စစ်တွေတွင် အရပ်သားများကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးနေ၊ မြို့သူကြီးရပ်ကွက်မှ ၁၃ ဦးနှင့် ကိုးရီးယားဆိပ်ကမ်းရှိသူများအား ဖမ်းခေါ်သွားကြောင်းသိရ

By Arakan Bay News / 2023 December      1

ရက္ခိုင်ပြည် စစ်တွေမြို့တွင် ယနေ့ နေ့လည်ပိုင်းက အရပ်သားများအား စစ်ကောင်စီ ရဲနှင့်တပ်ပေါင်းပြီး လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအား စစ်တွေမြို့ အမှတ် ၁ ရဲစခန်းသို့ ကားဖြင့် တင်ယူသွားကြောင်း ကနဦးသိရသည်။

စစ်တွေမြို့ မြို့သူကြီးရပ်ကွက်၊ မောင်ရွှေလုံးလမ်းရှိ လဖက်ရည်ဆိုင်တွင် ဆိုင်ထိုင်နေကြသည့် လူငယ်များနှင့် လူလတ်ပိုင်း ၁၃ ဦးအား ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လည် ၃ နာရီခွဲခန့်က ဖမ်းဆီးသွားခဲ့ပြီး၊ ကိုးရီးယားဆိပ်ကမ်းရှိ အပန်းဖြေနေကြသူများကိုလည်း ညနေ ၄ နာရီခန့်တွင် ကားဖြင့် လိုက်လံ ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရငူများ၏ မိသားစုများမှာ စစ်တွေအမှတ် ၁ ရဲစခန်းရှေ့တွင် စုပြုံစောင့်ဆိုင်းလျက်ရှိကြောင်း  သိရသည်။

ဖမ်းဆီးခံရသူများ၏ အမည်များနှင့် အသေးစိတ်အချက်အလက်များကို AB News က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မည်သည့်အ​ကြောင်းကြောင့် ဖမ်းဆီးခံရသည်ကိုလည်း စုံစမ်းနေဆဲဖြစ်သည်။

https://www.facebook.com/ArakanBayNewsMedia/posts/319520470934211

Leave a Reply

Your email address will not be published.