ဘူးသီးတောင်မြို့နယ်၊ သပြီတောရွာကို အကြမ်းဖက်စစ်ကောင်စီ လက်နက်ကြီးပစ်၊ စစ်ယှောင် တယောက် အပါ အဝင် ဒေသခံ ၃ ယောက် ပြင်းထန်ဒဏ်ရာ ရ

By Arakan Princess Media / 2024 January    22

ဘူးသီးတောင်မြို့နယ်မာ ဒေနိ ဂျန်နဝါရီ၂၂ ရက်နိ၊ညဇာဖက်က ဘူးသီးတောင် အခြီစိုက် စစ်ကောင်စီတပ် ခမရ (၂၆၃)တပ်ရင်းက သပြီတောရွာဖက်သို့ ရည်ရွယ်ချက်ဟိ ဟိ လက်နက်ကြီးနန့် ယမ်းကား ပစ်ခတ်လို့ စစ်ယှောင်တယောက်အပါအဝင် ဒေသခံ ၃ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရလားကြောင်း သိရပါရေ။

ဒဏ်ရာရလားရေ ဒေသခံတိကတော့ ဘူးသီးတောင်မြို့ နယ်၊ သပြီတောရွာက ကိုမောင်သာနု (၂၆နှစ်) နန့် ဒေါ်မသိန်းနု (၄၂နှစ်)၊ သစ်တောရွာက စစ်ဖီးယှောင်လာသူ ကိုမောင်ကျော်ဝင်း(၃၄နှစ်)ရို့ ဖြစ်ကတ်ပါရေ။

ဒေနိ၊ ညဇာ ၃ နာရီလောက်မာ အကြမ်းဖက်စစ်ကောင်စီ တပ်၊ ခမရ(၂၆၃)တပ်ရင်းက သပြီတောရွာကို လက်နက် ကြီးကျည် ၁၀ လုံးပစ်ခတ်ရာ ယင်းလက်နက်ကြီးကျည်တိစွာ သပြီတောရွာနန့် ရွာနားတဝိုက်သို့ ကျရောက်ပေါက်ကွဲခပါရေ။

ယင်းပစ်ခတ်မှုကြောင့် စစ်ဖီးယှောင် ကိုမောင်ကျော်ဝင်း

၏ဘယ်ဖက်ခြီသလုံးမာ ပြင်းထန်ဒဏ်ရာရလားခပြီးကေ

ကိုမောင်သာနု၏ ဘယ်ဖက်ပေါင်လည်း ကျိုးလားခပါရေ။ ဒေါ်မသိန်းနု၏ ညာဖက်တင်သားမာလည်း ကျည်စထိမှန်လားခပါရေ။

လက်ဟိမာ ဒဏ်ရာရ လူနာတိစွာ အရေးပေါ် ဆီးကုသမှုခံယူနီရရေလို့ သိဟိရပါရေ။

https://www.facebook.com/arakanprincessmedia1/posts/402131408878486

Leave a Reply

Your email address will not be published.