ရခိုင်က မြို့နယ်အများအပြားတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများပြတ်တောက်

By Narinjara / 2024 January     18

ရခိုင်ပြည်မှ မြို့နယ်အများအပြားတွင် ဖုန်းလိုင်းနှင့်အင်တာနက်များ ပြတ်တောက်နေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ခံတစ်ဦးက “စစ်တွေမှာဆို MPT လွန်ခဲ့တဲ့ ၁၆ ရက်ကတည်းက အဆင်မပြေတော့ဘူး။ ဖုန်းလိုင်းရော အင်တာနက်ရော။ Mytel ဆိုလည်း ဖုန်းလိုင်းပဲရတော့တယ်။ အင်တာနက်မရတော့ဘူး” ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်

ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများသည် ဇန်နဝါရီလမှ စတင်ကာ ဆက်သွယ်ရ ပိုမိုဆိုးရွားလာသည်ဟု သိရသည်။

ယမန်‌ နေ့ဇန်နဝါရီ ၁၇ရက်နေ့ကလည်း စစ်တွေမြို့အပါအဝင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များတွင် ဖုန်းလိုင်းအချို့နှင့် အင်တာနက် လိုင်းများသည် နံနက် ၈နာရီခန့်ကနေ ညနေ ၃နာရီထိ ပြတ်တောက်ခဲ့သည်ဟု မြို့ခံများကပြောသည်။

ယင်းအပြင် ဇန်နဝါရီ  ၁၇ရက် နံနက် ၈နာရီခန့်မှစ၍ ညနေ ၃ နာရီနီးပါးထိ  ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ကို ခေါ်ဆို၍ မရတော့ကြောင်း၊ ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့တွင်လည်း ထိုသို့ အခက်အခဲဖြစ်နေကြောင်း  ရသေ့တောင် ဒေသခံတစ်ဦးကလည်း နိရဉ္စရာသတင်းဌာနကိုပြောသည်။

” မနက် ၈နာရီလောက်ကနေ ဖုန်းတွေ ခေါ်တာလုံးဝဆက်မရပါဘူး။ အင်တာနက်လည်းဖွင့်မရဘူး။ ဒီလိုလုပ်ရပ်တွေက သတင်းအမှောင်ချဖို့ လုပ်ဆောင်တာဖြစ်နိုင်တယ် ” ဟု နိရဉ္စရာကို ပြောဆိုခဲ့သည်။

လက်ရှိဇန်နဝါရီ ၁၈ရက်နေ့တွင် စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် ၊ကျောက်တော်၊   မြောက်ဦး၊ မင်းပြား၊ မြေပုံ၊‌ အမ်း၊ ကျောက်ဖြူနှင့် ရမ်းဗြဲစသည့် စစ်ရေးတင်းမာလျက်ရှိသည့် မြို့နယ် ၁၁မြို့ကို စစ်ကောင်စီမှ အဆက်သွယ် ဖြတ်တောက်ထားသည်ဟု ဒေသခံများက ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီ ၁၇ရက်နေ့အထိ ရခိုင်တွင် MPT ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများသည် အခြေနေဆိုးရွားနေပြီး Mytel နှင့် Telenor ဖုန်းလိုင်း တချို့သာ ဆက်သွယ်၍ အဆင်ပြေလျက်ရှိခဲ့သော်လည်း ယနေ့တွင် ဖုန်းလိုင်းအားလုံးလိုလို ဆက်သွယ်ရ ခက်ခဲလျက်ရှိသည်ဟု ဒေသခံပြည်သူများက ပြောဆိုသည်။ ( NN-11) 

https://www.facebook.com/narinjara.info/posts/778665047633960

Leave a Reply

Your email address will not be published.