စစ်အာဏာသျှင်စနစ်ချုပ်ငြိမ်းရီးလမ်းစဉ် အပြီးသတ်အောင်ပွဲနန့် ပိုလို့နီးကပ်လာကြောင်း ညီနောင်(၃)ဖွဲ့ ထုတ်ပြန်

(စစ်ကောင်စီ ဂျက်တိုက်လီယာဉ်နန့် ဗုံးကြဲတိုက်ခိုက်လို့ နမ့်ခမ်းမြို့နယ်မာ ၅ နှစ်သားအချေတယောက်အပါအဝင် ၅ ယောက်သီဆုံး)

By Arakan Princess Media / 2023 December    8

စစ်အာဏာသျှင်စနစ် ချုပ်ငြိမ်းရီးလမ်းစဉ် အပြီးသတ်အောင်ပွဲနန့် ပိုလို့ နီးကပ်လာယာဖြစ်ကြောင်း ၁၀၂၇စစ် ဆင်ရီး(၄၂)ရက်မြောက်နိဖြစ်တေ ဒီဇမ်ဘာ ၇ ရက်နိမာ ညီနောင်(၃)ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါရေ။

ယင်းထုတ်ပြန်ချက်အတွင်း “၁၀၂၇ စစ်ဆင်ရီးကို စတင်ခရေ ညီနောင်မဟာမိတ် (၃) ဖွဲ့ရေ ပြည်သူလူထုနန့်တတူ တခြားမဟာမိတ်အင်အားစုရို့၏ အားပီးထောက်ခံမှု၊ ဝန်းရံပံ့ပိုးမှုတိကြောင့် ဆင်နွှဲ့နီရေ စစ်ဆင်ရီး၏အဟုန်စွာ ပြည်သူလူ ထုတရပ်လုံး လိုလားတောင့်တနီရေ စစ်အာဏာသျှင်စနစ် ချုပ်ငြိမ်းရီးလမ်းစဉ် အပြီးသတ်အောင်ပွဲနန့် ပိုလို့ နီးကပ်လာယာ”လို ဖော်ပြထားပါရေ။

ယင်းအပြင် ဒီဇမ်ဘာ ၇ ရက်နိ၊ မိုးထစောစော ၀၀ နာရီမိနစ် ၃၀က စစ်ကောင်စီစွာ ဂျက်တိုက်လီယာဉ်နန့် ပေါင် (၅၀၀)ဗုံးတိကို နမ့်ခမ်းမြို့နယ်၊ ပန်လော်ကျေးရွာနန့် ဟိုနားကျေးရွာတိသို့ကြဲချရာ ဟိုနားကျေးရွာက ၅နှစ်အရွယ်  အချေတယောက်အပါအဝင် ဒေသခံ ၅ယောက် သီဆုံးခပြီးကေ ၄ ယောက် ထိခိုက်ဒဏ်ရာရလားခရေလို့ ညီနောင် (၃)ဖွဲ့က ဆိုပါရေ။

အလားတူ ဒီဇမ်ဘာ ၆ ရက်နိ မိုးထ ၆ နာရီကလည်း စစ်ကောင်စီစွာ  ကျောက်မဲအခြီစိုက် (၅၀၁)၊ (၅၀၂) တပ်စ ခန်းတိကနီ လက်နက်ကြီးတိနန့် ယမ်းကားပစ်ခတ်ရာ

ကျောက်မဲမြို့၊ အောင်မြေသာယာရပ်ကွက် (ငြိမ်းချမ်းရေးကုန်း)ဟိ လူနီအိမ် ၂ လုံး ထိမှန်ပျက်စီးလားကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။

အယင်ရက်တိနည်းတူ စစ်ဆင်ရီး (၄၂) ရက်မြောက်နိမာလည်း ညီနောင်မဟာမိတ် (၃) ဖွဲ့စွာ အရပ်သားပြည်သူ တိကို ပစ်မှတ်ထားတိုက်ခိုက်နီရေ ရန်သူ့စခန်းကြီး၊ ငယ်

တိနန့်အညံ့မခံရေရန်သူ့တပ်ဖွဲ့ဝင်တိကို ချေမှုန်းတိုက်ခိုက်

ခရေလို့ ညီနောင်သုံးဖော်က ဆိုပါရေ။

ဒီဇမ်ဘာ ၇ ရက်နိ၊မိုးထ ၆ နာရီခွဲမာ တအာင်းတပ်မတော် (TNLA) နန့် မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်း လုံမြို့နယ်ဟိ စစ်ကောင်စီ၏ “လယ်ကြီးတပ်စခန်း” ကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ခပြီး နိခင်း ၁၁ နာရီခွဲလောက်မအပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခပြီးကေ စခန်းအတွင်း က ၆၀/၈၀ မမ လက်နက်ကြီး၊ လက်နက်(၁၀)လက်၊ စစ်အသုံးအဆောင်တိကို သိမ်းဆည်းရမိခရေလို့ ဖော်ပြထားပါရေ။ ဒေတိုက်ပွဲအတွင်း ရန်သူစွာ ဂျက်ဖိုက်တာနန့်(၁၂) ကြိမ် ပစ်ကူပီးခရေလို့ ဆိုပါရေ။

အလားတူ ဒီဇမ်ဘာ ၇ ရက်နိ၊မိုးထပိုင်းကစလို့ TNLA စွာမန်တုံမြို့နယ်ဟိ စစ်ကောင်စီ၏ “ခိုမုန်း တပ်စခန်း” ကို စ တင်တိုက်ခိုက်ရာ ညဇာ ၄နာရီခွဲမာအပြီး သတ်ချေမှုန်း သိမ်းပိုက်နိုင်ခပါရေ။

ယေပြီးကေ TNLA စွာ ရက်ပေါင်း (၄၂)ရက်ကြာ ထိုးစစ် ဆင်တိုက်ခိုက်လာခရေ နမ့်ခမ်းမြို့နယ်အတွင်းက စစ်ကောင်စီ၏”စခန်းသစ်ဗျူဟာကုန်း”ကို ဒီဇမ်ဘာ၇ရက်နိခါလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခပါရေ။ ဒေဗျူဟာကုန်းကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ရေ (၄၂)ရက်တာ ကာလအတွင်း စစ်ကောင်စီရေ ဂျက်ဖိုက်တာနန့် (၁၉၅) ကြိမ်၊ Y8၊ Y12 ရဟတ်ယာဉ်တိနန့် (၅၅)ကြိမ်၊ ဓာတုအဆိပ်ငွိ့ဗုံးနန့် (၃)ကြိမ် လီကြောင်းတိုက်ခိုက်ခပြီး၊ လက်နက်ကြီးနန့် အကြိမ်ပေါင်း (၃၀၀) ထက်မနည်း ပစ်ခတ်ခရေလို့လည်း ညီနောင်သုံးဖော်က ဆိုပါရေ။

ယင်းနည်းတူ ဒီဇမ်ဘာ ၇ ရက်နိ၊ ညဇာ ၄ နာရီ ၁၀ မိနစ်မာ (TNLA)စွာ ကွတ်ခိုင်မြို့နယ်ဟိ စစ်ကောင်စီ၏ “ကွတ်ခိုင်တပ်စခန်း”ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်ခရေလို့ ညီ နောင်မဟာမိတ်(၃)ဖွဲ့  ၏ သတင်းထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။

https://www.facebook.com/arakanprincessmedia1/posts/376678174757143

Leave a Reply

Your email address will not be published.