ရခိုင်တိုက်ပွဲအတွင်းအရပ်သား ၃၀ သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ

(ကိုးကန့်၊ တအာင်းနှင့် ရခိုင်ဒေသ ၃ ခုတွင် တိုက်ပွဲအတွင်းသေဆုံးသူ အရပ်သား ၁၅၀ နီးပါးရှိ)

By Narinjara / 2023 December     3

ရခိုင်ပြည်နယ်တွင်  နိုဝင်ဘာလ (၁၃) ရက်နေ့မှ (၃၀) ရက်နေ့အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်ခတ်မှုများကြောင့်  အရပ်သား (၃၀) ကျော် သေဆုံးကာ (၁၀၀) ကျော်ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ညီနောင်( ၃) ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်ပတ်သက်သည်ဟူသော မဟုတ်မမှန်စွပ်စွဲချက်များဖြင့် အပြစ်မဲ့ အရပ်သား (၈၁) ဦးအားလည်း အင်အားသုံး ဖမ်းဆီးထားပြီး ထိုအထဲက (၂၂) ဦးသာ လွတ်မြောက်လာသေးသည်ဟု ဆိုသည်။

ကိုးကန့်၊ အထူးဒေသ (၁) အတွင်း အပြစ်မဲ့အရပ်သား (၅၀) ကျော် သေဆုံးခဲ့ပြီး (၁၆) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ တအာင်းဒေသတွင်း အရပ်သားပြည်သူ (၆၀) ကျော် သေဆုံး၊ (၁၀၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက် စစ်ကောင်စီသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး နေ့ညမရွေး ဖျက်အားပြင်းလက်နက်ကြီးများ၊ ညသန်းခေါင်အချိန်မတော် လူသူတိတ်ဆိတ်သည့်အချိန်မျိုးတွင်  နိုင်ငံတကာမှ တားမြစ်ထားသော cluster bomb များကဲ့သို့ ဗုံးများကို အသုံးပြုပြီး ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်မှုများကို ပြုလုပ်နေသည်ဟုဆိုသည်။

https://www.facebook.com/narinjara.info/posts/751064397060692

Leave a Reply

Your email address will not be published.