၁၀၂၇ စစ်ဆင်ရီး (၈) ရက်မြောက်နိမာ စစ်ကောင်စီတပ်စခန်း (၄) ခု ကို ထပ်မံသိမ်းယူနိုင်ခကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ ထုတ်ပြန်

By Arakan Princess Media / 2023 November    3

၁၀၂၇ စစ်ဆင်ရီး (၈) ရက်မြောက်နီဖြစ်တေ ဒေနိ(နိုဗမ်ဘာ ၃ ရက်နိ)မာ စစ်ကောင်စီတပ်စခန်း (၃) ခုကို သိမ်းယူနိုင်ခကြောင်း ညီနောင်မဟာမိတ် (၄) ဖွဲ့က ဒေနိညဇာ ၅ နာရီ ၁၅ မိနစ်အချိန် ထုတ်ပြန်ပါရေ။

ထုတ်ပြန်ချက်အရ ဒေနိမိုးထ ၆ နာရီ ၅၅ မိနစ်မာ ၁၀၂၇ စစ်ဆင်ရီအဖြစ်၊ တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နန့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားရေ ရွှီလီကြိုးတန်းထားဟိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခပြီးကေ  လက်နက် (၄) လက်၊ 60MM ဗုံးသီး(၃၀)လုံး၊ RPG အသီး (၈)လုံး၊ လက်ပစ်ဗုံး (၅၀) လုံး၊ ကျည်ဆံများစွာနန့် စစ်အသုံးအဆောင်ပစ္စည်းတိ သိမ်း ဆည်းရမိခရေလို့ သိရပါရေ။

ယင်းရွှီလီကြိုးတန်းထားဟိ စစ်ကောင်စီတပ်စခန်းကို  တိုက်ခိုက်သိမ်းပိုက်ချိန်မာ စစ်ကောင်စီဖက်က ဂျက်ဖိုက်တာနန့် (၃)ကြိမ် လာရောက်ပစ်ကူပီးခသိမ့်ရေလို့လည်း ညီနောင်မဟာမိတ် (၃) ဖွဲ့ကဆိုပါရေ။

ယင်းနည်းတူ ဒေနိမိုးထ ၅ နာရီမာလည်း တပ်မဟာ (၃) စစ်ဒေသ၊ မန်တုံမြို့ဟိ စစ်ကောင်စီရဲစခန်း၊ စစ်ကောင်စီတပ်နန့် ပြည်သူ့စစ်ပူးပေါင်းစခန်းရို့ကို အပြီးသတ်ချေမှုန်းသိမ်းပိုက်ခပါရေ။

တပ်မဟာ(၂)စစ်ဒေသ မိုးမိတ်မြို့နယ်ဟိ စစ်ကောင်စီ ၏ ကွန်ခါတပ်စခန်းကို ဒေနိမိုးထ ၄ နာရီလောက်မာ အပြီးသတ်ချေမှုန်းတိုက်ခိုက်ခကြောင်းလည်း ထုတ်ပြန်ချက်က ဖော်ပြပါရေ။

စစ်ဆီးရီးဆင်းနွံနီရေ တအာင်းပြည်နယ်၊ တပ်မဟာ(၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်မာ တိုက်ပွဲတိဆက်လက်ပြင်းထန်နီပြီးကေ စစ်ကောင်စီကလည်း ဂျက်တိုက်လီယာဉ်တိနန့် လာရောက်ပစ်ခတ်တိုက်ခိုက်ခရေလို့လည်း ဆိုပါရေ။

စစ်ကောင်စီတပ်စွာ ဒေနိညည့်နက်သန်းခေါင် ၁၂ နာရီခွဲဝန်းကျင်က တိုက်ပွဲ တစုံတရာမဖြစ်၊ ညီနောင်မဟာမိတ် (၃) ဖွဲ့လှုပ်ယှားခြင်းလည်းမဟိရေ နမ့်ခမ်းမြို့နယ်၊ ဟိုခိုကျေးရွာထဲကို ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံးနန့် လီကြောင်းက ဗုံးကြဲတိုက်ခိုက်ခလို့  လူနီအိမ် ၃ လုံး ပျက်စီးလားခရပါရေ။

အလားတူ နမ့်ခမ်းမြို့နယ်၊ လွယ်အင်ကျေးရွာကို လည်း တိုက်ပွဲတစုံတရာမဖြစ်၊ ညီနောင်မဟာမိတ် (၃) ဖွဲ့လှုပ်ယှားခြင်းလည်းမဟိဘဲဒေနိမိုးထပိုင်းမာ စစ်ကောင်စီက လက်နက်ကြီးနန့် ပစ်ခတ်တိုက်ခိုက်ခရေအတွက် အချေတယောက် ကျည်ထိမှန်လားခပြီးကေဘုန်းကြီးကျောင်းလည်း ထိမှန်ပျက်စီးလားခပါရေ။

၁၀၂၇ စစ်ဆင်ရီ၏ (၈) ရက်မြောက်နိမာလည်း ညီနောင်မဟာမိတ် (၃) ဖွဲ့ အနီနန့် တအာင်းပြည်နယ်၊ ကိုးကန့်အထူးဒေသ (၁) နန့်ဆက်စပ်ဒေသတိမာ တိုက်ပွဲတိ ဆက်လက်ပြင်းထန်နီပြီးကေ စစ်ဆင်ရီး၏ သတ်မှတ်ထားရေပစ်မှတ်တိ၊ ရန်သူ၏ စစ်ရီးအရအရေးပါရေ တပ်စခန်းတိ၊ စစ်ဖက်နန့်သက်ဆိုင်ရေ ရဲကင်း၊ ရဲစခန်းတိ၊ နယ်ခြားစောင့်တပ်တိနန့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတိကို စစ်ဆင်ရီပြုလုပ်လို့ဟိကြောင်းသိရပါရေ။

အလားတူ ညီနောင်မဟာမိတ် (၃) ဖွဲ့ စတင်ရေ ၁၀၂၇ စစ်ဆင်ရီး၏ စစ်ရီးမျှော်မှန်းချက်တိထဲက စစ်အာဏာသျှင်အမြစ်ပြတ်ရီးအတွက် စစ်ရီးဆင်နွှဲနီရေပိုင် လောင်းကစားလိမ်လည်မှု (ကျဖျင်) ပပျောက်ရီးနန့် ဆက်စပ်တေ ကိစ္စရပ်တိကိုလည်း သက်ဆိုင်ရာနယ်မြီတိမာ ဆက်လက်စစ်ဆီးဆောင်ရွက်လျက်ဟိကြောင်း ညီနောင်မစာမိတ်(၃) ဖွဲ့ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။

https://www.facebook.com/arakanprincessmedia1/posts/359042003187427

Leave a Reply

Your email address will not be published.