မောင်တောခရိုင်မှာ လျှပ်စစ်မီးပြတ်တောက်နေတာမို့ မီးသွေးနဲ့ဖယောင်တိုင်စျေးတက်နေ

By Border News Agency / 2024 January   16

(ဓာတ်ပုံ-မောင်တောမြို့တနေရာကို တွေ့ရပုံ/BNA)

မောင်တောနဲ့ဘူးသီးတောင်မြို့မှာ ဇန်ဝါရီလ ၁၄ ရက်နေ့ကစပြီးလျှပ်စစ်မီးပြတ်တောက်နေတာမို့ မီးသွေးနဲ့ဖယောင်းတိုင်းဟာ သုံးဆထိစျေးမြင့်တက်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 

ရသေ့တောင်နဲ့ဘူးသီးတောင်ကြားရှိ 66 kV line (line fault)ဟာ ဇန်နဝါရီလ ၁၄ ရက်နေ့၊နေ့လည်၁ နာရီကျော်အချိန်ကတည်းက ပြတ်သွားတာမို့ ဘူးသီးတောင်၊မောင်တောမြို့​တွေ လျှပ်စစ်ဓာတ်အားပြတ်နေတယ်လို့ မောင်တောခရိုင်လျှပ်စစ်ဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒါကြောင့်မီးသွေးအိတ်တွေ၊ဖယောင်းတိုင်ထုတ်တွေကို မြို့နေပြည်သူအများစုဝယ်ယူနေကြတာမို့ စျေးတွေတက်နေတာလို့ ဆိုကြပါတယ်။

“လျှပ်စစ်မီး မနေ့က နေ့လည်ပိုင်းကပြတ်သွားတာ။ပြန်ရဖို့မသေချာလို့ မီးသွေးနဲ့ဖယောင်းတိုင်တွေကို အလုအယက်လိုက်ဝယ်ကြတော့ စျေးကသုံးဆထိမြင့်တက်သွားတယ်။”လို့မောင်တောမြို့ခံတစ်ဦးက Border News Agency သို့ ပြောပါတယ်။

မောင်တောမြို့မှာ ဖယောင်းတိုင်တစ်ထုတ်ကို တစ်ထောင်ကျပ်ကနေခြောက်ထောင်ကျပ်ထိစျေးတက်သွားသလို မီးသွေးတစ်အိတ်ကိုကျပ်တစ်သောင်းကျော်ကနေကျပ်ခြောက်သောင်းငါးထောင်ထိစျေးမြင့်တက်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ ၁၃ ရ က်နေ့ကစတင်ကာ စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော် (AA)က တိုက်ခိုက်သိမ်းယူနေပြီး အဲဒီနေ့ကစတင်ကာ ရခိုင်တပြည်လုံးရှိကုန်းလမ်း၊ရေလမ်းအားလုံးကို စစ်ကောင်စီတပ်ကပိတ်ဆို့ထားတာမို့ ရခိုင်ပြည် သူလူထုတစ်ရပ်လုံး ကုန်စျေးနှုန်းတွေအဆမ တန်မြင့်မားမှုဒဏ်ကိုခံနေကြရတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့်ကုန်ပစ္စည်းရှားပါးမှုတွေနဲ့အတူ စားဝ တ်နေရေး၊ကျန်မာရေးအခက်အခဲ၊အကြပ်အတည်းတွေကို ရင်ဆိုင်ခံစားနေကြရပြီး စျေးအဆမတန်တင်ရောင်းချနေကြသူတွေကို တာဝန်ရှိသူတွေဖမ်း ဆီးအရေးယူမှုတွေပြုလုပ်ကြဖို့လိုအပ်နေပြီလို့လည်း ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

“စျေးဆိုင်တွေက ရှိပြီးသားပစ္စည်တွေကို အရင်စျေးအတိုင်းမရောင်းကြပါဘူး။စျေးတင်ရောင်းနေကြပါတယ်။လ မ်းစပိတ်တဲ့အချိန်မှာဖယောင်တစ်ထုတ်ကိုတစ်ထောင်ကျပ်ပဲရှိပါတယ်။ခုအဲဒီစျေးနဲ့မရတော့ပါဘူး။ခြောက်ထောင်ပေးပြီးဝယ်နေရပါတ ယ်။မီးပြတ်မယ်အသံကြားတာနဲ့ချက်ချင်းစျေးတင်ပြီးရောင်းနေကြပါတယ်။ဒါတွေကိုအာ ဏာပိုင်တွေအနေနဲ့လည်း အရေးယူတားဆီးဖို့လိုအပ်ပါတယ်။” လို့ ဘူးသီးတောင်မြို့ခံတစ်ဦးက Border News Agency သို့ပြောပါတယ်။

မောင်တောခရိုင်လျှပ်စစ်ဌာနက တာဝန်ရှိသူတွေဟာ  Line fault ဖြစ်နေတဲ့ ရသေ့တောင်နဲ့ဘူးသီးတောင် ကြား နေရာသို့ သွားရောက်ခဲ့ကြပေမယ့်စစ်ရေးအ ခြေအနေကြောင့် မပြုပြင်ခဲ့ရဘဲပြန်လာကြရတယ်လို့ ဆိုကြပါတယ်။

ရခိုင်မှာ စစ်ကောင်စီတပ်ကလက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေ၊တိုက်လေယာဥ်တွေ၊ဒရုန်းဗုံးပစ်ခတ်မှုတွေကြောင့် ပေါက်တော၊မင်းပြား၊မြောက်ဦး၊ဘူးသီးတောင်၊မောင်တောမြို့တွေဟာ လျှပ်စစ်မီးတွေပြတ်တောက်နေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ် ခတ်နေတာမို့သွားရောက်ပြုပြင်လို့မရသေးဘူးလို့

ပြည်နယ်လျှပ်စစ်ဓာတ်အားရုံးမှတာဝ န်ရှိသူတွေက ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/396852862862884

Leave a Reply

Your email address will not be published.