By Western News / 2023 November 12

စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် ဆင်နွှဲနေသော ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံသောအားဖြင့် နိုင်ငံတစ်ဝှမ်းမှ ပြည်သူများက နိုဝင်ဘာလ ၁၁ ရက် တစ်လေးလုံး-၁၁၁၁ အထိမ်းအမှတ် အဖြစ် အောင်သပြေ လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။
မုံရွာ-အမြင့်လမ်း သပိတ် အင်အားစုများနှင့် မုံရွာမြို့နယ် အညာပစ်တိုင်းထောင်လေးများအဖွဲ့ ယင်းမာပင်မြို့နယ်အတွင်း ၁၁၁၁ အောင်သပြေ လှုပ်ရှားမှု အဖြစ်လည်းကောင်း၊ ချောက်မြို့နယ်တွင် ပြည်သူများစုပေါင်း၍ ၁၁၁၁ အောင်သပြေလှုပ်ရှားမှုတို့ ပြုလုပ်ခဲ့ကြသည်။
ပုလဲမြို့နယ်တွင် အောင်သပြေ လူထု လှုပ်ရှားမှုအဖြစ်လည်းကောင်း လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်လည်းကောင်း၊ ဒီပဲယင်းမြို့နယ်တွင် ပြည်သူများ စုပေါင်း၍ ၁၁၁၁ အောင်သပြေလှုပ်ရှားမှုပြုများ ပြုလုပ်ခဲ့ကြသည်။
ထို့အပြင် ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင် ကော်မတီနှင့် ဒေသ ပြည်သူများ ပူးပေါင်းပြီး အောင်သပြေ လူထုလှုပ်ရှားမှု အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြသလို ရွှေဘိုမြို့နယ် ပြည်သူလူထု သပိတ်အင်အားစုမှ ဦးဆောင်ကာ ပြုလုပ်ခဲ့ကြသည်။
အလားတူ ရေစကြိုမြို့နယ်တွင် ရေစကြို ပ. က. ဖ ရေကင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြောင်း ပြုလုပ်ခဲ့ကြပြီး ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီက ဦးဆောင်ကာ သပြေညို လူထုလှုပ်ရှားမှု အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြသည်။
၁၀၂၇ စစ်ဆင်ရေးကို ပြည်သူလူထုများမှ တစ်လေးလုံး အောင်သပြေလှုပ်ရှားမှုဖြင့် ဖော်ပြကြပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ခဲ့ကြသည့် ပြည်သူလူထုအားလုံးကို များစွာကျေးဇူးတင်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။
https://www.facebook.com/westernnewsagency/posts/780206807452081