ကျောက်တော်မြို့နယ် အခြေစိုက် အမှတ် (၃၇၇) အမတ တပ်ရင်းနှင့် ခမရ (၅၃၉) တပ်ရင်းများမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအထဲမှ ဓာတ်ပုံ အချို့ကို AA ထုတ်ဖော်ပြသ

(ကျောက်တော် စကခ(၉) ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးညီညီဝင်း ဆေးကုသနေသည့်ပုံလည်းပါဝင်)

By Narinjara / 2024 January     21

(သတင်းဓါတ်ပုံအချို့)

ရက္ခိုင်ပြည်၊ ကျောက်တော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်၏ အမှတ် (၃၇၇) အမြောက်တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင်လည်းကောင်း၊ ခမရ (၅၃၉) တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင်လည်းကောင်း ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင် ပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့ကာ ယင်းအထဲမှ ဓာတ်ပုံအချို့ကို ယနေ့ထုတ်ဖော်ပြသည်။

၎င်းပြင် ဖမ်းဆီးရမိသည့် ကျောက်တော် စကခ(၉)၊ နည်ဗျုဟာ (၃) မှ  ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ညီညီဝင်းဆေးကုသနေသည့်ပုံလည်း ယင်းပြသသည့်အထဲတွင် ပါဝင်သည်။

https://www.facebook.com/narinjara.info/posts/780627814104350

Leave a Reply

Your email address will not be published.