ပလက်ဝမှာ စစ်ကောင်စီနှင့် AA တို့လက်နက်ကြီးအပြန်အလှန်ပစ်ခတ်

By VOW / 2023 December   8

ပလက်ဝမြို့နားမှာရှိတဲ့ ၂၈၉ တပ်ရင်းကနေ စစ်ကောင်စီတွေက ရက္ခိုင့်တပ်တော် AA ဖက်ကို ဒီနေ့ ဒီဇင်ဘာ ၈ ရက်မနက် ၇ နာရီလောက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေတဲ့အတွက် AA ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပြန်ပစ်တယ်လို့

ပလက်ဝမြို့ခံတွေက ပြောပါတယ်။

” ဒီနေ့ မနက် ၇ နာရီလောက်ကနေ ၂၈၉ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာ ၁၀ နာရီလောက်မှာတော့ AA ဖက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ ၁၁ နာရီကျော်လောက်မှာတော့ ရပ်သွားကြတယ်” လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

အဲဒီ ပစ်ခတ်မှုကြောင့် ပလက်ဝမြို့က ဆေးရုံနားမှာ လက်နက်ကြီးတစ်လုံး လာကျတာရှိတယ်လို့ မြို့ခံအမျိုးသမီးတစ်ယောက်က VOW ကို ပြောပါတယ်။

” ဆေးရုံအနောက်မှာ လက်နက်ကြီးတစ်လုံးကျတယ်။ မပေါက်ကွဲလို့ တော်သေးတာပေါ့။ ဘယ်သူ့ဖက်ကပစ်တဲ့ လက်နက်လဲဆိုတာကိုတော့ မသိဘူး” လို့ ဆိုပါတယ်။

ပလက်ဝမြို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့လည်း ၂၈၉ တပ်ရင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က နေ့စဉ်နေ့တိုင်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေကြတယ်လို့ မြို့ခံတွေက VOW ကို ပြောပါတယ်။

https://www.facebook.com/VOW2ppl/posts/377529691325920

Leave a Reply

Your email address will not be published.