မောင်တောမာ စစ်ကောင်စီတပ်နခခ(၅)က လက်နက်ကြီးနန့်တိုက်ခိုက်မှုမှာ ရွာသာယာရွာက အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတယောက်ထိခိုက်ဒဏ်ရာရ

By Arakan Princess Media / 2023 December    15

ဒေနိ(ဒီဇမ်ဘာ ၁၅ ရက်နိ) ညဇာပိုင်းက မောင်တောမြို့နယ်မာ စစ်ကောင်စီတပ် နခခ(၅)က လက်နက်ကြီးနန့်တိုက်ခိုက်မှုမှာ ရွာသာယာရွာက အသက် ၅၈ နှစ်အရွယ် ဒေါ်မသာနု ထိခိုက်ဒဏ်ရာရလားခကြောင်းသိရပါရေ။

ဒေနိနိခင်း ၂ နာရီကမောင်တောမြို့နယ်၊ ကန်သာယာအထက်ရွာ၊ ကန်သာယာအလယ်ရွာနန့် ကံပြင်သာစည်ရွာတိသို့  နခခ(၅)တပ်ရင်းက လက်နက်ကြီးနန့်ပစ်ခါ ကျည် (၃) လုံးစွာ ကံပြင်သာစည်ရွာနန့် ရွာသာယာကြားဟိ ဒေါ် မသာနု၏ ဟင်းခင်းသို့ ကျရောက်ပေါက်ကွဲခပါရေ။

ယေခါ ဟင်းခင်းမာဟိနီရေဒေါ် မသာနု၏ ဂေါင်းမာ ကျည်စမှန်လားရေပိုင် ဟင်းခင်းနားက နွားမတကောင်လည်း နှာခေါင်းရိုးမာ ကျည်စကျလားရေလို့ မျက်မြင်ဒေသခံတိကပြောပါရေ။

ကုန်ခရေ ဒီဇမ်ဘာ ၄ ရက်နိကလည်း ယင်းနခခ (၅) တပ်ရင်းစွာ မောင်တောမြို့နယ်၊ ရွှီရင်အီးရွာကို လက်နက်ကြီးပစ်ခတ်ခလို့ ရွာသား ၄ ယောက်ထိခိုက်ဒဏ်ရာရလားခရပါသိမ့်ရေ။

ရက္ခိုင်မာ ရက္ခိုင့်တပ်တော်AAနန့် စစ်ကောင်စီတပ်ရို့တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းစစ်ကောင်စီတပ်က အရပ်သားပြည်သူတိနီထိုင်ရာ ရပ်ရွာတိ၊ မြို့တိကို လက် နက်ကြီး၊လက်နက်ချေတိ နန့် နိစဥ်ရက်ဆက် ပစ်ခတ်နီတုန်းဖြစ်ပါရေ။

https://www.facebook.com/arakanprincessmedia1/posts/380788337679460

Leave a Reply

Your email address will not be published.