ပေါက်တောမြို့ကိုစစ်ကူးပေးဖို့ စစ်ကောင်စီတပ်က ရေလုပ်သားတွေကို လူသားဒိုင်းကာပြုလုပ်နေ

By Border News Agency / 2023 December   8

(ဓာတ်ပုံ-ရခိုင်မှာစစ်ကောင်စီတပ်အသုံးပြုနေတဲ့က မ်းထိုးရေယာဥ်တစ်စီး/BNA)

ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတဲ့ပေါက်တောမြို့ကို စ စ်ကူပေးဖို့အတွက် စစ်ကောင်စီတပ်က ရေလုပ်သားတွေကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီးလူ သားဒိုင်းကာအဖြစ်အသုံးပြုနေတယ်လို့ ရခိုင်အ ရေးစောင့်ကြည့်လေ့လာနေသူတွေ၊ရခိုင်ပြည်သူတွေနဲ့မိသားစုဝင်တွေက ဆိုကြပါတယ်။

အဲဒီရေလုပ်သားတွေဟာ စစ်တွေမြို့၊ရွှေပြည်သာကျေးရွာမှာနေထိုင်လုပ်ကို င်နေကြသူတွေဖြစ်ပြီး သူတို့ကို ဒီဇင်ဘာလ ၇ ရက်၊မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီးငါးဖမ်းလှေတွေကိုအသုံးပြုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပေါက်တောမြို့အနီးသို့ချဥ်ကပ်နိုင်ဖို့အတွက်

လူသားဒိုင်းကာအဖြစ်အသုံးပြုခေါ်သွားတာလို့ ဆိုကြပါတယ်။

အဲဒါကာအရပ်သားပြည်သူတွေကို စစ်ရေးမှာလူ သားဒိုင်းကာအဖြစ်အသုံးပြုပြီး စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာဖြစ်သလိုစစ်ကောင်စီရေတပ်နေဗီတွေ အလုပ်မဖြစ်တာကိုလည်း ပြနေတယ်လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေ သူတွေက ဆိုကြပါတယ်။

”ပေါက်တောမြို့အနီးကပိုက်တွေကိုဖြုတ်ဖို့ရေလုပ် သားတွေကိုခေါ်သွားတယ်ဆိုပေမယ့်ဒါကအတင်း အဓမ္မစေခိုင်းမှုပါ။နောက်ပြီးလူသားဒိုင်းကာပြုလုပ်ပြီးစစ်ရေးမှာအသုံးချတာပါ။စစ်သားတွေကိုယ်စားသေခိုင်းလိုက်တာပါပဲ။သူတို့ရေတပ်က စစ်သားတွေဆင်းဖြုတ်ကြပေါ့။ပိုက်တွေရှိလို့နေဗီတွေသွားလို့မရဘူးဆိုရင် နေဗီတွေအလုပ်မဖြစ်တော့လို့ပေါ့။” လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူတစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီလိုအတင်းအဓမ္မစေခိုင်းလူသားဒိုင်းကာပြုလုပ်ခံနေကြရသူတွေဟာ စစ်တွေမြို့၊ရွှေပြည်သာရွာနေ ဦးသန်းဌေး၊စိုးမင်းထွန်း၊မောင်အေးလှ၊မောင်ထွန်းမြင့်၊ဦးအောင်ချမ်းလှ၊ဦးကျော်ရဲအော င်၊ဦးကျော်ဌေးဝင်း၊ဦးကျော်နိုင်၊မောင်သိန်းနိုင်တို့ ဖြစ်ကြတယ်လို့ မိသားစုဝင်တွေနဲ့ရွာသားတွေက ဆိုကြပါတယ်။

အဲဒီလိုဖမ်းဆီးခေါ်ဆောင်သွားသူတွေမှာဖုန်းတွေပါ သွားကြပေမယ့်မိသားစုဝင်တွေဆက်သွယ်လို့မရကြသေးသလို စစ်ကောင်စီတပ်ကပြန်လွှတ်လိုက်ပြီလို့ပြောပေမယ့် ခုထိအိမ်ပြန်မရောက်သေးဘူးလို့ ဆိုကြပါတယ်။

”သေနတ်တွေနဲ့လာခေါ်တော့ မလိုက်လို့လည်းမရပါဘူး။ခုကဖုန်းဆက်လို့လည်းမရပါဘူး။ဘာတွေဖြစ်နေသလဲတော့မသိဘူး။ပါသွားတဲ့သူတွေရဲ့မိ သားစုဝင်တွေကတော့ စိုးရိမ်နေကြပါတယ်။”လို့ ရွှေပြည်သာကျေးရွာမှအတင်းအဓမ္မစေခိုင်းခံနေရသူတစ်ဦးရဲ့မိသားစုဝင်တစ်ဦးက Border News Agency သို့ ပြောပါတယ်။

အဲဒီရေလုပ်သားတွေကို ငါးဖမ်းလှေတွေအသုံးပြုပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ပေါက်တောမြို့ နယ်ဖက်သို့ထွက်ခွာသွားကြတာမို့ ရက္ခိုင့်တပ်တော်

(AA)က ပစ်ခတ်လို့သေဆုံးဒဏ်ရာရသွားကြမှာကို စိုးရိမ်နေကြသလို စစ်တပ်က ပြန်မလွှတ်ပေးမှာကိုလည်း စိုးရိမ်နေကြတယ်လို့ မိသားစုဝင်တွေက ဆို

ကြပါတယ်။

ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တဖက်ကမ်းရှိ ပေါက်တောမြို့ပေါ်မှာရက္ခိုင့်တပ်တော်(AA) နဲ့စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က ကြေးရေလေပူးပေါင်းတိုက် ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ရေတပ်စစ် သင်္ဘောတွေကိုအသုံးပြုတိုက်ခိုက်နေသလို ပေါက်တောမြို့နယ်ကမြစ်ကမ်းအနီးရှိကျေးရွာတွေကို စစ်ကောင်စီတပ်ကနေတပ်စစ်သင်္ဘောတွေကိုအကြော င်းမဲ့လက်နက်ကြီးပစ်ခတ်တာတွေ၊တက်ကောက်မီး ရှို့တာတွေပြုလုပ်နေသလို ဒေသခံပြည်သူတွေကိုပစ်ခတ်သတ်ဖြတ်တာတွေပြုလုပ်နေကြတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင်ပေါက်တောမြို့ပေါ်ရှိပြည်သူတွေအပါအ ဝင်စစ်ကောင်စီဝန်ထမ်းတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေါက်တောမြို့ပေါ်မှာလူသားဒိုင်း ကာအဖြစ်ဓားစာခံဖမ်းဆီးထားဆဲဖြစ်တယ်လို့ မိသားစုဝင်တွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေါက်တောမြို့ပေါ်မှာလူသားဒိုင်းကာအဖြစ်ဓားစာခံဖမ်းဆီးထားသူအ များစုကို ရက္ခိုင့်တပ်တော်(AA)က ကယ်ထုတ်ခဲ့သ လို့ ဆက်လက်ကယ်ထုတ်နေပြီးလက်တုံ့ပြန်သွားမ ယ်လို့လည်း ရက္ခိုင့်တပ်တော်(AA)ကထုတ်ပြန်ထားပါတယ်။

https://www.facebook.com/bordernewsagency/posts/374251245123046

Leave a Reply

Your email address will not be published.