ပလက်ဝ​မြို့နယ်ဟိ စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာနန့် နှုံးဘူးဗျူဟာကို အပြင်းအထန်ထိုးစစ်ဆင်လျက်ဟိကြောင်း AA ထုတ်ပြန်

(စစ်ကောင်စီက ဓာတုဓာတ်ငွိဗုံးတိ အသုံးပြု ခုခံလာ)

By Arakan Princess Media / 2023 December    3

ပလက်ဝမြို့နယ်အတွင်းဟိ စစ်ကောင်စီ၏ အခိုင်အမာ အထိုင်ချထားရေ “တရွန်အိုင်ဗျူဟာ”နန့် “နှုံးဘူးဗျူဟာ” စခန်းကုန်းကြီးနှစ်ခုစလုံးကို ရက္ခိုင့်တပ်တော်က နိုဗမ်ဘာ ၁၄ ရက်နိ တရက်တည်း ရှိဆင့်နောက်ဆင့်ထိုးစစ်ဆင်တိုက်ခိုက်ခရာ လက်ဟိမာ ထိုးစစ်အဟိန်မြင့်တက်လျက်ဟိပြီးကေ စစ်ကောင်စီကလည်း လီကြောင်းပစ်ကူတိအပြင် ဓာတုဓာတ်ငွိဗုံးတိပါ အသုံးပြုပနာ အပြင်းထန်ဆုံးခုခံလျက်ဟိကြောင်း ရက္ခိုင့်တပ်တော် AA က ဒေနိ(ဒီဇမ်ဘာ ၃ ရက်နိ) သတင်းထုတ်ပြန်ပါရေ။

ထုတ်ပြန်ချက်မာ”ပလက်ဝမြို့နယ်အတွင်းဟိစစ်ကောင် စီ၏ အခိုင်အမာ အထိုင်ချပြီး၊ အနီးအနားဒေသခံ ပြည် သူလူထုတိနန့် မိမိရို့အား လက်နက်ကြီးတိနန့် နှစ်ရှည်လ များ ဒုက္ခပီးနီခရေ “တရွန်အိုင်ဗျူဟာ”နန့် “နှုံးဘူးဗျူဟာ” စခန်းကုန်းကြီးနှစ်ခုစလုံးကို ရက္ခိုင့်တပ်တော်က ၂၀၂၃ ခုနှစ်၊နိုဗမ်ဘာ ၁၄ ရက်နိ တရက်တည်းမာ ရှိဆင့်နောက်ဆင့်ထိုးစစ်ဆင်တိုက်ခိုက်ခစွာရေဒေနိဆိုကေ ရက်ပေါင်း (၂၀) တင်းတင်းပြည့်မြောက်ခပြီးဖြစ်ပါရေ။ ထိုးစစ်အဟိန်လည်း တဖြည်းဖြည်းမြင့်တက်လျက်ဟိပြီးကေ ရန် သူ၏ အပြင်းအထန် ခုခံစစ်မှာလည်း အမြင့်ဆုံးအချိန်သို့ ရောက်ဟိလာပနာ ဒေနိတရက်တည်းမာပင် ရန်သူစွာ ဂျက်တိုက်လီယာဉ်၊ Mi35 ၊ Y 8 ၊ Y 12 ရို့နန့် လီကြောင်းပစ်ကူ အကြိမ်အရေအတွက် (၃၀) ကျော်အထိဟိခပါရေ” လို့ ဖော်ပြထားပါရေ။

ယင်းအပြင် ဒေနိညဇာ ၆နာရီ ၃၈ မိနစ်မာ စစ်ကောင်စီစွာ Chemical Warfare Agents ဓာတုဓာတ်ငွိပါရေ ဗုံးတိကိုအသုံးပြုပြီးကေ ဂျက်တိုက်လီယာဉ်တစီးနန့် လာရောက် တိုက်ခိုက်ခရေလို့ ဆိုပါရေ။

စစ်ကောင်စီစွာ ဒေဂုပိုင် ဓာတုဓာတ်ငွိပါရေ ဗုံးနန့် တိုက် ခိုက်မှုမျိုးကို သျှမ်းမြောက်ဒေသအတွင်း ၁၀၂၇ စစ်ဆင်ရီး၏ အထိနာရေကာလမျိုးမာ သုံးစွဲခဖူးကြောင်းလည်း ထုတ်ပြန်ချက်မာ ဖော်ပြပါရေ။

ဒေနိမာ ရက္ခိုင့်တပ်တော်၏ ထိုးစစ်စွာ အမြင့်ဆုံးဖြစ်တေပိုင် စစ်ကောင်စီဖက်ကလည်း လီကြောင်းပစ်ကူ အများဆုံးနိဖြစ်​ပြီးကေ၊ ရက္ခိုင့်တပ်တော်အနီနန့် ယင်းဗျူဟာကုန်း (၂) ခုစလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ရီးအတွက် ထိုးစစ်ကို ဆက်လက်အဟိန်မြှင့်တင်လားဖို့လို့လည်း ဆိုပါရေ။

စစ်ရီးအရ နိုင်ငံအနှံ့နီရာတိုင်းမာ အထိနာနီရေ စစ်ကောင် စီတပ်စွာ သူရို့အထိနာတိုင်း ပြုလုပ်နီကျ လုပ်ရပ်တိဖြစ်တေ စစ်ဆင်ရီးပစ်မှတ်မဟုတ်တေ အနီးအနားဟိ ပြည်သူတိနီထိုင်ရေ ကျေးရွာတိကို လီကြောင်း၊ လက်နက်ကြီးတိနန့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရပ်ရွာတိကို မီးတိုက်ဖျက် ဆီးခြင်း၊ အပြစ်မဲ့အရပ်သားပြည်သူတိကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းစရေ စစ်ရာဇဝတ်မှုတိကို တခုပြီးတခု ဆက်တိုက် ကျူးလွန်လျက်ဟိ​ရေပိုင် ပြည်သူတိအနီနန့် စစ်ကောင်စီ၏ အဂုပိုင် စစ်ရာဇဝတ်မှုကျူးလွန်နီရေ မှတ်တမ်းတိကို ရဲရဲဝံ့ဝံ့အမိအရရိုက်ကူးမှတ်တမ်းတင်ထားပနာ နီးစပ်ရာ အာရက္ခပြည်သူ့အစိုးရအဖွဲ့ဝင်တိဘားသို့ ပီးပို့ကတ်ဖို့ကိုလည်း ရက္ခိုင့်တပ်တော်က တိုက်တွန်းထားပါရေ။

ဒေနိမာလည်း စစ်ကောင်စီတပ်စွာ ပေါက်တောမြို့ကို ကြည်း၊ ရီ၊ လီ သုံးခုပေါင်းပနာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လျက်ဟိပြီး ပေါက်တောမြို့တွင်းတိုက်ပွဲစွာလည်း အဟိန်မြင့်လျက်ဟိရေလို့ သိရပါရေ။

ယင်းအပြင်  ဒေနိ မွန်းလွဲ ၂ နာရီအချိန်မာ ပုဏ္ဏားကျွန်းမြို့နယ် “ရဲရိုးပြင်ကျေးရွာ”ကို အကြမ်းဖက်စစ်ကောင်စီတပ်တခုဖြစ်တေ ခလရ (၂၇၀) တပ်ရင်းက တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမဟိဘဲ ကျေးရွာအတွင်းဝင်ရောက်ပနာလက်နက်ကြီး၊ လက်နက်ချေတိနန့် ပစ်ခတ်ပြီးကေ မီး တိုက်ဖျက်ဆီးခရေအပြင် အပြစ်မဲ့ဒေသခံရွာသားတချို့ကို ဖမ်းဆီးခရေပိုင် ဒေနိ ညဇာ ၄ နာရီအချိန်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် “ခမောင်းတောကျေးရွာ”ကို ယင်း ခလရ (၂၇၀) တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမဟိဘဲ ထပ်လို့ မီးတိုက်ခပါရေ။

စစ်ကောင်စီတပ်စွာ စပါးရိတ်သိမ်းနီကတ်တေ တောင်သူ လယ်သမားတိကို လီကြောင်းက တမင်တကာ ရည်ရွယ် ချက်ဟိဟိပစ်ခတ်တိုက်ခိုက်ခြင်း၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့ဟိ ဈီးတိကိုမီးတိုက်ခြင်း၊ ညည့်အချိန်တိမာ ရပ်ရွာတိကို လက်နက်ကြီး၊ လက်နက်ချေတိနန့် ပစ်ခတ်ခြင်း၊ ဒရုန်းတိနန့် ရပ်ရွာတိကို ဗုံးကြဲခြင်း အစဟိရေ စစ်ရာဇဝတ်မှုတိကိုအစီစဉ်ချပြီး တရက်ထက်တရက် ထပ်မံ ကျူးလွန်လျက်ဟိရေလို့ ရက္ခိုင့်တပ်တော်က ဆိုပါရေ။

ရက္ခိုင့်တပ်တော်အနီနန့်အာရက္ခပြည်သူလူထု၏အသက်၊ အိုးအိမ်၊စည်းစိမ်တိကိုဖျက်ဆီးခရေ စစ်ကောင်စီ၏ တပ် ဖွဲ့၊ တပ်ရင်း၊ တပ်မတိကို နိရက်အလိုက် ဖြစ်စဉ်ဖြစ်ရပ်တိနန့် စနစ်တကျ သေချာစွာ မှတ်တမ်းတင်ထားပြီးကေ ၎င်းရို့ကို အယင်ဆုံး လက်တုံ့ပြန်တိုက်ခိုက်လားဖို့လို့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။

https://www.facebook.com/arakanprincessmedia1/posts/374412108317083

Leave a Reply

Your email address will not be published.