စပ်ဒေသတွေ၊တောင်တန်းဒေသတွေမှာသာဖြစ်ပွားခဲ့ပေမယ့် ရခိုင်စစ်ပွဲကိုအဆုံးအဖြတ်ပေးမယ့် ‘’၁၀၂ ၇ စစ်ဆင်ရေး’’မှာတော့ ရေလုပ်ငန်းတွေ အဓိကလုပ် ကိုင်တဲ့ ပင်လယ်ကမ်းခြေထိရောက်ရှိလာတယ်လို့ ရခိုင်ပြည်သူတွေနဲ့ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာ သူတွေက ဆိုကြပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ ၁၃ ရက်က ဘင်္ဂလာပင်လယ်အော်နဲ့မယူမြစ်ဝကြားဆုံရာအရေးပါတဲ့ရသေ့တောင်မြို့နယ်ရှိ ပင်လယ်ကမ်းခြေအနီး၊စခ န်းသိမ်းတိုက်ပွဲတွေစတင်ခဲ့တယ်လို့ ဆိုကြပါတယ်။

အဲဒီနောက်တပတ်ခန့်အကြာ ရခိုင်ပြည်နေရာအများစုကိုရေကြောင်းသွားလာလို့ရတဲ့ဘင်္ဂလာပင်လယ် အော်ဝနဲ့ကုလားတန်မြစ်တို့ဆုံရာပေါက်တောမြို့ပေါ် မှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားလာခဲ့တယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ရခိုင်ပြည်ကအကြီးဆုံးကျွန်းဖြစ်သလို ရွှေသဘာဝ ဓာတ်ငွေ့စတင်ရာ ရမ်းဗြဲကျွန်းပေါ်မှာပထမဆုံးအ ကြိမ်နှစ်ဘက်ထိတွေ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွား ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေမဖြစ်ခင်ကတည်းကအာဏာသိမ်းစစ်ကောင်စီဟာ ရမ်းဗြဲကျွန်းပေါ်နေ ပြည်သူလူထုကို မတရားဖမ်းဆီးတာ၊အသွားအလာပိတ်ဆို့တာ၊ ငါးဖမ်းခွင့်တားမြစ်တာတွေလုပ်ပြီးပြည်သူလူထုကို ဒုက္ခပေးနေခဲ့တာလို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီရမ်းဗြဲမြို့အနီးမှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ရက္ခိုင့်တပ်တော်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်မှနေဗီတွေ၊တိုက်လေယာဥ်တွေ၊လက်နက်ကြီးတွေနဲ့ပါပစ် ခတ်သလို ရမ်းဗြဲမြို့ပေါ်ကို တိုက်လေယာဉ်တွေနဲ့ပါ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအပြင် ရေလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြတဲ့ ကျောက်ဖြူမြို့နယ်မှာလည်း ငါးဖမ်းဆီးခွင့်ကို စစ်ကောင်စီက တရားဝင်စာထုတ်တားမြစ်ထားပြီး ရေ လုပ်သားတွေအပါအဝင် ဒေသခံပြည်သူတွေကို ပင်လယ်ကမ်းစပ်သို့သွား လာခွင့်ထိတားမြစ်ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

တရုတ်ရင်းနှီးမြုပ်နှံ့မှုစီမံကိန်းတွေရှိတဲ့ကျောက်ဖြူမြို့နယ်မှာရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ၂၂ ရက်နေ့မှာထိတွေ့တို က်ပွဲဖြစ်ပွားခဲ့သလို တရုတ်စီမံကိန်းရှိရာကျောက် ဖြူမြို့နယ်၊သစ်ပုတ်တောင်‌ကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ဓညဝတီရေတပ်စခန်းဌာနချုပ်ကို ဇန်နဝါ ရီလ ၈ ရက်နေ့က နံနက် ၆နာရီအချိန်ခန့်မှာ ရက္ခိုင့် တပ်တော်(AA)က ပထမဆုံးအကြိမ်စတင်တိုက်ခို က်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီလိုပင်လယ်ကမ်းခြေထိရောက်ရှိနေတဲ့ရခိုင်စစ် ပွဲတွေကြောင့် ချောင်း၊မြစ်၊ပင်လယ်ပြင်တွေကို အဓိ ကထားလုပ်ကိုင်ရှာဖွေနေကြရတဲ့ရခိုင်ရေလုပ်ငန်းတခုလုံးဟာ ဘာမှလုပ်ကိုင်လို့မရ အောင်ရပ်တန့်သွားခဲ့ရတယ်လို့ ရခိုင်ရေလုပ်ငန်းရှင်တွေနဲ့ရေလုပ် သားတွေက ဆိုကြပါတယ်။

ငါးဖမ်းရာသီ

ရခိုင်ကမ်းရိုးတန်းဟာအလျား ၄၄၃ မိုင် ရှည်လျားပြီး ရခိုင်ကမ်းရိုးတန်းတလျှောက် ငါးလုပ်ငန်းရေ ပြင်တွေအဖြ စ်ကမ်းခြေကနေဆယ်မိုင်အတွင်း က မ်းနီးငါးလုပ်ငန်းရေပြင်၊ဆယ်မိုင်ရဲ့အပြင်ဘက်ကနေ သီးသန့်စီးပွါးရေးဇုံအထိ ကမ်းဝေးငါးလုပ်ငန်းရေပြင်၊ကုန်းတွင်းပိုင်းမြစ်ချောင်းတွေမှာဆိုရင် ရေ ချိုငါးလုပ်ငန်းရေပြင်ဆိုပြီး ခွဲခြားသတ်မှတ်ထားတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနက ဆိုပါတယ်။

ရခိုင်မှာ မိုင်သုံးဆယ်ပတ်လည်(၉၀၀ စတုရန်းမိုင်) ရှိ ငါးဖမ်းကွက်ပေါင်းသုံးဆယ်ကွက်ရှိပြီး ကမ်းနီးငါးဖမ်းစက်တပ်ရေယာဉ်လေးထောင်ကျော်၊စက်မဲ့ရေ ယာဉ်ခြောက်ထောင်ခန့် စုစုပေါင်းရေယာဉ်တစ်သိန်းခန့်နဲ့ကမ်းဝေးငါးဖမ်းရေယာဉ်သုံးရာကျော်ဟာ ငါးဖမ်းဆီးတာကိုလုပ်ဆောင်နေကြတယ်လို့ မြန် မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ဆိုပါတယ်။

အဲဒီလိုငါးဖမ်းဆီးမှုတွေက တစ်နှစ်ငါးပုစွန်ပိဿာပေါင်းတစ်သိန်းခွဲခန့် ထုတ်လုပ်နေတယ်လို့လည်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ဆိုပါတယ်။

ရခိုင်မှာ ငါးဖမ်းရာသီဟာ အောက်တို ဘာလကစပြီး ဧပြီလမှာအဆုံးသတ်ကြသလိုခုလိုဒီဇင်ဘာ၊ဇန်နဝါ ရီလဟာ ငါးတွေဖမ်းဆီရမိတာအများဆုံးလရာသီတွေဖြစ်တယ်လို့ ရခိုင်ရေလုပ်ငန်းရှင်တွေနဲ့ရေလုပ် သားတွေက ဆိုကြပါတယ်။

ရခိုင်မှာ ငါးခြောက်လုပ်ငန်းကို သံတွဲ၊ ကျောက်ဖြူ၊စစ်တွေဒေသတွေမှာ အဓိကလုပ်ကိုင်ကြပြီး ရန်ကုန်အပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထိ တင်ပို့ကြရတယ်လို့လည်း ဆိုကြပါတယ်။
ရခိုင်မှာ ကမ်းနီး၊ကမ်းဝေးငါးဖမ်းလုပ် ငန်းရှိပေမယ့် ဒေသခံအများစုဟာ ကမ်းနီးငါးဖမ်းလုပ်ငန်းကိုသာလုပ်ကိုင်သူများပြီး ကမ်းနီးက ဖမ်းဆီးရရှိလာတဲ့ ငါးတွေကို ဒေသတွင်းစျေးကွက်မှာရောင်းချကြတာများတယ်လို့ ရခိုင်ရေလုပ်ငန်းရှင်တွေနဲ့ရေလုပ်သားတွေက ဆိုကြပါတယ်။

“ကျွန်တော်တို့ဆီက ငါးတွေကဒေသတွင်းမှာပဲ ရောင်းချကြတာပါ။ရန်ကုန်ပို့တယ်။စစ်တွေပို့တယ်။ငါး ခြောက်တွေကိုတော့ ဘင်္ဂလားဒေ့ရှ်ကိုတင်ပို့ခဲ့ရတာရှိတယ်။အဓိက ကမ်းနီးငါးဖမ်းလှေတွေသာ ဒေသခံတွေပိုင်ဆိုင်ကြတာပါ။”လို့ သံတွဲဒေသခံငါးဖမ်းလှေပိုင်ရှင်တစ်ဦးက Border News Agency သို့ပြောပါတယ်။

ရခိုင်က ဂွ၊သံတွဲ၊မာန်အောင်၊ရမ်းဗြဲ၊ကျောက်ဖြူ၊မြေပုံ၊ပေါက်တော၊စစ်တွေ၊မောင်တော၊ရသေ့တော င်မြို့နယ်တွေဟာ ပင်လယ်ကမ်းခြေနဲ့တိုက်ရိုက်ထိစပ်နေတဲ့အတွက် ကမ်းဝေး၊ကမ်းနီး၊ ရေချိုငါးလုပ် ငန်းမျိုးစုံတည်ရှိသလို ဘူးသီးတောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊အမ်း၊တောင်ကုတ်မြို့နယ်တွေဟာ ရေချိုငါးလုပ်ငန်းအရင်းအမြစ်ဒေသဖြစ်တယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

ရခိုင်အခြေစိုက်ကမ်းဝေးငါးဖမ်းလုပ် ငန်းရှင်တွေ နည်းပါးနေသေးတာမို့ ရခိုင်ပင်လယ်ပြင်မှာ ရန်ကုန်အခြေစိုက်ကမ်းဝေးငါးဖမ်းသင်္ဘောတွေ လာရောက်ဖမ်းဆီးပြီး ရရှိတဲ့ငါးတွေကိုလည်း ရန်ကုန်အခြေစို က်အအေးခန်းစက်ရုံတွေကို တင်ပို့တာဖြစ်တယ်လို့ ရခိုင်ရေလုပ်ငန်းရှင်တွေနဲ့ရေလုပ်သားတွေက ဆိုကြပါတယ်။

ငါးပုစွန်ထုတ်လုပ်နိုင်မှု

ရခိုင်ပြည်အတွက်ဒုတိယအများဆုံးဝင်ငွေရှာပေးတဲ့စီးပွားရေးဟာ ရေလုပ် ငန်းဖြစ်ပြီး၊ပြီးခဲ့တဲ့ ၂၀၁၆ -၂၀၁၇ခုနှစ်မှာ ရခိုင်ပြည်က ငါးပုစွန်ပိသာပေါင်းတ စ်သိန်းခုနစ်သောင်းနီးပါး ထုတ်လုပ်နိုင်ခဲ့ကာမွေးမြူ ရေးနဲ့ ရေလုပ်ငန်းကဏ္ဍက ငွေကျပ်သန်းပေါင်းနှစ်သိန်းငါးသောင်းနီးပါးရရှိခဲ့တယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ပြည်နယ်ရဲ့ဂျီဒီပီမှာ ၁၁ ဒသမ ၈၂ ရာ ခိုင်နှုန်းထိပါဝင်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့်ရခိုင်ပြည် နယ်အစိုးရအဖွဲ့က ဦးစီးဆောင်ရွက်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ၂၀၀၉ ခုနှစ်ကထုတ်ဝေတဲ့ ရခိုင်ပြည်ရင်းနှီးမြှုပ်နှံမှုအခွင့်အ လမ်းစစ်တမ်းသုတေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရခိုင်မှာ ငါးဖမ်းဆီးတာအပြင် ရေငန်ပုစွန်မွေးမြူ ရေးလုပ်ငန်းဟာလည်း ရခိုင်ပြည်ရဲ့ဝင်ငွေရလုပ်ငန်းတစ်ခုဖြစ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

ရခိုင်မှာ ရေငန်ပုစွန်မွေးမြူရေးဧကတစ်သိန်းတစ်သောင်းကျော်ရှိပြီးတစ်နှစ်မှာ ရေငန်ပုစွန်တန်ချိန် ငါးထောင်ခန့်ထု တ်လုပ်နေတယ်လို့လည်း ရခိုင်ပြ ည်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းစစ်တမ်းသုတေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒါကြောင့် ရခိုင်မှာ ဒေသစားသုံးမှုထက်ပိုနေတာမို့ ရန်ကုန်အပါအဝင်တခြားဒေသတွေသာမကဘဲ တဖက်ဘင်္ဂလားဒေ့ခ်ျနိုင်ငံကိုပါ ပြည်ပပို့ကုန်အဖြ စ်တင်ပို့နိုင်တယ်လို့ ဆိုကြပါတယ်။အဲဒီလိုတင်ပို့နေတာမို့ တစ်နှစ်မှာနိုင်ငံ ခြားဝင်ငွေပို့ကုန်တန်ဖိုးအမေရိကန်ဒေါ် လာငါးသန်းကနေ ဆယ်သန်းထိ ရရှိတယ်လို့လည်း သုတေသနစာတမ်းတွေက ဆိုပါတယ်။

ဒါပေမယ့် အာဏာသိမ်းစစ်တပ်ကတော့ ရခိုင်စစ်ပွဲကိုအကြောင်းပြပြီး ရခိုင်ပြည်သူလူထုတရပ်လုံးကိုပင်လယ်ပြင်ထွက်ပြီးငါးဖမ်းဆီးခွင့်တွေသာမ ကဘဲ ရေလုပ်သားတွေ၊ငါးလုပ်ငန်းရှင်တွေကိုပါ မတရားဖမ်းဆီးတာတွေပြု လုပ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

“တိုက်ပွဲက ကျနော်တို့ဆီမှာ မဖြစ်သေးပေမယ့် ရေ လုပ်သားတွေ ဖမ်းဆီးခံနေရတယ်။လုပ်ငန်းရှင်တွေကျီးလန့်စာစားနေရတဲ့ဘဝ ဖြစ်နေတယ်။အလုပ်အ ကိုင်တွေအားလုံး ရပ်ဆိုင်နေပြီ။လူတွေက ဝမ်းရေးအတွက်၊အသက်ရှင်ရပ်တည်ရေးအတွက်ကလွဲပြီး ဘာမှမစဉ်းစားနိုင်တော့တဲ့အခြေအနေဖြစ်နေပြီ။” လို့ သံတွဲကမ်းခြေမှ ငါးဖမ်းစက်လှေပိုင်ရှ င်တစ်ဦးက Border News Agency သို့ ပြောပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ ၁၃ ရ က်နေ့ကစတင်ပြီးခုဇန်နဝါရီလ ၁၁ရက် နေ့ထိစစ်ကောင်စီက မတ ရားဖမ်းဆီးထားတဲ့အပြစ်မဲ့ရခိုင်ပြည်သူငါးရာခန့်မှာ စစ်တွေမြို့နယ်က ရေလုပ်သားအများဆုံးပါဝင်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

ရခိုင်ပြည်သူတွေအတွက်ရေလုပ်ငန်း

ရခိုင်ပြည်ဟာ အလုပ်လက်မဲ့နှုန်းနဲ့နေ ရပ်စွန့်ခွာသူ အမြင့်ဆုံးဒေသတစ်ခုဖြစ်သလို အဲဒီလိုအလုပ်လ က်မဲ့နှုန်းမြင့်နေပေမယ့် ပြည်နယ်တခုလုံးရဲ့လူဦးရေ ၂ ၀ ရာခိုင်နှုန်းခန့်ဟာ ရေလုပ်ငန်း(သို့မ ဟုတ်)အဲဒီလုပ်ငန်းနဲ့ပတ်သတ်ဆက်နွယ်တဲ့လုပ်ငန်းတွေမှာ လုပ်ကိုင်သူတွေ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

ရခိုင်မှာ ငါးဖမ်းဆီးတဲ့ စက်လှေအရေအတွက် လေးထောင်ကျော်၊လှေ/သမ္ဗန် ခြောက်ထောင်နီးပါးရှိသ လို ကမ်းလွန်ငါးဖမ်းလုပ်ငန်းအတွက် ငါးဖမ်းရေယာ ဉ်စုစုပေါင်းသုံးရာကျော်ရှိတယ်လို့ ရခိုင်ပြည်ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်း စစ်တမ်းသုတေသန အစီရင် ခံစာမှာ ဖော်ပြပါရှိပါတယ်။

အဲဒီရေလုပ်သားတစ်ဦးရဲ့တစ်နှစ်ဝင် ငွေမှာ ကျပ်ဆယ့်ရှစ်သိန်းခန့်ရှိပြီးငါးဖမ်းဆီးတဲ့လုပ်ငန်းခွင်မှာ အ ချိန်ပြည့်ရေလုပ်သားသုံးသောင်းကျော်၊အချိန်ပိုင်းရေလုပ်သားလေးသောင်းကျော်ခန့်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီအပြင် ငါးမွေးမြူရေးရေလုပ်သား တစ်သောင်းကျော်နဲ့ရောင်းဝယ်စုဆောင်းပြုပြင်မွမ်မံရေလုပ် သားငါးထောင် ခန့်ရှိရာ စုစုပေါင်းရေလုပ်ငန်းလုပ် ကိုင်သူ တစ်သိန်းခန့်ရှိပြီးရေလုပ်ငန်းနှင့်ဆက်နွယ် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ သုံးသောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်မှာ ငါးဖမ်းလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်တဲ့ သံတွဲကမ်းခြေဟာရွှေ့ပြောင်းလုပ်သားတွေ အ များအပြား လာရောက်လုပ်ကိုင်တဲ့ဒေသဖြစ်တယ်လို့သံတွဲဒေသခံတွေက ဆိုကြပါတယ်။

အဲဒီသံတွဲဒေသအတွက် ငါးလုပ်ငန်းရှင်တွေလိုအပ်တဲ့ ရေလုပ်သားအများအပြားဟာလည်း ရခိုင်ဒေသ ခံတွေဖြစ်သလို သံတွဲကမ်းခြေ၊ဂျိတ္တောရွာဟာ ရေ လုပ်ငန်းလုပ်ကိုင်သူအများစုရှိနေတဲ့ရွာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

ရခိုင်မှာ ငါးဖမ်းဆီးမှုကောင်းခဲ့တဲ့ အချိန်တုန်းက ရွှေ့ပြောင်းလုပ်သားတွေ နားခိုဝင်ငွေရရှိရာဒေသဖြ စ်ခဲ့ပေမယ့် ဒီနှစ်ပိုင်းမှာ ငါးဖမ်းဆီးရရှိမှုကျဆင်းလာတာ၊ငါးစျေးကောင်းမရတာ၊ငါးဖမ်းကိရိယာစျေးနှုန်း၊စက်သုံးဆီစျေးနှုန်းတွေ မြင့်တက်လာတာတွေကြောင့် လှေပိုင်ရှင်တွေ လုပ်ငန်းတိုးချဲ့နိုင်မှု မရှိတော့တဲ့အတွက် ငါးဖမ်းလုပ်ငန်းကို အမှီပြုနေရတဲ့ ရေလုပ်သားတွေရဲ့ မိသားစုစားဝတ်နေရေး၊ပညာရေး၊ကျန်း ယမာရေးစတဲ့အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေကြရတယ်လို့ ရေလုပ်သားတွေကဆိုကြပါတယ်။

“ငါးဖမ်းတဲ့လုပ်ငန်းက အရင်ကဆိုရင် ဝင်ငွေလည်း ပုံမှန်ရတယ်။အလုပ်လည်းမပြတ်ဘူးဆိုတော့ မိ သားစုစားဝတ်နေရေးအတွက် မပူခဲ့ရဘူး။အခုတော့ ပင်လယ်ထဲတောင် ဆင်းခွင့်မရှိဘူးလို့ အမိန့်ထုတ်တာဟာ ကျနော်တို့ ငါးဖမ်းသမားတွေကို အသေသ တ်တာနဲ့အတူတူပဲ။ဒီလိုအခြေအနေနဲ့ ဘယ်လိုဆက်သွားရမလဲဆိုတာတောင် စဉ်းစားမရဖြစ်နေပြီ။”လို့ ကျောက်ဖြူမြိူ့နယ်မှရေလုပ်သားတစ်ဦးဖြစ်တဲ့ကိုကျော်စိုးထွန်းက Border News Agency သို့ပြောပါတယ်။

ရခိုင်မှာရွှေ့ပြောင်းရေလုပ်သားတချို့ဟာ နေထိုင်စရာအိမ်ရာမရှိတာမို့ယာယီအဆောက်အဦးတွေမှာ နေထိုင်နေကြရပြီးကျန်းမာရေးအတွက်ရေရှည်သင့် လျော်မှုနဲ့ လုံခြုံမှုမရှိဘူးလို့ ၂၀၂၃ ခု စက်တင်ဘာမှာ ထုတ်ပြန်တဲ့ Citizen Action for Transparency Myanmar (CAfT)ကပြုစုတဲ့ ငပလီကမ်းခြေဒေသ ရေလုပ်သားများရဲ့စီးပွားရေးစိန်ခေါ်မှုများနဲ့ အခွင့် အလမ်းများသုတေသနစာတမ်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီအသက် ပင်လယ်ထွက်ပေါက်

ရခိုင်မှာ စစ်ကောင်စီတပ်ရဲ့နောက်ဆုံးခံစစ်အဖြစ် ကျောက်ဖြူမြို့နယ်ရှိဓညဝတီရေတပ်စခန်းဌာန ချုပ်လက်အောက်ခံကြေးတပ်ရေတပ်၊အမှတ်(၁၁) ရေတပ်ဆက်သွယ်ရေးတပ်၊အမှတ်(၁၂)ရေတပ်ပစ္စ ည်းထိန်းတပ်၊အမှတ်(၁၃)ရေတပ်အုပ်ချုပ်ရေးတပ်၊အမှတ်(၁၄)ရေတပ်လက်နက်ခဲယမ်းနှင့်မီးကျောက်မီးတပ်၊အမှတ် (၁၅)ရေတပ်စစ်မှုလက်မှုတပ်၊အမှတ် (၁၆)စစ်ရေယာဉ်စုတပ်တွေအပြင် စနဲမြို့မှာအမှ တ်(၁၈)ရေတပ်အခြေစိုက်စခန်း၊မာန်အောင်မှာအမှ တ်(၁၉)ရေတပ်ရှေ့တန်းစခန်းတွေကိုပါကွပ်ကဲအုပ် ချုပ်နေတယ်လို့ Border News Agency က စုံစမ်းသိရှိရပါတယ်။

အဲဒီဓညဝတီရေတပ်စခန်းဌာနချုပ်အောက်မှာရေ တပ်စစ်သင်္ဘောငယ်အစီးရေတစ်ဆယ်ကျော်ရှိပြီး ရေတပ်စစ်ဆင်ရေးတွေကို အဓိကကွပ်ကဲနေသလို ကုန်း၊ရေအင်အားတစ်ထောင်ကျော်ခန့်ရှိတယ်လို့ စစ်ကောင်စီရေတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

ရခိုင်မှာ စစ်ကောင်စီတပ်ရဲ့သီးခြားရေတပ်အနေနဲ့သံတွဲမြို့နယ်မှာ နယ်မြေခံရေတပ်ပင်မရေငုပ်နှင့်ဆ ယ်ယူရေတပ်ဟာ ရေတပ်သင်တန်းသားအင်းအားနှစ်ရာခန့်၊ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်စ ခန်းဌာနချုပ်နဲ့မနီးမဝေးပင် လယ်ပြင်ဝမှာ အမှတ် ၇၁ စစ်ရေယာဉ်စုရှိရေသလို ရေငုတ်သင်္ဘောကြီးကိုပါတွဲထားပြီး အဆင်သင့်ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီရေတပ်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။

အဲဒီအပြင် စစ်တွေမြို့၊ပွိုင့်ကမ်းခြေအနီးရှိ အမှတ် ၃ ရေတပ်ဗျူဟာကို အနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်အဖြစ်တိုးမြင့်လိုက်သလို ဗိုလ်ချုပ်အဆင့်အရာရှိတစ်ဦးကဦးဆောင်ကွပ်ကွဲနေပြီး အရာရှိအင် အားသုံးဆယ်၊ရေတပ်စစ်သည်အင်အားတစ်ရာ့သုံးဆယ်ဦးရှိနေတယ်လို့ Border News Agency က စုံစမ်းသိရှိရပါတယ်။

အဲဒီအမှတ် ၃ ရေတပ်ဗျူဟာကို စစ်တွေမြို့နယ်၊ရွှေမင်းဂံသို့ပြောင်းရွေ့တိုးဖွင့်လိုက်ပြီး စစ်ကောင်စီရဲ့ရေတပ်စစ်သည်အင်အားတစ်ရာကျော်က စစ်ရေယာဉ်ကြီးငယ် ၁၈ စီးနဲ့ရိက္ခာထောက်ပို့မှုတွေ၊စစ်သ ည်အင်အားသယ်ယူပို့ ဆောင်မှုတွေ၊စစ်ကူ၊ပစ်ကူပေးမှုတွေကို အဓိကပြုလုပ်နေတယ်လို့ စစ်ကောင်စီရေတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

‘’၁၀၂၇ စစ်ဆင်ရေး’’စတင်ပြီးနောက် ရခိုင်မှာ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ၁၃ ရက်နေ့ကစတင်ပြီး ရက္ခိုင့်တပ်တော်(AA)က တိုက် ခိုက်သိမ်းယူနေသလို ရခိုင်တပြည်လုံးရှိကုန်းလမ်းအားလုံးကို ရက္ခိုင့်တပ်တော်(AA)ကထိန်းချုပ်ထားတာမို့ စစ်ကောင်စီတပ်ဟာ ရေလမ်းကြောင်းအ တွ က်ရေတပ်ကိုသာအဓိကအားကိုနေရတယ်လို့ စစ်ကောင်စီရေတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီအပြင် ရခိုင်မှာ စစ်ကောင်စီတပ်ရဲ့ကြေးတပ်အ င်အားမလုံလောက်တော့တာမို့ ရေတပ်အင်အားကိုအများဆုံးဖြည့်တင်းထားသလို မြန်မာတနိုင်ငံလုံးရှိရေတပ်အင်အားထဲက တပ်ဖွဲ့ဝင်အင်အားအများဆုံးပို့ထားပြီး ရေငုပ်စစ်သင်္ဘောထိ ရခိုင်ပင်လယ်ပြင်မှာအဆင်သင့်ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီရေတ ပ်အရာရှိတွေက ဆိုကြပါတယ်။

‘’အဓိကတော့ ရေတပ်ကပစ်ကူပေးဖို့ရယ်။အေအေရဲ့ရေကြောင်းသွားလာမှုတွေကို ပိတ်ဆို့တိုက်ခိုက်ဖို့ရယ်။တပ် ရင်းတွေကိုလာတိုက်ရင် ရေကြောင်းကပစ်ကူပေးဖို့အဓိကပြင်ဆင်ထားတာ။အင်အားက အ များဆုံးလို့ပြောလို့ရတယ်။’’လို့ စစ်ကောင်စီရေတပ်အရာရှိတစ်ဦးက Border News Agency သို့ ပြောပါတယ်။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာစစ်ကောင်စီတပ်အတွက် အဓိကထားလှုပ်ရှားသွားလာခုခံနေရသလို ရခိုင်မှာရေလမ်းခရီးတွေများတာမို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ရေကြောင်းစစ်ရေးလှုပ်ရှားမှုတွေကိုပိတ်ဆို့ဟန့်တားထာသလို ရခိုင်ရေလုပ်ငန်းကိုအလုံးစုံဟန့်တားဖျက်ဆီးပြီးရခိုင်ပြည်သူလူထုတရပ်လုံအငတ်ဘေးဆိုက်ပြီးရခိုင်စစ်ပွဲရပ်တန့်သွားအောင်ပြုလုပ်နေတ ယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာနေသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/393845856496918

Leave a Reply

Your email address will not be published.