မောင်တောမှာ အစ္စလာမ်ဘာသာရေးဆရာတစ်ဦးသေနတ်နဲ့ပစ်ခတ်ခံရ

By Border News Agency / 2024 January   11

မောင်တောမြို့နယ်၊မင်္ဂလာကြီးကျေးရွာမှအစ္စလာမ်ဘာသာရေးဆရာတစ်ဦး ဇန်နဝါရီလ ၁၁ ရက်၊ဒီနေ့ညနေ ၃ နာရီကျော်အချိန်ခန့်က ရွှေဇား-လှဖိုးခေါင်ကားလမ်းပေါ် မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

အဲဒီသူဟာ မင်္ဂလာကြီးကျေးရွာမှ အသက် ၅၆ နှစ်အရွယ်၊ဟာဂျီဘွဲရမော်လဝီမော်ဆော်အုလ်ဖြစ်ပြီးမောင်တောမြို့မှစျေးဝယ်ပြိီး ဆိုက်ကယ်နဲ့အပြန်ရွှေဇားကျေးရွာအုပ်စု၊လဘော်ဇား(ဂွင်ညှာ)ကျေးရွာအ နီးမှာ သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတာလို့ ဆိုကြပါတ ယ်။

“သူက မင်္ဂလာကြီးကျေးရွာကပါ။ဆိုက်ကယ်မှာမော်လဗီလူကြီးက နောက်ကစီးလာတာ။မောင်တောကစျေးဝယ်ပြီး မင်္ဂလာကြီးရွာကိုပြန်ကြတာ။ရွှေဇားကျေးရွာအလွန် လဘော်ဇား(ဂွင်ညှာ) ရွာကသေနတ်နဲ့လှမ်းပစ်တော့ ဆိုက်က ယ်နောက်ကထိုင်လာတဲ့ မော်လဝီလူကြီးညှာဖက်ကျောကုန်းမှာကျဉ်ထိမှန်သွားတာ။”လို့ လဘော်ဇားကျေးရွာသားတစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီသူရဲ့သေနတ်ဒဏ်ရာတွေကို မော င်တောခရိုင်ပြည်သူဆေးရုံမှာ ဆေးကုသမှုခံယူနေပြီးသေနတ်ဒဏ်ရာတွေကြောင့် စကားမပြောနိုင်သေးဘူးလို့ မိသားစုဝင်တွေက ဆိုကြပါတယ်။

“သေနတ်ကျည်ကိုခွဲစိတ်ပြီးထုတ်လိုက်ပါတယ်။လူကသတိရတယ်။စကားပြောလို့မရသေးပါဘူး။ဆ ရာဝန်က တော့ဘာမှာမပြောသေးဘူး။အခုအောက်ဆီဂျင်ရှူနေရပါတယ်။”လို့ မိသားစုဝင်တစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီလိုသေနတ်ပစ်ခံရတဲ့နေရာဟာ ကျေးရွာဟောင်းတွေဖြစ်သလို အဲဒီအနီးအနားမှာ စစ်ကောင်စီတပ်ရဲ့အမှတ် ၁၀ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲတပ်ရင်းရှိပေမယ့်ဘယ်အဖွဲ့အစည်းကပစ်တယ်ဆိုတာကိုမသိရသေးဘူးလို့ မြို့ခံတွေက ဆိုကြပါတယ်။

မောင်တောမြို့နယ်မှာ အာဆာအဖွဲ့အပြင် RSO လက်နက်ကိုင်တွေလည်း မွတ်ဆလင်ကျေးရွာတွေကိုဝင်ရောက်ပစ်သတ်တာတွေ၊ဖမ်းဆီးတာတွေ၊ပြန်ပေးဆွဲတာတွေပြုလုပ်နေကြတယ်လို့ ကျေးရွာသားတွေက ဆိုကြပါတယ်။

မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အားထောင်နဲ့ချီပြီး တပ်ဖြန့်ချထားသလို ကင်းစခန်းတွေ၊တပ်ရင်းတွေ၊တပ်မတွေ၊ဗျူဟာတွေအများကြီးရှိ နေနေပေမယ့်ပြည်သူတွေကိုတော့ ဘေးကင်းလုံခြုံ ရေးအတွက် မဆောင်ရွက်ပေးနိုင်ကြဘူးလို့ မြို့နေပြည်သူတွေက ဆိုကြပါတယ်။

မောင်တောမြို့ပေါ်ရှိစစ်ကောင်စီတပ်ရဲ့ခရိုင်ရဲတပ်ဖွဲ့စခန်းအနီးမှာပြီးခဲ့တဲ့လကလည်းမနက်ဖက်သေနတ်ပြဓားမြလုယက်မှုဖြစ်ပေါ်ခဲ့ပေမယ့်ခုချိန်ထိကျူးလွ န်သူတွေကို ဖမ်းဆီးရမိတာမရှိသေးဘူးလို့ မောင်တောမြို့ခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

https://www.facebook.com/bordernewsagency/posts/394086649806172

Leave a Reply

Your email address will not be published.