By Border News Agency / 2024 January 16

ပြည်နယ်စစ်ကောင်စီရုံးစိုက်ထားတဲ့စစ်တွေမြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ထားပြီး ပြည်နယ်ရုံးအနီးက ဘောလုံးကွင်းရပ်ကွက်ကို ဇန်နဝါရီလ ၁၆ ရက်၊ဒီနေ့နေ့လည်ပိုင်းက စစ်ကောင်စီတပ်မှဧည်စာရင်းဝင်စစ်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ဆိုကြပါတယ်။
အဲဒီစစ်တွေမြို့သို့အဝင်အထွက်လမ်းအားလုံးကိုစစ် ကောင်စီတပ်ကပိတ်ဆို့တားမြစ်ထားသလိုလုံခြုံရေးအင်အားတိုးထားပြီး မြို့ပေါ်ရပ်ကွက်တွေကိုနေ့ခင်း ဘက်ဧည့်စာရင်းဝင်စစ်တာလို့ ဆိုကြပါတယ်။
“ဧည်စာရင်းဆိုတာက ညအချိန်စစ်တာပဲတွေဖူးပါတယ်။ခုကနေ့ခင်းဘက်တောင် ဧည်စာရင်းဝင်စစ်တာပါ။ဘောလုံးကွင်းရပ်ကွက်တခုတည်းကိုဝင်စစ်တာပါ။ဘောလုံးကွင်းရပ်ကွက်အနီးမှာ အစိုးရအဖွဲ့ရုံးရှိနေတော့မသင်္ကာမှုတွေရှိနေလို့ထင်ပါတယ်။”လို့ စစ်တွေမြို့ပေါ် ဘောလုံးကွင်းရပ်ကွက်နေပြည်သူ
တစ်ဦးက Border News Agency သို့ ပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့”၁၀၂၇စစ်ဆင်ရေး” အဖြစ် ရခိုင်မှာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ ၁၃ ရက်နေ့စတင်ခဲ့ပြီး အငူမော်-မောင်တောကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်အထိုင်စခန်းကို ရက္ခိုင့်တပ်တော်(AA)မှ တိုက်ခိုက်သိမ်းပို က်နိုင်ခဲ့ပါတယ်။
အဲဒီနေ့ကစတင်ပြီး ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဟာမြို့ပေါ်ရပ်ကွက်တွေကို ဧည့်စာရ င်း ဝင်စစ်တာလို့အကြောင်းပြပြီး အပြစ်မဲ့ပြည်သူတွေကိုမတရားဖမ်းဆီးတာတွေ ပြုလုပ်နေကြတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
ပြည်နယ်စစ်ကောင်စီရုံးစိုက်ထားပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရှိတဲ့စစ်တွေမြို့နယ်မှာ အပြစ်မဲ့ရခိုင်ပြ ည်သူတွေဖမ်းဆီးခံရတာတွေများနေသလို စစ်ကော င်စီတပ်က ကျေးရွာ၊ရပ်ကွက်တွေကို ကြိုက်တဲ့အ ချိန်ဝင်ရောက်စစ်ဆေးတာတွေ ပြုလုပ်နေကြတယ်လို့ ဆိုကြပါတယ်။
”အစိုးရအဖွဲ့ရုံးစိုက်တဲ့ဘောလုံးကွင်းရပ်ကွက်ကို ဒီနေ့ဧည့်စာရင်းဝင်စစ်တယ်ဆိုတော့ စစ်ကောင်စီဖက်ကအတော်လေးစိုးရိမ်မှုရှိနေပြီထင်ပါတယ်။”လို့
စစ်တွေမြို့ပေါ် ဘောလုံးကွင်းရပ်ကွက်မှ လူကြီးတစ်ဦးက Border News Agency သို့ ပြောပါတယ်။
အဲဒီစစ်တွေမြို့နယ်က ကျေးရွာ၊ရပ်ကွက်တွေကို စ စ်ကောင်စီတပ်က မကြာမဏဝင်ရောက်စစ်ဆေးတာတွေပြုလုပ်နေပြပြီး စစ်တွေမြို့နယ်၊မင်းဂံတောရွာ
ကို ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်မှဝင်ရောက်ကာရွာသားအားလုံးနီးပါးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
စစ်တွေမြို့နယ်၊သာယာကုန်းကျေးရွာနဲ့ပါဒလိတ်ကျေးရွာကို ဇန်နဝါရီလ ၁၆ ရက်၊ဒီနေ့နေ့လည် ၁ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝန်းရံပိတ်ဆို့ထားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတ ယ်။
ရခိုင်က ကျောက်တော်၊မြောက်ဦး၊မင်းပြား၊ပေါက်တောမြို့တွေမှာ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီ
တပ်က စစ်တွေမြို့နယ်မှာစစ်သည်အင်အားထပ်တိုးထားတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
ရခိုင်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုမကျန် ရက္ခိုင့်တပ်တော်(AA)မှ အပြတ်ချေမှုန်းတိုက်ခိုက်သွားမယ်လို့ ဇန်နဝါ ရီလ ၃ ရက်နေ့က ညီနောင်မဟာမိတ်သုံးဖွဲ့မှထုတ်ပြန်ထားပြီး ရခိုင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ”မသေချင်ရင်အလံဖြူထောင်ကြ”လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးထားပါတယ်။
https://www.facebook.com/bordernewsagency/posts/396990936182410