By Arakan Princess Media / 2024 January 18

သျှမ်းမြောက်မာ စစ်ကောင်စီတပ်၏ ထိုးစစ် လျော့နည်းလားခကေလေ့ ရက္ခိုင်မာတော့ စစ်ရီးက ပိုပြင်းထန်လာနီကြောင်း ၁၀၂၇ စစ်ဆင်ရီး (၈၃) ရက်မြောက်နိ၊ ဂျန်နဝါရီ ၁၇ ရက်နိ၊ ညည့် ၁၁ နာရီ မိနစ် ၅၀ အချိန် ညီနောင်မဟာ မိတ်(၃)ဖွဲ့ က ထုတ်ပြန်ပြောဆို လိုက်ပါရေ။
ယင်းထုတ်ပြန်ချက်ထဲမာ”သျှမ်းမြောက်ဟိ မိမိရို့ညီနောင် (၃) ဖွဲ့နန့် စစ်ကောင်စီရို့အကြား ထိတွိတိုက်ပွဲ၊ထိုးစစ်များ လျော့နည်းလားသော်လည်း ရက္ခိုင်ဒေသအတွင်း၌မူ စစ်ရေးပြင်းထန်လျက်ဟိသည်”လို့ ထည့်သွင်း ဖော်ပြထားပါရေ။
ယင်းအပြင်သျှမ်းမြောက်ဒေသအတွင်း လီကြောင်းတိုက် ခိုက်မှုလျော့နည်းလားချိန်မာ စစ်ကောင်စီ၏ လီကြောင်းတိုက်ခိုက်မှုက ရက္ခိုင်ဒေသမာ ပိုလို့များပြားလာပြီးကေ ဒေနိ(ဂျန်နဝါရီ ၁၇)စွာ ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီ ၏ လီကြောင်းတိုက်ခိုက်မှု စံချိန်တင်ရေနိရက်တရက်ဖြစ်ပနာအရပ်သားပြည်သူတိ များစွာထိခိုက်ဒဏ်ရာရ၊သီဆုံး ခရရေနိရက်လည်းဖြစ်တေလို့ ညီနောင်(၃)ဖွဲ့က ဆိုပါရေ။
လက်ဟိ ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်က စစ်ကောင်စီ ၏စခန်းတိကို တခုပြီးတခု သိမ်းယူလျက်ဟိပြီး၊ အခြားတဖက်မာ ရက္ခိုင့်တပ်တော်၏ဗျူဟာမြောက်ထိုးစစ်၊ဝိုင်း ဝန်းပိတ်ဆို့မှုဒဏ်ကိုအလူးအလဲခံနီရရေ စစ်ကောင်စီစွာ မြို့၊ ရွာတိကို ဦးတည်တိုက်ခိုက်ခြင်းနန့် မီးတိုက်ဖျက်ဆီးခြင်းအလုပ်ကိုရာ အောက်တန်းကျစွာ ပြုလုပ်နီကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထား ပါရေ။
https://www.facebook.com/arakanprincessmedia1/posts/399484975809796