မောင်တောကလက်နက်ကြီးကျဥ်ထိမှန်ထားတဲ့အမျိုးသမီးတွေ အကူအညီတွေလိုအပ်နေ

By Border News Agency / 2023 December   19

မောင်တောမြို့နယ် ရွာသာယာကျေးရွာက လက်နက်ကြီးကျည်ဦးခေါင်းမှာထိမှန်ဒဏ်ရာရသွားတဲ့အမျိုးသမီးတစ်ဦးဟာ ရန်ကုန်သို့သွားရောက်ဆေးကုသ ဖို့လိုအပ်နေပေမယ့်လမ်းပိတ်ထားတာတွေ၊လေယာဥ်လက်မှတ်မရတာစတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့မိသားစုဝင်တွေက ဆိုကြပါတယ်။

မောင်တောမြို့နယ်၊ရွာသာယာကျေးရွာက အသက် ၅၈ နှစ်အရွယ်၊ဒေါ်မလှရွှေဟာ ပြီးခဲ့တဲ့ဒီဇင် ဘာလ ၁၅ ရက်နေ့၊နေ့လည် ၂ နာရီအချိန်ခန့်က မောင်တောမြို့အဝင်ရှိ မြို့သူကြီးအ ခြေစိုက် အမှ တ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့က လက်န က်ကြီးတွေပစ်ခတ်လို့ကျရောက်ပေါက်ကွဲပြီးဒဏ် ရာရရှိခဲ့တာလို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၃ ရက်နေ့က မော င်တော-အငူမော်ကားလမ်းရှိစစ်ကောင် စီရဲ့ဒုံးပိုက်စခန်းကို ရက္ခိုင့်တပ်တော်(A A)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စ စ်ကောင်စီကလမ်းတွေအားလုံးကိုပိတ်လိုက်တာမို့ အရေးပေါ်ကျန်းမာရေးကိစ္စတွေကအစကန့်သတ်ပိတ်ဆိုခံနေကြရတာလို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအမျိုးသမီးရဲ့သမီးဖြစ်သူကတော့သူမအမေရဲ့ဆေးဝါးကုသမှုအခက်အ ခဲတွေကို Border News Agency သို့ခုလိုရှင်းပြပါတယ်။

အဲဒီအပြင် မောင်တောမြို့နယ်၊ရွှေရင်အေးကျေးရွာသို့ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၄ ရက်နေ့က မောင်တောမြို့အဝင်ရှိ မြို့ သူကြီးအခြေစိုက်၊အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိလ က်နက်ကြီးတွေပစ်ခတ်လိုက်တာမို့ကျေးရွာထဲကျရောက်ပေါက်ကွဲပြီးကို ယ်ဝန်ဆောင်အမျိုး သမီးတစ်ဦးအပါအ ဝင် အပြစ်မဲ့ပြည်သူလေးဦးထိခိုက်ဒ ဏ်ရာရရှိခဲ့တယ်လို့ ရွာသားတွေက ဆိုကြပါတယ်။

အဲဒီထိခိုက်ဒဏ်ရာရသူတွေထဲက နှစ်ဦးဟာ မောင်တောခရိုင်ပြည်သူ့ဆေးရုံမှာလက်ရှိအချိန်ထိကုသမှုခံယူနေကြရတုန်းလို့မိသားစုဝင်တွေက ဆိုကြပါတယ်။

အဲဒီအထဲကလက်နက်ကြီးကျည်ကျော့ကုန်းမှာထိမှန်ဒဏ်ရာရရှိခဲ့ပြီးဆေးကုသနေရတဲ့ရွှေ ရင်အေးကျေးရွာက အသ က် ၆၂ နှစ်အရွယ်၊ဒေါ်ခင်ယဥ်ကတော့အကူအညီတွေလိုအပ်နေတယ်လို့ Border News Agency သို့ ပြောပါတယ်။

ဒဏ်ရာကတောနာနေတုန်းပါ။ဆေးရုံကဆင်းဖို့ခွင့်မပြုသေးပါဘူး။ ၄ ဦးမှာ ၂ ဦးကဆေးရုံကဆင်းရပြီဗိုက်ကြီး သ ည်နဲ့ကျွန်မကကျန်နေတာပါ။”

မောင်တောမြို့နယ်၊မယူတောင်ခြေအ နီးရှိ ရွာသာယာ၊ကံပြင်သာစည်၊အထ က်ကံသာယာ၊အောင်ကံသာယာ၊ဗောဓီကုန်း၊ရွှေရင်အေး၊ခရေမြိုင်၊သာယာကုန်း၊ငွေတောင်စတဲ့ကျေးရွာတွေကိုစစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခ တ်တာတွေနေ့စဥ်ပြုလုပ်နေကြတယ်လို့ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီလိုလက်နက်ကြီးပစ်ခတ်တာတွေကို မောင်တောမြို့နယ်၊လေးမိုင်ရှိ စစ်ကောင်စီရဲ့ အမှတ် ၂ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ခွဲနဲ့မောင်တောမြို့အဝင်၊မြို့သူ ကြီးရှိ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှပြုလုပ်နေကြတာလို့ မောင်တောမြို့ခံတွေက ဆိုကြပါတယ်။

နောက်ပြီးမောင်တောမြို့နယ်တောင်ပို င်း၊အလယ်သံကျော်ကမ်းခြေရှိစစ်ကောင်စီရဲ့ရေတပ်စစ်သင်္ဘောကြီးကလည်း လက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

https://www.facebook.com/watch/?v=319328244342096

Leave a Reply

Your email address will not be published.