ရခိုင်ကအမျိုးသမီးတွေအတွက်”လောင်ရိပ်အောက်ကအသံများ”အစီရင်ခံစာထုတ်ဝေ

By Border News Agency / 2024 January   14

ရခိုင်က အမျိုးသမီးတွေအတွက် ”လောင်ရိပ်အော က်ကအသံများ”အမည်နဲဲ့အမျိုးသမီးတွေတန်းတူအ ခွင့်အရေးရရှိစေရန်ရည်ရွယ်ချက်နဲ့ အစီရင်ခံစာတစောင်ကို ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူင ယ်များအစည်းအရုံး(AASYC)မှ ဇန်နဝါရီလ ၁၃ ရက်၊မနေ့က ထုတ်ဝေလိုက်ပါတယ်။

အဲဒီအစီရင်ခံစာမှာ အမျိုးသမီးတွေကို ခွဲခြားဆက် ဆံမှုနဲ့ ဖွံဖြိုးတိုးတက်တဲ့ ရခိုင်လူ့အဖွဲ့အစည်းတရပ်ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ကာ ကဏ္ဍ ၇ ရပ်ကို အခြေခံထားပါတယ်။

အဲဒီထဲမှာနိုင်ငံရေး၊လူမှုရေး၊စီးပွါးရေး၊ယဉ်ကျေးမှု၊သဘာဝပတ်ဝန်းကျင်ဖွံဖြိုးတိုးတက်ရေးနဲ့ကျား – မတန်းတူရေးအပြင် အထွေထွေပြဿနာဖြေရှင်းရေး ကိစ္စရပ်တွေမှာ အမျိုးသမီးတွေပါဝင်လာနိုင်ဖို့ ကန ဦးလေ့လာဆန်းစစ်ချက်ဖြစ်တယ်လို့ဆိုထားပါတယ်။

“ရခိုင်ပြည်မှာနိုင်ငံရေး၊စီးပွါးရေး၊လူမှုရေး၊ပညာ ရေးစတဲ့ အခန်းကဏ္ဍတွေမှာ ကျား-မတန်းတူရေး အရမ်းကိုအားန ည်းနေတာကိုတွေ့ရတယ်။အမျိုးသ မီးတွေဟာ နည်းပေါင်းစုံနဲ့ ခွဲခြားဆက်ဆံခံနေရပြီး လိင်ကွဲပြားမှုအပေါ်မှာအခြေခံပြီးတော့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံနေကြရပါတယ်။အမျိုး သမီးတွေဟာ လူသားဖြစ်ပေမယ့်ရသင့်ရထိုက်တဲ့ အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်။အဲဒါကြောင့် စွမ်းဆောင်ရည်အားနည်းခဲ့ရတယ်။ဒါကြောင့် တန်းတူညီမျှမှုရှိလာဖို့ နဲ့ ဘယ်အကြောင်းပြချက်နဲ့မှ ခွဲခြားဆက်ဆံတာတွေ၊နှိမ့်ချဆက်ဆံတာတွေ မရှိစေဖို့ ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေပါဝင်တဲ့ ရခိုင်လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီးထုတ်ဝေလိုက်တာဖြစ်ပါတယ်။”လို့ AASYC က အတွင်းရေးမှူးမခင်မာထွေးက Border News Agency သို့ပြောပါတယ်။

အဲဒီအစီရင်ခံစာကို ရခိုင်ပြည်ကအမျိုးသမီးအခွင့် အရေးဆောင်ရွက်နေကြတဲ့ အမျိုးသမီးအဖွဲ့အစည်းကခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီတွေက အမျိုး သမီးခေါင်းဆောင်တွေ၊အရပ်ဘက်အဖွဲ့အစည်းက အမျိုးသမီးခေါင်းဆောင်တွေအပြင် အမျိုးသမီးအ ခွင့်အရေးနဲ့ တန်းတူရေးအတွက် တက်ကြွလှုပ်ရှားသူတွေနဲ့ နယ်ပယ်၊ဒေသအသီးသီးက အမျိုးသမီးတွေကို စစ်တမ်းကောက်ယူပြီး အလုပ်ရုံဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးမှ ထွက်လာတဲ့ရလဒ်ကို အခြေခံပြုစုရေးသားထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရခိုင်ပြည်မှာက နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ အများဆုံးခံစာရပါတယ်။ ၂၀၂၄ ကာလအတွင်းမှာ အမျိုးသမီးရေးရာ ကဏ္ဍနဲ့ပတ်သက်လို့ ရခိုင်ပြည်မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေနဲ့ ပတ် သက်လို့ သုံးသပ်ချက်အစီရင်ခံစာ ထုတ်ဝေဖို့လည်း ရှိပါတယ်။”လို့  မခင်မာထွေးက ဆက်ပြောပါတယ်။

အဲဒီအစီရင်ခံစာရဲ့ကဏ္ဍအလိုက်တစ်ခုချင်းစီမှာ တွေ့ရှိချက်၊သုံးသပ်ချက်၊အ ကြံပြုချက်တွေပါတဲ့ အတွက်ကြောင့် ကျား-မတန်းတူရေးနဲ့အမျိုးသမီးအခွ င့်အရေးကာကွယ်မြှင့်တင်ရေးအတွက်ဥပဒေနဲ့မူဝါဒရေးဆွဲရာမှာ တစုံတရာ အထောက်အကူပြုဖို့ ယုံကြည်တယ်လို့လည်း ဆိုထားပါတယ်။

အဲဒီလောင်းရိပ်အောက်အသံများ အစီရင်ခံစာကို ရခိုင်တပြည်လုံးမှာ ၂၀၂၄ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ စတင်ဖြန့်ချိီနေပြီး Pdf file အနေနဲ့လည်း Download ယူနိုင်တယ်လို့ဆိုထားပါတယ်။

https://www.facebook.com/bordernewsagency/posts/395767382971432

Leave a Reply

Your email address will not be published.