By Border News Agency / 2023 December 9
ရခိုင်ကမြို့နယ်တချို့မှာ စစ်ကောင်စီဝန်ထမ်းတွေပြီးခဲ့တဲ့နိုဝင်ဘာလလစာကို ဒီဇင်ဘာလ ၉ ရက်၊ဒီနေ့ထိမရကြသေးတာမို့နှုတ်ထွက်ဖို့ပြင်ဆင်နေကြတယ်လို့ စစ်ကောင်စီဝန်ထမ်းအသိုင်း အဝိုင်းက အတည်ပြုပြောကြပါတယ်။
အဲဒီမင်းပြား၊ပေါက်တောစတဲ့မြို့နယ်အပြင်တခြားမြို့န ယ်တချို့က ဝန်ထမ်းတချို့လည်းလစာငွေတွေမရကြတာမို့အလုပ်ထွက်ပြီးတခြားအလုပ်တွေပြော င်းလုပ်ကြဖို့ပြင်ဆင်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအထဲမှာ မင်းပြားမြို့နယ်က ပညာရေးဝန်ထမ်းတွေအများစုပါဝင်နေပြီးမင်းပြားမြို့ရှိမြန်မာ့စီးပွားရေးဘဏ်မှာပိုက်ဆံမရှိသေးတာမို့လစာမထုတ်ပေးသေးတာဖြစ်သလိုဘယ်နေ့ပေးမယ်ဆိုတာအတိအကျမပြောသေးတာမို့စားဝ တ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ ပညာရေးဝန်ထမ်းတွေကဆိုကြပါတယ်။
”ဘဏ်မှာပိုက်ဆံမရှိလို့ဆိုပြီးခုထိမပေးသေးပါ။ဘယ်နေ့ရမယ်ဆိုတာကိုလည်းအတိအကျမပြောပါဘူး။ခုကကုန်းစျေးနှုန်းတွေတက်တော့စားဝတ်နေရေးအ ဆင်မပြေပါဘူး။ဒီအတိုင်းဆိုရင်အလု ပ်ထွက်ပြီးနောက်အလုပ်တခုလုပ်ဖို့ပြင်ဆင်နေပါတယ်။”လို့ မင်းပြားမြို့နယ်မှပညာ ရေးဝန်ထမ်းတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီမင်းပြားမြို့နယ်ကပညာရေးဝန်ထ မ်းတွေအပြင်တခြားဌာနဆိုင်ရာတွေကဝန်ထမ်းအများစုလည်းလစာငွေတွေမရကြသေးသလို တမြို့လုံးဖြိုဖျက်ခံနေရတဲ့ပေါက်တောမြို့နယ်က ပညာရေးဝန်ထမ်းတွေအပြင်တ ခြားဌာနဆိုင်ရာတွေကဝန်ထမ်းအများစုလည်းလစာငွေတွေမရကြသေးသလို ဆိုကြပါတယ်။
ရခိုင်က ပညာရေးဝန်ထမ်းအများအ ပြားလစာငွေမရကြတာကိုအတည်ပြုဖို့ပြည်နယ်ပညာရေးမှူးဦးဘထွီးစိန်းကိုဆက်သွယ်ခဲ့သလို မင်းပြားမြို့နယ်ပ ညာရေးမှူးရုံးသို့ဆက်သွယ်ခဲ့ပေမယ့်ဖုန်းလက်ခံဖြေကြားတာမရှိသေးပါဘူး။
ရခိုင်မှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၃ ရက်နေ့စတင်ကာ ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီဗျူဟာတွေ၊တပ်စခန်းတွေ၊အ ထိုင်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ထားသလိုဆက်လက်တိုက်ခိုက်သိမ်း ယူနေတယ်လို့လည်း ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ထားပါတယ်။
အဲဒီနေ့စတင်ပြီး ရခိုင်တပြည်လုံးရှိ ကု န်းလမ်း၊ရေလမ်းအားလုံးကို စစ်ကောင် စီပိတ်ဆို့ထားသလို မြို့အဝင် အ ထွက်တွေကိုလည်းပိတ်ဆို့ထားတာမို့ ရခိုင်ပြ ည်သူလူထုတရပ်လုံး စားဝတ်နေရေး၊ကျန်းမာရေးစတဲ့အခက်အခဲအကြပ်အတည်းပေါင်းစုံနဲ့ရင်ဆိုင်နေကြရတယ်လို့ ရခိုင်ပြည်သူတွေ ဆိုကြပါတယ်။
အဲဒီအပြင်စစ်ကောင်စီတပ်က မြို့တွေ၊လူနေကျေးရွာတွေထဲသို့ လက်နက်ကြီးတွေရည်ရွယ်ချက်ရှိရှိပစ်ခတ်နေတာမို့သေဆုံးဒဏ်ရာရသူတွေရှိနေတာကြောင့် ရခိုင်ပြည်သူအများစုကြောက်လန့်ထွက်ပြေးနေကြရသလိုဘဏ်တွေ၊စျေးတွေကိုလည်း ပိတ်ထားကြရတယ်လို့ ဆိုကြပါတယ်။
”ခုက စစ်ဘေးရှောင်ဘဝနဲ့ဖြစ်သလိုစားနေရပါတယ်။ဒါပေမယ့်ကျောင်းအု ပ်ကြီးက ကျောင်းတက်ဖို့ဖိအားပေးနေတော့စိတ်ညစ်မခံချင်တော့ပါဘူး။လ စာလည်းမရတော့ အလုပ်ထွက်ဖို့ပြင်ဆင်နေပါတယ်။ပညာရေးဌာနကဘာမှတာ ဝန်ယူ၊တာဝန်ခံမှုလည်းရှိတာမဟုတ်ပါဘူး ။”လို့ မင်းပြားမြို့နယ်မှစစ်ဘေးရှောင်ထွက်ပြေးနေရတဲ့ပညာရေးဝန်ထမ်းတစ်ဦးက Border News Agency သို့ ပြောပါတယ်။
ရခိုင်မှာ စစ်ကောင်စီတပ်က ပေါက်တောမြို့ပေါ်တခုလုံးကို ကြေးရေလေပူးပေါင်းပစ်ခတ်ပြီးဖျက်ဆီးထားသလိုပညာရေးဝန်ထမ်းတွေအပါအဝင်စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတချို့ကိုပါသုံးပတ်ကြာထိဖမ်းဆီးထားဆဲလို့ စစ်ကောင်စီအသိုင်းအဝိုင်းက ဆိုကြပါတယ်။
ရခိုင်ရှိပညာရေးဝန်ထမ်းအားလုံး ရုံးမတက်ရင် နိုင်ငံ ဝန်ထမ်းဥပဒေ၊နည်းဥပ ဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူမယ်လို့ နိုဝင်ဘာလ ၂၈ ရက်က ခြိမ်း ခြောက်ထုတ်ပြန်ခဲ့ပြီးအဲဒီစာဟာ ပြည် နယ်ပညာရေးမှူးရုံးရဲ့ပြီးခဲ့တဲ့နိုဝင်ဘာ လ ၂၄ ရက်နေ့ထုတ်ပြန်ချက်ကို ခရိုင်၊မြို့ နယ် ပညာရေးမှူးရုံးတွေက အခြေခံ ပညာကျောင်းအုပ်အားလုံးကိုထပ်ဆ င့်စာထုတ်တာဖြစ်ပါတယ်။
အဲဒီစာမှာအခြေခံပညာကျောင်း/ရုံးတွေကသင်ကြား/စီမံဝန်ထမ်းတွေဟာ အကြောင်းပြချက်မရှိဘဲ ခွင့်မဲ့ပျက်ကွ က်နေပြီးပျက်ကွက်ရက် ၂၁ ရက်ကျော်လွန်ပါရင် အလုပ်ပြန်လည်ဝင်ရောက်ဖို့သက်ဆိုင်ရာကျောင်း/ရုံးတွေရှိ တာ ဝန် ရှိသူတွေက စာနဲ့သုံးကြိမ်တရားဝင်ခေါ်ရမယ်လို့ ဖော် ပြထားပြီးအဲဒီလိုခေါ်လို့မလာရင် နိုင်ငံဝန်ထမ်းဥပဒေ၊နည်းဥပ ဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပျက် ကွက်တဲ့ရက်ကစပြီး တာဝန်ကယာယီရပ်ဆိုင်းကာဌာနဆိုင်ရာစစ်ဆေးမယ်လို့ ဆိုပါတယ်။
ရခိုင်စစ်ပွဲစတင်ပြီးနောက် စစ်ကောင်စီတပ်က ရခိုင်တပြည်လုံးရှိ ကုန်းလမ်း၊ရေလမ်းတွေကိုပိတ်လိုက်တာမို့ ပညာရေးဝန်ထမ်းတွေအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းတွေပိတ်မိနေခဲ့ကြပြီးခက်ခက် ခဲခဲနေရပ်ပြန်ခဲ့ကြရသလိုလက်ရှိအချိန်ထိတာဝန်ကျရာနေရာသို့သွားလာလို့မရသေးသူတွေလည်းအများကြီးရှိနေသေးတယ်လို့ စစ်ကောင်စီတပ်ထမ်းအသိုင်းအဝိုင်းက ဆိုကြပါတယ်။
ရခိုင်စစ်ပွဲတွေဖြစ်လာပြီးနောက် အပြစ်မဲ့ရခိုင်ပြည်သူနှစ်ရာခန့်ကိုစစ်ကောင်စီကမတရားဖမ်းဆီးထားပြီးအဲဒီအထဲမှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေအ ပါဝင်စစ်ကောင်စီဝန်ထမ်းတွေလည်းပါဝင်နေတာမို့ ရခိုင်ကစစ်ကောင်စီဝန်ထ မ်းအများစုနှုတ်ထွက်ဖို့ပြင်ဆင်နေကြတာလို့ ဆိုကြပါတယ်။
(ဓာတ်ပုံ-ရခိုင်စစ်ပွဲစတင်ပြီးနောက် စစ်ကောင်စီတပ်က ရခိုင်တပြည်လုံးရှိ ကု န်းလမ်း၊ရေလမ်းတွေကိုပိတ်လိုက်တာမို့ ပညာရေးဝန်ထမ်းတွေအခက်အခဲပေါင်းစုံနဲ့နေရပ်ပြန်နေကြရပုံ/ လူမှုကွန်ရက်)
https://www.facebook.com/bordernewsagency/posts/374692798412224