နှုံးဘူးဗျူဟာကို AA က သိမ်းပိုက်လိုက်ပြီလို့ဆို

By VOW / 2023 December   8

ပလက်ဝမြို့နယ်အတွင်းမှာ စစ်ကောင်စီကအထိုင်ချထားတဲ့ နှုံးဘူးဗျူဟာကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ နှုံးဘူးဗျူဟာကုန်းကို ဒီဇင်ဘာ ၇ ရက် နေ့လည်း ၁၂ နာရီလောက်က AA က သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။

“စစ်သားတွေ အထိုင်ချထားတဲ့ နှုံးဘူးဗျူဟာကုန်းကိုလည်း AA က သိမ်းလိုက်ပြီလို့ သတင်းကြားပါတယ်။ အတိအကျတော့ မသိဘူး။ နေ့လည် ၁၂ နာရီလောက်က သိမ်းလိုက်ပြီးလို့ သိရပါတယ်” လို့ ဒေသခံတစ်ယောက်က ဆိုပါတယ်။

နှုံးဘူးဗျူဟာနဲ့ တရွန်အိုင်ဗျူဟာကုန်းကို AA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် အခုလိုသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ပလက်ဝမြို့ ၂၈၉ တပ်ရင်းမှာ ဒီဇင်ဘာ ၆ ရက်နေ့က စစ်လေယာဉ်က လေထီးတွေနဲ့ ရိက္ခာတွေချပေးနေသလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်လေယာဉ်တွေနဲ့ ၂၈၉ တပ်ရင်းမှာ အထုတ်တွေချပေးနေတာကိုတွေ့ရပါတယ်။ ပြီးတော့ လက်နက်ကြီးတွေထုတာ အိမ်တုန်ခါသွားတာမပြောနဲ့ လူတောင်မှ နေရာရွေ့သွားသလားအောင့်မေ့ရတယ်။ ဘယ်လိုလက်နက်ကြီးလဲ မသိဘူး” လို့ ပလက်ဝမြို့ခံတစ်ယောက်က ပြောပါတယ်။

အဲဒီလို ပစ်ခတ်မှုတွေ နေ့စဉ်ရက်ဆက်ဆိုသလို လုပ်နေတဲ့အတွက်ကြောင့် မြို့ခံတွေမှာ စိုးရိမ်ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။

တရွန်အိုင်ဗျူဟာနဲ့ နှုံးဘူးဗျူဟာကို ရက္ခိုင့်တပ်တော် AA က သိမ်းယူရရှိဖို့ ကြိုးစားနေတာ အခုဆိုရင် ဗျူဟာနှစ်ခုလုံးကို သိမ်းပိုက်ရရှိသွားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် ဘာတွေဖြစ်လာမလဲဆိုတာကို တွေးမိရင်း စိတ်ပူနေရတယ်လို့ ဒေသံတွေက ဆိုပါတယ်။

https://www.facebook.com/VOW2ppl/posts/377321661346723

Leave a Reply

Your email address will not be published.