၁၀၂၇ စစ်ဆင်ရီး (၇) ရက်မြောက်နိက စစ်ကောင်စီတပ်စခန်းတိကို ထပ်မံသိမ်းယူခကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ ထုတ်ပြန်

(စစ်ဆင်ရီးနန့်တတူ အွန်လိုင်း လိမ်လည်မှုဂိုဏ်းတိကိုပါ ဖြိုခွင်းနီ)

By Arakan Princess Media / 2023 November    3

၁၀၂၇ စစ်ဆင်ရီး (၇) ရက်မြောက်နိ တိုက်ပွဲနောက်ဆက်တွဲသတင်းအဖြစ် စစ်ဆင်ရီး နိုဗမ်ဘာ ၇ ရက်နိမာ စစ်ကောင်စီစခန်းတချို့ကို ထပ်မံသိမ်းယူခပြီးကေ  စစ်ဆင်ရီးနန့်တတူ အွန်လိုင်း လိမ်လည်မှုဂိုဏ်းတိကိုပါ ဖြိုခွင်းနီကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က ဒေနိ(နိုဗမ်ဘာ ၃ရက်နိ)၊ ညဇာ ၄ နာရီမာ ထုတ်ပြန်ပါရေ။

ညီနောင်မဟာမိတ် (၃) ဖွဲ့ထဲက ကိုးကန့်တပ်မတော် (MNDAA) နန့် တအာင်းတပ်မတော် (TNLA) ရို့ရေ စစ်ကောင်စီ တပ်စခန်းနန့် ရဲစခန်းတချို့ကို ထပ်လို့သိမ်းပိုက်ခပြီးကေ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခရေလို့ ဆိုပါရေ။

အဆိုပါစစ်ဆင်ရီးနန့်တတူ “ကျားဖျင်” လို့ခေါ်ရေ အွန်လိုင်းလိမ်လည်လောင်းကဇတ်လုပ်ကိုင်နီရေလူတိကို ဖမ်းဆီးနိုင်ရီး “ကျားဖျင်ဂိုဏ်း” တိကို ဖြိုခွင်းနိုင်ရီးရို့ကိုလည်း တပြိုင်နက်တည်း ဆောင်ရွက်နီကြောင်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။

နိုဗမ်ဘာ ၂ ရက်နိ၊ မိုးထ ၆နာရီအချိန်လောက်မာ  ကိုးကန့်ခရိုင်၊ တုန်သျှမ်းဒေသ၊ သျှမ်းထုတ်ကျိုင့်ရွာအနားဟိ စစ်ကောင်စီတပ်စခန်းတိကို အပြီးသတ်သိမ်းပိုက်ခပြီးကေ မိုးထ ၇ နာရီ ၄၂ မိနစ်လောက်မာ ဟုန်နီထန်ရွာအနားဟိ စစ်ကောင်စီတပ်စခန်းတချို့ကို အပြီးသတ်ချေမှုန်းသိမ်းပိုက်ခရေလို့ ဆိုပါရေ။

အလားတူ နိုဗမ်ဘာ ၂ ရက်နိ မိုးထ ၁၀ နာရီ ၁၅မိနစ်လောက်က သျှမ်းပြည်၊ လားသျှိုးခရိုင်၊ ကွမ်းလုံအနောက်ဖက်တောင်ကုန်းဟိ စစ်ကောင်စီတပ်စခန်းကို စတင်ထိုးစစ်ဆင်ခရာ တနာရီလောက်ကြာမြင့်ပြီးနောက် အပြီးသတ်ချေမှုန်းသိမ်းပိုက်ခရေလို့ သိရပါရေ။

ယင်းအပြင် ၁၀၂၇ စစ်ဆင်‌ရီး ဆင်နွှဲလျက်ဟိရေ တအာင်းနန့် ကိုးကန့်ဒေသတိအပြင် ထိတွိဆက်စပ်နီရေ နီရာဒေသတိမာလည်း တိုက်ပွဲတိ ဆက်လက်ပြင်းထန်နီရေလို့ ဆိုပါရေ။

ညီနောင်မဟာမိတ်တိအနီနန့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိရေ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတိကို စစ်သုံ့ပန်းဥပဒေနန့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ယှောက်ထားပြီးကေ လက်နက်ချအလင်းဝင်လာလူတိကိုလည်း အသက်အန္တရာယ် တစုံတရာ မပြုဘဲ စစ်သားဂုဏ်သိက္ခာနန့်အညီ စီစဉ်ဆောင်ရွက်ပီးထားရေလို့ အသိပီးထားပါရေ။

တဖက်မာ စစ်ကောင်စီကတော့ လီကြောင်းတိုက်ခိုက်မှုတိကို ပိုလုပ်လာပြီးကေ ရပ်ရွာတိ၊ အရပ်သားပြည်သူတိကို ပစ်မှတ်ထားပနာ တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမဟိ၊ ညီနောင်မဟာမိတ် (၃) ဖွဲ့ လှုပ်ယှားခြင်းမဟိရေ နီရာဒေသတိကို ပစ်မှတ်ထားလို့ စစ်ရာဇဝတ်မှုတိကို ဆက်တိုက်ကျူးလွန်နီရေလို့ ဆိုပါရေ။

ကချင်ပြည်၊ “အနန့်ပါ” ၊ “မုန်လိုင်ခတ်” ဖြစ်စဉ်တိပိုင် ညည့်နက်သိုင်ခေါင် လူခြီတိတ်ဆိတ်တေအချိန်တိမာ အရပ်သား ပြည်သူတိကို ဦးတည်ရေ လီကြောင်းအကြမ်းဖက်တိုက်ခိုက်မှု၊လက်နက်ကြီးတိနန့် ရမ်းသန်းပစ်ခတ် တိုက်ခိုက်မှုတိ ဆက်တိုက် ပြုလုပ်လျက်ဟိကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။

https://www.facebook.com/arakanprincessmedia1/posts/359014993190128

Leave a Reply

Your email address will not be published.