ရခိုင်မှာ ကုန်ပစ္စည်းစျေးတင်ရောင်းချနေသူတွေကို အရေးယူ​ပေးဖို့ ပြည်သူတွေတောင်းဆို

By Border News Agency / 2023 December   8

(ဓာတ်ပုံ-ရခိုင်မှာ ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်လာအောင်စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိမီးရှို့ဖျက်ဆီးလိုက်တဲ့ပုဏ္ဏားကျွန်းမြို့မစျေး/ပေးပို့)

ရခိုင်တပြည်လုံးမှာ စားသောက်ကုန်းတွေအပါအဝင် ကုန်းပစ္စည်းစျေးတင်​ရောင်းချနေသူတွေကို အာရက္ခပြည်သူ့အစိုးရက ဖမ်းဆီးစစ်ဆေးအရေးယူပေးဖို့ ရခိုင်ပြည်သူလူထု တောင်းဆိုနေကြပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၃ ရက်နေ့စတင်ကာ ရက္ခိုင့်တပ်တော်(AA)စစ်ကောင်စီဗျူဟာတွေ၊တပ်စခန်းတွေ၊အထိုင်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ထားသလိုဆက်လက်တိုက်ခိုက်သိမ်းယူနေတယ်လို့လည်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားပါတ ယ်။

အဲဒီနေ့စတင်ပြီး ရခိုင်တပြည်လုံးရှိ ကုန်းလမ်း၊ရေ လမ်းအားလုံးကို စစ်ကောင် စီပိတ်ဆို့ထားသလို မြို့အဝင်အထွက်တွေကိုလည်းပိတ်ဆို့ထားတာမို့ ရခိုင်ပြည်သူလူထုတရပ်လုံး စားဝတ်နေရေး၊ကျန်းမာ ရေးစတဲ့အခက်အခဲအကြပ်အတည်းပေါင်းစုံနဲ့ရင် ဆိုင်နေကြရတယ်လို့ ရခိုင်ပြည်သူတွေ ဆိုကြပါတယ်။

အဲဒါကြောင့် ရခိုင်တပြည်လုံးမှာ ဆန်၊စက်သုံးဆီ၊စားသုံးဆီတွေအပါအဝင်စားသောက်ကုန်းတွေ၊လူသုံးကုန်တွေအားလုံးကို စျေးအဆမတန်တင်ပြီးရော င်းချနေကြတာမို့ ရခိုင်ပြည်သူလူထုအငတ်ဘေးဆို က်တော့မယ်အခြေအနေမို့ အာရက္ခပြည်သူ့အစိုးရက ဖမ်းဆီးစစ်ဆေးအရေးယူပေးသင့်ပြီလို့ ရခိုင် ပြည်သူတွေက ဆိုကြပါတယ်။

“လမ်းခရီးတွေအဆင်မပြေလို့ ကုန်သယ်ရလို့ ကုန်စျေးနှုန်းတင်ရောင်းတာကို လက်ခံပါတယ်။ခုတိုက် ပွဲမဖြစ်ခင်ကတည်းက သိုလှောင်ထားကြတဲ့ ပစွည်းတွေကို စျေးအဆမတန်တင်ရောင်းကြတာလေ။ရခိုင်မှာက ဆင်းရဲတဲ့မိသားစုတွေပိုများတယ်။ကိုယ်ချင်းစာသင့်ပါတယ်။ကိုယ့်ရခိုင်လူမျိုးတွေ ဒုက္ခရော က်နေကြတာကို ဒီလိုလုပ်တာဆိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့အရေးယူသင့်ပါတယ်။အာရက္ခပြည်သူ့အစိုးရအနေနဲ့ဖမ်းဆီးအရေးယူပေးဖို့တောင်းဆိုပါတယ်။”လို့ စစ်တွေမြို့နေအမျိုးသမီးတစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီလိုအဆမတန်စျေးတင်ရောင်းနေကြတာမို့ ဆန်တအိတ်ကိုကျပ်နှစ်သိန်းကျော်ထိဖြစ်နေသလို စက်သုံးဆီတလီ တာကိုကျပ်သုံးသောင်းကျော်ထိဖြစ်နေ

ပေမယ့်ဝယ်ယူရခက်ခဲနေသလိုတခြားစားသော က်ကုန်အများစုလည်း ဝယ်ယူလို့မရအောင်ထိဖြစ်နေပြီလို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုအဆမတန်စျေးတင်ရောင်းချနေကြတာမို အ ခြေခံလူတန်းစားတွေ၊စစ်ဘေးရှောင်တွေဟာ အင တ်ဘေးနဲ့ရင်ဆိုင်နေကြရပြီဖြစ်သလို ဆန်ကွဲတွေ

ကိုချက်စား၊ဆန်ပြုတ်တွေပြုတ်သောက်ပြီး အသ က်ရှင်ဖို့ကြိုးစားနေကြရတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

“အရင်တုန်းကလည်း စစ်ဘေးရှောင်စခန်းမှာ နေရတာခက်ခက်ခဲခဲ။ခုဆို ပိုပြီးတော့ခက်ခဲတာပေါ့။ကုန်စျေးနှုန်းတွေတက်တယ်။ဝယ်မစားနိုင်ဘူး။ အပြင်သွားလို့လည်း အလုပ်လုပ်လို့မရဘူး။ပိုက်ဆံဘယ်ကရမလဲ။ဆန်ကွဲဝယ်စားရတယ်။အဲဒါကြောင့် မိ သားစုများတဲ့လူတွေဆိုရင် ကြိုသောက်နေကြရတ ယ်။အရင်ကလို အဖွဲ့အစည်းတွေကလည်းမလှူကြတော့ဘူး။ဒါကြောင့်စျေးတင်ရောင်းနေသူတွေကို အေအေကအ ရေးယူပေးစေချင်ပါတယ်။”လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက Border News Agency သို့ ပြောပါတယ်။

ရခိုင်မှာ အခြေခံစားသောက်ကုန်တွေထဲမှာ စားအုန်း ဆီတလီတာကို တသောင်းနှစ်ထောင်ကျပ်၊ရိုးရိုးဆန်တအိတ်ကိုနှစ်သိန်းကျပ်အပြင်ငရုတ်သီးအစိမ်းတပိဿနာကိုကျပ်နှစ်သောင်းကျော်နဲ့လိုသလောက်ဝ ယ်ယူလို့မရတဲ့အခြေအနေဖြစ်နေတယ်လို့လည်း ရခိုင်ပြည်သူတွေ ဆိုကြပါတယ်။

ရခိုင်မှာကုန်ပစ္စည်းအားလုံးကို စျေးတင်မရောင်းကြဖို့ အာရက္ခပြည်သူ့အစိုးရကအသိပေးထားပေမယ့် စစ်ရေးပြင်းထန်နေချိန်မှာ တရားဥပဒေစိုးမိုးရေးနဲ့

အရေးယူမှုအပိုင်းကိုသေချာမလုပ်နိုင်တာကိုအခွင့်အရေးယူပြီးစျေးတင်ရောင်းချနေသူတွေကို ရခိုင်ပြည်သူလူထုကလည်းဒဏ်ခတ်သပိတ်မှောက်သင့်တယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီက ရခိုင်တပြည်လုံးကို ပိတ်ဆို့တားမြစ်ထားသလို စျေးတွေ၊မြို့တွေ၊ရွာတွေကို ရည်ရွယ်ချ က်ရှိရှိ ပစ်ခတ်မီးရှို့ဖျက်ဆီးလိုက်တာကလည်း ရခို င်မှာ ကုန်းစျေးနှုန်းတွေမြင့်တက်လာစေသလို ရခိုင်ပြည်သူတွေ စိုးရိမ်ပြီးစားသောက်ကုန်တွေအလုအ ယက်ဝယ်ကြတာကလည်း ကုန်းစျေးနှုန်းတွေမြင့်တက်လာစေခဲ့တယ်လို့ ရခိုင်ပြည်သူတချို့က ထော က်ပြကြပါတယ်။

အဲဒီအပြင် စပါးရိတ်သိမ်းနေတဲ့ပြည်သူတွေ၊ငါးဖမ်းလှေတွေ၊တပိုင်တနိုင်ငါးရှာနေသူတွေကို စစ်ကောင် စီတပ်ကလေယာဥ်၊ဒရုန်း၊လက်နက်ကြီး၊လက်န က်ငယ်တွေနဲ့ပစ်ခတ်နေတာကလည်း ကုန်စျေးနှုန်းတွေကို မြင့်တက်စေသလိုပြည်သူတွေအသက်ရှင်ရပ်တည်ရေးအတွက်ပိုမိုခက်ခဲကပ်တည်းလာစေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/374325398448964

Leave a Reply

Your email address will not be published.