By Arakan Princess Media / 2024 January 27

ဒေနိ၊ ဂျန်နဝါရီ ၂၇ ရက်နိ၊ နိခင်း၂ နာရီလောက်မာ စစ်တွေ အခြီစိုက် စစ်ကောင်စီတပ် ခမရ(၂၃၂၊ ၃၄၄)ရို့က ရည် ရွယ်ချက်ဟိဟိ ပစ်ခတ်လိုက်တေလက်နက်ကြီးကျည်တိ စွာ မင်းပြားမြို့နယ်၊ ငါးစရိုးချောင်း၊ ခွဆုံ(ရက္ခိုင်)ရွာနားလယ်ကွင်းထဲသို့ ကျရောက်ပေါက်ကွဲပြီးကေ ဟင်းခင်း လုပ်ကိုင်နီရေ ဒေသခံ အာရက္ခပြည်သူ ၃ ယောက်ထက်မနည်း ကျည်စထိမှန် ဒဏ်ရာရလားရေလို့ သိရပါရေ။
ကနဦးရဟိရေ သတင်းတိအရ မင်းပြားမြို့နယ်၊ ခွဆုံရွာကဦးစံရွှီအောင်(၆၁နှစ်)၊ ဦးထွန်းလှမောင်(၅၄နှစ်)နန့် ကိုမောင်ဆန်းမြင့် (၂၅နှစ်) ရို့ လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရလားရေလို့ သိရပါရေ။
ယင်းအနက်ဦးစံရွှီအောင်မာ ညာဖက်ပါးနန့်ညာဖက်လက် ဒဏ်ရာ ရလားခပြီးကေ ဦးထွန်းလှမောင်မာ ပါးစပ်၊ သွားကျိုး၊ ညာဖက်ခြီသလုံးပွင့်ထွက်၊ ညာဖက်တင်ဆုံ ဒဏ်ရာရလားခပနာ ကိုမောင်ဆန်းမြင့်မာတော့ ဦးဂေါင်းနန့် ညာဖက်လက် ဒဏ်ရာတိရလားခရေလို့ ကနဦး သိရပါရေ။
https://www.facebook.com/arakanprincessmedia1/posts/405071048584522