မောင်တောတောင်ပိုင်းရှိ မောရဝတီဗျူဟာသို့ စစ်ကောင်စီတပ်အင်အားဖြည့်

By Border News Agency / 2023 December   9

(ဓာတ်ပုံ-ရခိုင်တကျော့ပြန်တိုက်ပွဲအပစ်ရပ်ပြီးနော က်မောင်တောမြို့နယ်တောင်ပိုင်းအလယ်သံကျော်ကမ်းခြေမှာစစ်ရေးလှုပ်ရှားမှုပြုလုပ်နေပုံ/ပေးပို့)

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊မောင်တောမြို့ကို တိုက် ခိုက်သိမ်းပိုက်နိုင်ရေးမှာ အလွန်အရေးပါတဲ့မောင်တော-အငူမော်ကားလမ်းရှိ မောရဝတီဗျူဟာ(အလ ယ်သံကျော်)မှာ စစ်ကောင်စီတပ်အင်အားဖြည့်ထားတယ်လို့ နယ်ခြားစောင့်အသိုင်းအဝိုင်းက အတည် ပြုပြောကြပါတယ်။

အဲဒီမောရဝတီဗျူဟာ(အလယ်သံကျော်)ဟာ မောင်တောမြို့နဲ့၁၄ မိုင်ခန့်အကွာ မယူတောင်ခြေအနီးမောင်တောမြို့ နယ်တောင်ပိုင်းမှာတည်ရှိပြီးအကြီးဆုံးနဲ့အင်အားအများဆုံးဖြစ်ကာ လက်နက်ကြီးကုန်တွေနဲ့အခိုင်အမာတည် ဆောက်ထားတာဖြစ်ပါတ ယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၃ ရက်နေ့က အငူမော်-မောင်တောကားလမ်းက စစ်ကောင်စီရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို ရက္ခိုင့်တပ်တော်(AA)က တို က်ခိုက်သိမ်းပိုက်ခဲ့သလိုချိန်ခါလိန်အထိုင်စခန်းကြီးကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက်မောင်တော-အငူမော်ကားလမ်းမှာ အမှ တ် ၄ နယ်ခြားစောင့်ရဲတပ်ရ င်း မောရဝတီဗျူဟာ (အလယ်သံကျော်)နဲ့အမှတ် ၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊အင်းဒင်တပ် ရင်းနှစ်ခုကာ အကြီးဆုံးကျန်ပြီးမောရဝတီဗျူဟာ(အ လယ် သံကျော်)ဟာ စစ်သည်အင်အားအများဆုံးရှိနေတာကို Border News Agency ကလက်ခံရရှိထားတဲ့ မောင်တောခရိုင်ရှိစစ်ကောင်စီတပ်ဖွဲ့စည်းပုံနဲ့အင်အားစာရင်းမရသိရပါတယ်။

ဒါပေမယ့် ရက္ခိုင့်တပ်တော်(AA)က မောင်တောမြို့အနီးရှိစစ်ကောင်စီအထိုင်စခန်းတချို့ကို စတင်တို က်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ကမောရဝတီဗျူဟာ (အလယ်သံကျော်)မှာ စစ်သည်၊ လက်နက်၊ရိက္ခာဖြည့်တင်းတာတွေထပ်မံပြုလုပ်နေတာလို့ နယ်ခြားစောင့်အ သိုင်းအဝိုင်းက ဆိုကြပါတယ်။

”မောင်တောတောင်ပိုင်းတခုလုံးကို အေအေထိန်း ချုပ်သွားမှာကိုလုံးဝအဖြစ်မခံဘူး။အဓိကတော့ အငူမော်- မောင်တောကားလမ်းတခုလုံးကို အေအေကိုလုံးဝထိန်း ချုပ်ခွင့်မပေးဘူး။ဒါကြောင့်ဒီလမ်းကြော င်းကအဓိကဗျူဟာမှာအင်အားထပ်ဖြည့်နေတာပေါ့။”လို့ မောရဝတီဗျူဟာ(အလယ်သံကျော်)မှစစ်ကောင်စီအရာရှိတစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီမောရဝတီဗျူဟာ(အလယ်သံကျော်)မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင် အားလေးရာနီးပါးရှိပြီးနော က်ထပ်စစ် သည်အင်အားတစ်ရာကျော်ခန့်ထပ်ဖြည့်နေကာ အဲဒီလိုစစ်သည်၊လက်နက်၊ရိက္ခာဖြည့်တင်းတာတွေကို စစ်တွေကနေနေဗီကြီးတွေနဲ့ပင်လယ်ပ တ်ပို့ဆောင်နေတာလို့ ဆိုကြပါတယ်။

အဲဒီအတွက် မြင်းလွှတ်မြို့နယ်ခွဲမှာအသစ်တည် ဆောက်နေတဲ့ အမှတ် ၉ နယ်ခြားစောင့်ရဲတပ်ရင်းမှတပ်ရင်းမှူးကိုယ်တိုင်ဦးဆောင်ပြီး အတက်အဆင်းပြု လုပ်မယ့်ပင် လယ်ကမ်းခြေတလျှောက်မှာ တပ်ဖွဲ့ဝင်အင်အားနှစ်ရာနီးပါးနဲ့တပ်ဖြန့်လုံခြုံရေးယူပေးထားတယ်လို့ နယ်ခြားစောင့်အသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒီအပြင်မောင်တောမြို့နယ်တောင်ပိုင်းက ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အဲဒီလမ်းကြောင်းကတဆင့် စစ်တွေမြို့ရှိစစ်ကောင်စီတပ်ဆေးရုံသို့ ပို့ဆောင်ကုသပေးနေတယ်လို့လည်း ဆိုကြပါတယ်။

”အငူမော်ဆိပ်ကမ်းနဲ့ကိုအသုံးပြုလို့မရတော့ဘူးဆိုတော့ အလယ်သံကျော်နဲ့အင်းဒင်ကြားမှာလုံခြုံရေးအပြည့်ချ ထားတယ်။အဲဒီကြားထဲကပင်လယ်ကမ်း ခြေကိုအ သုံးပြုပြီးစစ်ရေးလိုအပ်ချက်တွေကိုဖြည့်တယ်။ပစ်ကူအ တွက် လည်းနေဗီကြီးကအဆင်သင့်ပဲ။”လို့ အမှ တ် ၉ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ့မှစစ်ကောင်စီအရာရှိတစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီအမှတ် ၉ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲဟာ အမှတ် ၄ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ့၊မောရဝတီဗျူဟာ(အလ ယ်သံကျော်)နဲ့ အမှတ် ၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊အင်းဒင်တပ်ရင်းကြား၊မြင်းလွှတ်မြို့နယ်ခွဲအပိုင်၊ဥဒေါင်း-အငူမော်ကားလမ်းဘေးမှဘင်္ဂလားပင်လ ယ်ကမ်းခြေထိစစ်တပ်ကအာဏာသိမ်းပြီးနောက်အ သစ်တည်ဆောက်နေတာဖြစ်ပါတယ်။

အဲဒီအမှတ် ၉ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှာတပ်ရင်းစတည်ချိန်က အင်အားတစ်ရာကျော့်ခန့်သာရှိခဲ့ပေမယ့် ရခိုင်တကျော့ပြန်တိုက်ပွဲအပစ်ရပ်ထားချိန်မှာအင်အား သုံးရာနီးပါးထိတိုးထားပြီးကမ်းခြေစောင့်တပ်အဖြစ်အလယ်သံကျော်ကမ်းခြေတလျှောက်မှာ တပ်ရင်းမှူးကိုယ်တိုင်နေထိုင်ကွပ်ကွဲနေတာလို့နယ်ခြားစောင့်အသိုင်း အဝိုင်းက ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/374659598415544

Leave a Reply

Your email address will not be published.