စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လူသူကင်းမဲ့နေတဲ့မြောက်ဦးမြို့(ဓာတ်ပုံသတင်း)

By Border News Agency / 2024 January   2

(ဓာတ်ပုံ-မြောက်ဦးမြို့ပေါ်နေရာတချို့ကို ဇန်နဝါရီ လ ၂ ရက်၊ဒီနေ့မနက်ကတွေ့ရပုံ/BNA)

မြောက်ဦးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းတွေက လ က်နက်ကြီးတွေပစ်ခတ်နေလို့ မြောက်ဦးမြို့ခံအများ စုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဲဒီမြောက်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်က ဇန်နဝါ ရီလ ၁ ရက်​၊မနေ့ညနေ ၈ နာရီအချိန်ခန့်ကဘုန်းကြီး ကျောင်းထဲသို့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးပစ်ခ တ်လိုက်တာကျရောက်ပေါက်ကွဲပြီးစစ်ဘေးရှောင်နေသူတစ်ဦးသေဆုံးကာငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဦးမြို့ခံတွေက ဆိုကြပါတယ်။

အဲဒီမြောက်ဦးမြို့ရှိ ရွှေဂူတောင်ဘုန်းကြီးကျောင်းသို့ ကိုးသောင်းပုထိုးတော်ကြီးအကျော်ရှိအမှတ် ၃၁ ရဲတပ်ရင်းကလက်နက်ကြီးပစ်ခတ်လိုက်တာဟာ ကျောင်းထဲအုတ်နံရံကိုဖောက်ပြီးစစ်ဘေးရှောင်တွေဆီလာရောက်ထိမှန်တာလို့ ဆိုကြပါတယ်။

မြောက်ဦးမှာစစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် ပြီးခဲတဲ့နိုဝင်ဘာလ ၁၃ ရက်ကနေ၊ဇန်နဝါရီလ ၁ ရ က်နေ့ထိ အရပ်သားပြည်သူ ၂၀ဦးသေဆုံးပြီး၊၃

၅ ဦးထိဒဏ်ရာရရှိခဲ့ပြီလို့ မြို့ခံတွေက ဆိုကြပါတယ်။

ရခိုင်မှာ စစ်ကောင်စီတပ်ကတိုက်ပွဲတွေမဖြစ်ပွားတဲ့လူနေရပ်ကွက်တွေ၊မြို့ပေါ်တွေကို ဒရုန်းတွေ၊လေယာဥ်တွေ၊အတွဲလိုက်ဒုံးတွေ၊လက်နက်ကြီးတွေနဲ့ပစ်ခ တ်တာတွေလည်းရှိနေတယ်လို့ ရခိုင်ပြည်သူတွေကဆိုကြပါတယ်။

အဲဒီမြောက်ဦးမြို့ပေါ်ရှိ စစ်ကောင်စီရဲ့မြောက်ဦးခရိုင်ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA)မှ ပြီးခဲ့တဲ့ဒီဇင်ဘာလ၂၄ ရက်နေ့၊မနက် ၃ နာရီကျော်အချိန်ကစတင်တိုက်ခိုက်ခဲ့ပြီး၂၆ ရက်နေ့၊ညနေ  ၉ နာရီအ ချိန်ခန့်မှာ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ရခိုင်ကမြို့နယ်တချို့မှာ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြားနှစ်ဘက်ထိတွေ့တိုက်ပွဲတွေနေ့စဥ်လိုလိုဖြစ်ပွားနေကြသလို စစ်ကောင်စီတပ်က တို က်ပွဲမဖြစ်ပွားတဲ့နေရာတွေကိုလည်လက်နက်ကြီးတွေ၊ဒရုန်းတွေ၊အတွဲလိုက်ဒုံးတွေနဲ့လှမ်းပစ်တာတွေရှိနေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/388838280331009

Leave a Reply

Your email address will not be published.