By Arakan Princess Media / 2023 November 1

၁၀၁၇ စစ်ဆင်ရီးစတင်ရေ (၆)ရက်တာကာလအတွင်း စစ်ကောင်စီတပ်၏ စစ်ရီးအရအရေးပါရေ တပ်စခန်း (၈၇) ခုကျော်ကို အပြီးသတ်သိမ်းပိုက်နိုင်ခကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ က ဒေနိ(နိုဗမ်ဘာ ၁ ရက်နိ) ညဇာ ၇ နာရီခွဲအချိန် ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အရ “ညီနောင်မဟာမိတ်(၃) ဖွဲ့နန့် ပူးပေါင်းတပ်ဖွဲ့တိစွာ ၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်ကစလို့ (၆) ရက်တာကာလအတွင်း စစ်ကောင်စီ၏ စစ်ရီးအရအရေးပါရေ တပ်စခန်း (၈၇) ခုကျော်ကို အပြီးသတ်သိမ်းပိုက်ခပါရေ” လို့ ဖော်ပြထားပါရေ။
ဒေနိ(နိုဝင်ဘာ ၁ ရက်နိ) မိုးထ ၄ နာရီအချိန်လောက်က MNDAA၊ AA နန့် သိန္နီဒေသလုံခြုံရီးအဖွဲ့ရို့စွာ ကွမ်းလုံမြို့နယ်၊ စစ်ကောင်စီ၏ “အမြောက်တပ်ရင်း (၁၂၇) စခန်း” ကို စတင် ထိုးစစ်ဆင်ခပြီးကေ မိုးထ ၄ နာရီ ၁၀ မိနစ်လောက်မာ ယင်းစခန်း၏ ဒုတိယတန်းကာကွယ်ရီးစစ်ကြောင်းအထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခရေလို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြပါရေ။
ယင်းအပြင် ဒေနိမိုးထ ၇ နာရီလောက်က ကိုးကန့်ခရိုင်၊ တုန်းသျှမ်းဒေသ၊ စစ်ကောင်စီ၏ “မန်တုံပတပ်စခန်း”ကိုလည်း အပြီးသတ်ချေမှုန်း တိုက်ခိုက်ခရေလို့ သိရပါရေ။
ဒေနိ မိုးထ ၉ နာရီ ၈ မိနစ်ကလည်း ကိုးကန့်ခရိုင်၊ မုံးကိုးတိုက်ပွဲအတွင်း မြီပြင်ယှင်းလင်းရီးတိ လုပ်ဆောင်နီချိန် ရန်သူ့ စစ်သုံ့ပန်း ၃ ယောက် ဖမ်းဆီးရဟိခပြီးကေ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားရေလို့လည်း ညီနောင်မဟာမိတ်(၃) ဖွဲ့က ဆိုပါရေ။
ယင်းနည်းတူ တအာင်းပြည်နယ်၊ တပ်မဟာ(၅) စစ်ဒေသ၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယု-နမ့်ဖတ်ကာကြားဟိ စစ်ကောင်စီ၏ “ရင်ကွဲတောင်တပ်စခန်း” ကို ဒေနိညဇာ ၃ နာရီ ၁၅ မိနသ်အချိန်မာလည်းကောင်း၊ တအာင်းပြည်နယ်၊ တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်-နမ့်ခမ်းမြို့အဝင်မာဟိရေ စစ်ကောင်စီနန့် ပြည်သူ့စစ်ပူးပေါင်း “မန်ခမ်းတပ်စခန်း” ကို ညဇာ ၃ နာရီ ၄၅ မိနစ်မာလည်းကောင်း အသီးသီး သိမ်းပိုက်နိုင်ခကြောင်း သိရပါရေ။
ဒေနိ ညဇာ ၄ နာရီ ၃၀ မိနစ်လောက်ကလည်းတပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ အုမ္မခါးဖက်မာ စစ်ကောင်စီဖက်က စစ်ကား (၂၂) စီးနန့် စစ်ကူတိရောက်လာလို့ တိုက်ပွဲတိ ဆက်လက်ပြင်းထန်လို့ဟိနီရေလို့ ဆိုပါရေ။
စစ်ကောင်စီဖက်ကလည်း ဒေနိနိခင်း ၁၁ နာရီ ၁၅ မိနစ်မာ တအာင်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ (၅၀၂) တပ်စခန်းကနီ နောင်ပြစ်ကျေးရွာအနားသို့ လက်နက်ကြီးနန့် ပစ်ခတ်ခရေပိုင် အုမ္မခါးနန့် ဆမ်မဆယ်ကျေးရွာအနားသို့လည်း ဂျက်ဖိုက်တာနန့် (၂) ကြိမ် တိုင်တိုင် လာရောက်ပစ်ခတ်ခပါရေ။
စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တိနန့်ပြည်သူ့စစ်အဖွဲ့ဝင်တိစွာ ၁၀၂၇ စစ်ဆင်ရီး၏ စစ်ဟိန်မြင့်တက်လာခြင်း၊ ရင်ဆိုင်တိုက်ပွဲတိမာ စစ်ရီးပန်းလာခြင်းနန့် အထက်အမိန့်ကို မဖီဆန်နိုင်လိုရာ တာဝန်ထမ်းဆောင်နီရစွာဖြစ်လို့စိတ်ဓာတ်ရီးရာ ပျက်ပြားလာခြင်းတိကြောင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ထံ လက်နက်ချ အလင်းဝင်လာရေ စစ်ကောင်စီ တပ်ဖွဲ့ဝင် အရေအတွက်စွာ တနိထက်တနိ များပြားလာနီရေလို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြပါရေ။
ညီနောင်မဟာမိတ် (၃) ဖွဲ့နန့် စစ်ကောင်စီရို့ စစ်ဟိန်မြင့်နီရေ တအာင်းပြည်နယ်အတွင်း နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ စရေ နီရာဒေသတိဟိ အရပ်သားပြည်သူတိကို ပစ်မှတ်ထားလို့ စစ်ကောင်စီစွာ ဂျက်လီယာဉ်နန့် လီကြောင်း တိုက်ခိုက်မှုတိ တိုးမြှင့်လုပ်ဆောင်နီရေလို့ ဆိုပါရေ။
စစ်ကောင်စီစွာ KIO ဌာနချုပ်ဟိရာ ကချင်ပြည်၊ လိုင်ဇာမြို့အနားသို့ ဂျက်တိုက်လီယာဉ်နန် ဒေနိနိခင်း ၁ နာရီဝန်းကျင်မာ (၁) ကြိမ်၊ ညဇာ ၄ နာရီ ၅၇ မိနစ်မာ (၁) ကြိမ် ဗုံးကြဲတိုက်ခိုက်ခရေပိုင် တခြားတိုက်ပွဲဖြစ်ပွားခြင်းမဟ်ရေ နီရာဒေသတိသို့လည်း လက်နက်ကြီးတိ၊ လီကြောင်းတိုက်ခိုက်မှုတိနန့် ရည်ရွယ်ချက်ဟိဟိ အကြောင်းမဲ့ လုပ်ဆောင်လာနီပြီးကေ လီကြောင်းတိုက်ခိုက်မှုတိကို အဟိန်မြင့်လုပ်ဆောင်နီရေလို့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
တိုက်ပွဲတိအတွင်း ဖမ်းဆီးရမိရေ ရန်သူ့စစ်သုံ့ပန်းတိ၊ လက်နက်ချအညံ့ခံလာရေ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်တိနန့်သိမ်းဆည်းရဟိရေ လက်နက်ခဲယမ်းတိကိုဆက်လက်ထုတ်ပြန်လားဖို့ဖြစ်တေပိုင် စစ်ဆင်ရီးနောက်ဆက်တွဲ တိုက်ပွဲသတင်းတိကိုလည်းအချိန်နန့် တပြေးညီ ဆက်လက်ထုတ်ပြန်လားဖို့လို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ချက်အရ သိဟိရပါရေ။
https://www.facebook.com/arakanprincessmedia1/posts/358081263283501