တိုက်ပွဲကြားက ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ဆယ်ကျော်သက်အမျိုးသမီးငယ်တွေအနေနဲ့ လိုအပ်ချက်တွေများပြားနေသလို အခက်အခဲတွေရှိနေ (ရုပ်သံဆောင်းပါး)

By Narinjara / 2024 January     24

ရခိုင်မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီအဖွဲ့ကြား စစ်ရေးတင်းမာမှုတွေ တိုးလာနေသလို စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကို ကြုံတွေ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်ကလည်း တစ်နေ့ထက်တစ်နေ့ များပြားလာနေပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ဟာ ကျေးရွာတွေအထဲကို သေနတ်နဲ့ပစ်ခတ် ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့တာတွေရှိသလို အဝေးကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်တဲ့အတွက် လူနေအိမ်တွေ မီးလောင်ပျက်စီးပြီး အရပ်သားသေဆုံး ဒဏ်ရာရမှုတွေလည်း ရှိနေတယ်လို့ ဒေသခံပြည်သူတွေက ပြောဆိုပါတယ်။

အခုလိုမျိုး စစ်ကောင်စီတပ်ရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ရခိုင်ပြည်နယ် မြို့ပြ ကျေးရွာ ဒေသအများအပြားက အမျိုသမီးငယ်တွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေအစ ဒေသခံ အများအပြားလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

စစ်ဘေးရှောင်တွေ ခိုလှုံနေကြရတဲ့ နေရာတွေကလည်း လက်ရှိမှာ ဘာသာရေး အဆောက်ဦတွေ၊ အမိုးအကာ မလုံတဲ့ စာသင်ကျောင်းတွေမှာ အဓိက ခုံလှုံနေထိုင်ကြရတာဖြစ်ပါတယ်။ ဒီလို အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ဖြတ်သန်း နေကြရတဲ့ စစ်ဘေးရှောင်တွေအထဲမှာ ပိုပြီး အခက်ခဲအများဆုံးနဲ့ ရင်ဆိုင်နေရတဲ့ သူတွေကတော့ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တွေ ဖြစ်ပါတယ်။

အမျိုးသမီးငယ်တွေဆိုတာကတော့ သာမာန်လူတွေနဲ့ မတူတဲ့ လိုအပ်ချက်တွေရှိနေပါတယ်။ အမျိုးသမီးတွေအတွက် မသုံးမဖြစ်တဲ့ လစဉ်သုံး ပစ္စည်းတွေ လိုအပ်သလို ရေချိုး၊ အိမ်သာသွားရာကအစ လုံခြုံမှု ရှိဖို့ လိုအပ်နေပါတယ်။

https://www.facebook.com/narinjara.info/videos/653885196744248/

Leave a Reply

Your email address will not be published.