အဆုံးအဖြတ်တိုက်ပွဲတိအတွက် အာရက္ခပြည်သားတိ အဆင်သင့်ဖြစ်ကတ်ယာလား

By Border News Agency / 2023 November   19

လွန်ခရေ ၁၄ နှစ်လောက်က ရက္ခိုင်လူငေသုံးဆယ်ပင်မဖြည့်ဘဲနန့် စပနာထူထောင်ခရေ”ရက္ခိုင့်တပ်တော်”ရေ လက်ဟိအချိန်မာ တပ်ဖွဲ့ဝင်စစ်သည်ပေါင်းသုံးသောင်းကျော်နန့်ရက္ခိုင်ပြည်သိမ်းစစ်ပွဲဆင်နွဲဖို့ အဆင်သင့်လုပ်နီပုံရပါရေ။

ကချင်ပြည် လိုင်ဇာ၊ဖားကန့်၊ရှမ်းမြောက်က မူဆယ်၊လားရှိုးအနီးနားဝန်းကျင် တရုတ်နယ်စပ်မာ မဟာ မိတ်တပ်တိနန့် စပနာတိုက်ပွဲဝင်ခရေ”အာရက္ခစစ်သ ည်”တိစာလေ့ ပလတ်ဝထက်ပိုင်း အိန္ဒိယ-ရက္ခိုင်နယ် စပ်၊ဘဂ်လား-ရက္ခိုင်နယ်စပ်ကနီ ”ပေါက်တောမြို့” နန့်စစ်တွေမြို့နား ကွမ်းတောင်ရွာထိအောင်အာဏာ စစ်မြီပြင်ကို ဖြန့်ကျက်လာနိုင်စွာကို တွိ့ရပါရေ။

လွန်ခရေ ၅ နှစ်လောက်က ကုလားတန်မြစ်၊လေးမြို့မြစ်၊နတ်မြစ်၊ဒလချောင်း၊ပီးချောင်း၊ရင်းချောင်း၊သရီချောင်းနန့် ငစံပေါ်ချောင်းဖျားတိမာ ကျူးကျော်သူ ရန်သူဗမာစစ်သားတိနန့်အသက်လုတို က်ပွဲဝင်လာခဂတ်တေ တပ်တော်က ”စစ်သည် စစ်မယ်”ရို့သည်လည်းအဂုအချိန်မာဆိုကေ ရက္ခိုင်ပြည်ထဲက အဓိကကျရေ မြို့ကြီး၊ပြကြီးတိနန့်လက်တကမ်းမှာရောက်ဟိနီဂတ်ပါယာ။

၂၀၁၅ လောက်က စတင်ပနာ ၂၀၁၈- ၂၀၂၀ ကြားမာဖြစ်ခရေ စစ်ပွဲရေ အဓိကအားဖြင့် တပ်တော်အနီနန့် ရက္ခိုင်ပြည်ထဲမာ စပနာအခြီစိုက်နိုင်ရီးကို ဦးတည်ခပနာစစ်ပွဲတိစာလေ့ နိုင်ငံတကာနယ်နမိတ်နန့် တောတောင်ထူထပ်တေနီရာတိမာ ဖြစ်ပွားခရေ။

နောက် ၂၀၂၂ခုနှစ်၊ဩဂုတ်ကနီ နိုဗမ်ဘာလထိ ဖြစ်ခရေ ၄ လကြာ စစ်ပွဲစာရေ ပလတ်ဝနန့် မောင်တော၊ဘူးသီး တောင်ပိုင်မြို့နယ်ထဲက မဟာဗျူဟာကျရေ ကုန်သွယ်ရီးနန့် သယ်သူပို့ဆောင်ရီး နီရာအစိတ်အ ပိုင်းတိမာ ဖြစ်ပွါးခစာကို တွိ့ရရေ။

ယေကေ အဂုတခေါက် အေလ (နိုဗမ်ဘာ) ၁၃ရက်နိကစတင်ရေ စစ်ပွဲဝါ၊ ဇာနီရာတိမာ အဓိက ဖြစ်နိုင်ဖို့လေ့၊ ရက္ခိုင်ပြည်သူတိဝါ ဇာတိကိုကြိုတင်ပြင်ဆင်၊ အဆင့်သင့်လုပ်ထားရဖို့လေ့ ဆိုစာတိကို ရွီးသား ဆွေးနွေးကြည့်ပါမေ။

၁။ အခွင့်အရီးဆိုစွာ နှစ်ခါမရ

ရက္ခိုင်လူမျိုးတိ၊ ပြည်သူတိဧ ၁၇၈၄ မာ အချုပ်အချာအဏာဆုံးယှုံးပြီးရေ ခါကပင် နှစ်ပေါင်း (၂၀၀)ကျော်ကြာလာရေ အမျိုးသားလွတ်မြောက်ရီး ရုံးကန်မူသမိုင်းမာ အေဂုကာလလောက် ရီကန်အသင့်၊ကြာအသင့်ဖြစ်နီရေ အချိန် အခါမျိုး တခါလေ့ မဟိခပါ။၁၈၁၀ ဝ န်းကျင် ဗမာဘုရင်တိဧ့ဖိနှိပ်အုပ်ချုပ်မူကို ”ဗိုလ်ချင်းပျံ”အကြိမ်ကြိမ်တော်လှန်ခခြင်း၊

၁၈၂၆ မာအင်္ဂလိပ်အုပ်ချုပ်ရီးဝင်ရော က်လာခြင်း၊ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၃ ကာလလောက်မာ ဂျပန်တိကိုပြန်ပနာတော်လှန်ဂတ်ခြင်း၊ ၁၉၄၉ တနိုင်ငံလုံး ရောင်စုံသူပုန်ထခြင်း (ရန်ကုန်အစိုးရကာလ)၊နန့် ၁၉၈၈လူထုအုံကြွမူကြောင့်တနိုင်ငံလုံးအတိုင်းအတာ အုပ်ချုပ်ရီးစနစ်ပျက်ပြားလာခြင်းဆိုရေ ကာလ၊အခြီအနီတိမာ ရက္ခိုင်လူမျိုးတိရေ ”လွတ်မြောက်ခြင်းအိမ်မက်”ကို အခါခါ မတ်ခဂတ်ကေလေ့တခါလေ့သော့ လက်ဟိကာလလောက် အနီးကပ်ဆုံးကို မရောက်ဟိခပါ။

လက်ဟိကာမာ စစ်ကောင်စီတဖြစ်လှဲ့ ဗမာစစ်တပ်ရေ တနိုင်ငံလုံးအတိုင်းအတာအားဖြင့်ပုန်ကန်တော်လှန်မူတိကို ကြုံတွိ့နီရရေအပြင်၊အတွင်းစည်းမာလေ့ ပြိုကွဲလုနီးပါးအခြီအနီတိကိုရင် ဆိုင်နီရစာကို သိသိသာသာ တွိ့နီရရေ။

စကစတပ်ဧ့အင်အားနည်းပါ၊ ပြိုကွဲနီရေ အခြီအနီကို ရက္ခိုင်တပ်တော်အပါအ ဝင် ”ညီနောင်မဟာမိတ်သုံးဖွဲ့”က ဦးဆောင်ရေ”၁၀၂၇ စစ်ဆင်ရီး” (1027 Operation)ကာလမာ ထင်သျှားစွာ သိဟိနိုင်ပြီး စခန်းပေါင်း (၁၀၀) ကျော်ကို လခွဲလောက်အတွင်းမာအသိမ်းခံရပနာ စစ်ကူမပို့နိုင်ဘဲ၊ လက်လွတ်ထားရေရေ အခြီအနီပင်ဖြစ်နီပါရေ။

ယင်းနောက်ကရင်နီဖက်မာလေ့ လွှိုင်ကော်ပိုင် မြို့ တော်တခုလုံးကို တော်လှန်ရီးအဖွဲ့တိကဝင်ရောက်တိုက်ခိုက်ကေလေ့ တန်ပြန်တိုက်ထုတ်နိုင်ခြင်းမဟိဘဲ ခံစစ်နန့်ယာ နီနီရရေ။

ယင်းအပြင်နိုင်ငံ့တခြားဒေသတိမာလေ့ တော်လှန်ရီးတပ်ဖွဲ့တိက စကစ စခန်းတိ၊ မြို့တိကိုသိမ်းပိုက်အုပ်ချုပ်ထားကေလေ့ ခြီမနိုင်လက်မနိုင် တခုလေ့ တက်နိုင်စာ မဟိစာကို တွိ့နီရပါရေ။

ရက္ခိုင်ပြည်ဖက်မာဆိုကေ လွန်ခရေ ရ က်တိကပင် နယ်ခြားစောင့်စခန်းတိကို အလွေ့ချေနန့်တိုက်ခိုက်သိမ်းပိုက်ခံရပြီးကေ ရီတပ်၊လက်နက်ကြီးနန့်လီယိုင်ကလွဲကေ တခုနန့်လေ့ ပြန်လုပ်နိုင်စာကိုမဟိစာကို တွိ့ရရေ။

ယင်းအပြင် ကျောက်တော်၊မြောက်ဦး၊ မင်းပြား ရို့ပိုင်မြို့ထက်တိမာလေ့စစ် ကောင်စီထဲက ခရိုင်နန့် မြို့နယ်အဆင့်အရာဟိတိစာ ညဇာဖက်ဆိုကေ အိမ် မာမအိမ်ဝံ့ဘဲ စစ်တပ်တပ်ရင်းတိမာယာ အိပ်နီရခြင်းနန့် စစ်သားတိကလေ့ တပ် ရင်းထဲက အပြင်ကို မထွက်ဝံ့ရေအနီအထားမျိုးဖြစ်နီရေ။

အေချင့်တိစာရေ စစ်ကောင်စီ စစ်သားတိနန့် အစိုးရ အဖွဲ့ဝင်တိဧ့အညံ့ခံလိုရေ စိတ်ဓါတ်ရီးရာကိုဖော်ပြနီစာဖြစ်ပြီးကေ၊စစ်လက်နက်ပစ္စည်း ဇာလောက်ပင် ကောင်းကောင်း စိတ်ဓါတ်ရီးရာထိုးကျနီရေအခြီအနီတစ်ခုကိုလေ့ မြင်နီရရေ။

လက်ဟိ ရက္ခိုင်ပြည်ထဲမာ ဟိနီရေ စစ်ကောင်စီဧ့စစ်သား၊နယ်ခြားစောင့်၊ရဲသားအပါဝင် ရီတပ်အင် အားဆိုကေလေ့ အများဆုံးဟိကေတောင်တစ်သောင်းဝန်းကျင်လောက်ယာ ဟိပြီးကေ စစ်ပွဲတိဖြစ်လာကေ စစ်ကူမပို့နိုင်ရေ အခြီအနီတစ်ခုလေ့ ဖြစ်နီရေ။

၂။ ကြောက်ရွံ့ခြင်းရေ စစ်ကောင်စီအတွက်၊ရဲရင်းညီညွတ်မှုရေ ရက္ခိုင်ပြည်သူတိအတွက်

လက်ဟိအချိန်မာ ”ပေါက်တောမြို့”ဖြစ်စိုင်ကစလို့ စစ်ကောင် စီတပ်ရေ ရီတပ်နန့် လီယိုင်တိကိုအသုံးပြုပနာ ပြည်သူတိကို ကြောက်ရွံ့လာအောင်၊မတော်လှန် ဝံ့အောင် ဦးတည်ပစ်ခတ်နီစာကိုတွိ့ရပါရေ။

အေချင့်ရေ သူရို့ဧ့လုပ်ရိုးလုပ်စိုင်ဖြစ်တေပိုင် သူရို့အနီနန့် ရက္ခိုင်တပ်တော်နန့် ပြည်သူတိဧ့တုန့်ပြန်မူကို ဇာလောက်အတိုင်းအတားထိ ကြောက်ရွံ့နီလေဆိုစာကိုလေ့ အများကြီး သိသာစီရေ။

နောက်တနည်းအားဖြင့် သူရို့အနီနန့် ယားပိုင် ပြည်သူတချို့ကို”ရရက်စစက် ”လုပ်ပြလိုက်ကေ တခြားလူတိကလေ့ ကြောက်လားပနာ သူရို့လုပ်ချင်ပိုင် လုပ်လို့ရဖို့ဆိုပြီးကေ ပြည်သူတိဧ့ရဲရင်းမူကိုအထင်သေး၊အမြင်သေးခြင်း တမျိုးလည်းဖြစ်ပါရေ။

အေနီရာမာ သီခြာသိထားရဖို့စာက ”ကြောက်ရွံ့ခြင်း”ဆိုစာရေ စစ်ကူမလောက်ဘဲ ရက္ခိုင်ပြည်ထဲမာကျန်ဟိနီ ရေ စစ်ကောင်စီတပ်သားတိနန့်ယားသူရို့အရာဟိ၊နောက်လိုက်နောက်ပါတိအတွက်ယာဖြစ်တေဆိုရေ အချက်ဖြစ်ပါရေ။

ရက္ခိုင်ပြည်သူတိအနီနန့် အသာစီးက ရနီရေ တိုက်ပွဲတိအတွင်းမာအယင်ကထက် အများကြီး အားသာချက်တိဟိနီယာ။

တပ်တော်ထဲက စစ်သည်တော် သုံးသောင်းနန့်အာရက္ခပြည်သူသုံးသန်း အင်အားကို အသီအခြာပေါင်း စပ်လိုက်ဖို့ဆိုကေတစ်သောင်းဝန်းကျင်လောက်ယာ

ဟိရေ ဗမာစစ်သားတိကို တပတ်၊တလ အတွင်းမာတောင် အပြီးပိုင်မောင်းထုတ်ပလိုက်လို့ရပါရေ။

ကမ္ဘာ့သမိုင်းမာလေ့ ကိုယ်ရို့ထက် စစ်လက်နက်အင်အား အဆမတန်ကြီးရေအမေရိကန်ပိုင်နိုင်ငံကိုတောင်မှ မောင်းထုတ်၊တိုက်ထုတ်နိုင်ရေ”ဗီယက်ကောင်းတိ” နန့် ဗီယက်နမ်ပြည်သူတိဧ့ ရဲစွမ်း သတ္တိနန့် စည်းလုံးညီညွတ်မူကို အတုယူသင့်ပါရေ။

ရက္ခိုင်ပြည်တိရေ ဗမာစစ်တပ်ကလုပ် တိုင်းခံနိုင်ဖို့”အပြုခံ” (victims)တိ မဟုတ်ဘဲကိုယ့်လမ်းကြော င်းကို ကိုယ်တိုင်လားဖို့ လူတိ၊အပြောင်းအလဲလုပ်ဖို့လူတိ (agents)ဖြစ်ကြောင်းပြသဖို့လိုရေ။

လက်ဟိကာလမာလေ့ ULA/AA ဂေါင်းဆောင်တိနန့် ပြည်သူတိရေ အေဂုလာဖို့ အဆုံးအဖြတ်စစ်ပွဲကြီးမာဇာနီရာကနီပါဝင်ရဖို့လေ့ဆိုစာကို အသီအခြာ လ မ်းစိုင်တိ ချမှတ်ပြီးသား ဟိပုံရပါရေ။

တနိနိတချိန်ချိန်မာ ပြည်သူတိက အင်တိုက်အား တိုက်ပါဝင်ရဖို့ယာလို့ ပြောလိုက်တေအချိန်မာရရာလက်နက်ကို စွဲကိုင်ပနာ တိုက်ပွဲဝင်ဖို့လေ့အဆင်သင့် လုပ်ထားသင့်ပါရေ။

၃။ သတင်းအချက်အလတ်စစ်ပွဲမာ ပြည်သူတိပါဝင်ပါ

ရက္ခိုင်ပြည်တွင်းမာ လာဖို့ကာလတိဖြစ်လာဖို့ တိုက်တိစာလေ့ အဆုံးအဖြတ်တိုက်ပွဲတိဖြစ်တေအတွက်နန့်အယို-အစားကြီး ဖို့ စစ်ပွဲကြီးလေ့ ဖြစ်ပါရေ။

ယင်းစစ်ပွဲကို ULA/AA တစ်ခုတည်းမဟုတ်ဘဲရက္ခိုင်ပြည်သူလူထုတရပ်လုံးကပါ တိုက်ခါမှ အသီအခြာနန့် အနို င်ပိုက်နိုင်ဖို့လည်း ဖြစ်တေ။

ယင်းအတွက်ရက္ခိုင်ပြည်သူတိရေ စစ်ပွဲဧ့နယ်ပယ်တခုဖြစ်‌တေ”သတင်းအချက်အလက်စစ်ပွဲ”

(information warfare)ထဲမာ အသီအချာ ပါဝင် တိုက်ဂတ်ရဖို့ဖြစ်ပါရေ။

လက်ဟိ ကမ္ဘာမာသတင်းအချက်အလက်စစ်ပွဲစာရေ လက်နက်နန့်ထက် စစ်ဓါတ်ပိုင်းဆိုင်ရာအရ တိုက်ရရေစစ်ပွဲတိ ဖြစ်ပြီးကေ၊သတင်းတု၊သတင်းမှား (fake news)တိဧ့အန္တရာယ်ကို သျှောင်းသျှားနိုင်ဖို့အရေးကြီးပါရေ။

”Fake News”ဆိုရေ သတင်းမှားထဲမာရေရီရွယ်ချက်ဟိဟိနန့် နိုင်ငံရီးအကျိုးစီးပွါးအတွက်ထုတ်လွှင့်လိုက်တေ သတင်း၊သတင်းတု (disinformation) နန့်နိုင်ငံရီးအကျိုးအမြတ်မပါကေလေ့ပြည်သူတိကြားထဲမာ ဆိုးကျိုးဖြစ်စီရေ သတင်း၊သတင်းမှား (misinformation) နှစ်မျိုး အဓိကပါဝင်ပါရေ။

ပထမအမျိုုးအစားဖြစ်တေ သတင်းတုစာရေ များ သောအားဖြင့် ပြည်သူလူထုကို ပိုပနာကြောက်ရွံ့ပူပန်မူများလာစီချင်ရေ၊တပ်တော်နန့်ပြည်သူတိအကြားမာ မယုံကြည်မှုနန့် အမုန်းတရားတိကို

တိုးပွါးလာစီချင်ရေ ရီရွယ်ချက်တိထားပနာ”စစ်ကောင်စီလော်ဘီ”အကောင့်တိကထုတ်လွှင့်ဖို့များပါရေ။

တချို့အကောင့်တိကျကေ တပ်တော်ကို ထောက်ခံရေပိုင်အကွန်ဆောင်ထားပြီးကေ ပြည်သူတိကို အထင်လွဲအောင် လုပ်ဆောင်နီစာတိ ဖြစ်နိုင်ပါရေ။

ဒုတိယအမျိုးအစားဖြစ်တေ သတင်းမှားတိကျကေ”ဆယ်လီ”ဖြစ်ချင်ရေ လူတိကဖြစ်ဖြစ်၊သာမာန်လူတိကဖြစ်ဖြစ် မူပန်တကြီးနန့် အရင်းအမြစ်နန့် အချက်အလတ် ခိုင်မာမှုမဟိဘဲ Facebookထက် မာ ဖြန့်ဝီစာတိဖြစ်နိုင်ပါရေ။

ယင်းပိုင် သတင်းတိစာလေ့ ပြည်သူတိကြားထဲမာမလိုလားအပ်ဘဲနန့်ဆိုးကျိုးတိကို ဖြစ်စီပြီးကေတချို့ ကိစ္စတိမာဆိုကေ စီမံခန့်ခွဲရရေ လူတိကို ဝန်ထုပ်ဝန်ဘိုးဖြစ်စီပါရေ။

ယင်းအတွက်နန့်သတင်းတစ်ခု Facebookထက်မာ တက်လာယာဆိုကေ ၁) ဇာသူတင်စာလေ၊ ၂)နောက် ထပ် ဇာသတင်းဌာတိက တင်ထားသိ့လေ့၊ ၃) တင်ထားရေ လူနန့် သတင်းဌာတိစာယုံကြည်စိတ်ချရလား၊ ၄) ယင်းသတင်းနန့် ပတ်သတ်တေ ဒေသက လူတိကို ဖုန်းဆက်လို့မိန်းကြည့်သိလား၊ ၅) ဇာနိက ဇာအကြောင်းအရာကို တင်ထားစာလေ ယင်းချင့်တိကိုအသီအခြာစစ်ဆေးပြီးခါမှ ယုံကြည်ပါ၊ ဖြန့်ဝီလိုက်ပါ။

အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဂတ်ပါမေ

လာဖို့ ရက်ပိုင်း၊လပိုင်းကာလတိမာရေ ”အာရက္ခပြည်သားတိ”ကိုယ့်ပြည်ကိုယ့်အိမ်ကို ပြန်ပနာပိုင်ဆိုင်ရာ ဖို့ယာဖြစ်ပါရေ။ ဒေရက်ပိုင်းတိအတွင်းမာလေ့ ရက္ခိုင့်တပ်တော်အုပ်ချုပ်မူအောက်မာဟိရေနယ်မြီတိစာ ကျယ်ပြန့်လာစာနန့် အ မျှ၊ ဗမာစစ်တပ်ဧ့အုပ်ချုပ်မူ နယ်ပယ်ရေ တရွံ့ရွံ့နန့်ကျဥ်းလာပါယာ။

အိန္ဒိယနိုင်ငံ၊ဘင်္ဂလားဒေချ့်နိုင်ငံနန့် ထိစပ်နီရေ နယ် စပ်ဒေသတိစာရေကိုယ်ရို့ အုပ်ချုပ်မူအောက်မာ ရောက်လာစာနန့် အမျှ ကိုယ်ရို့ နယ်စပ်ကို ကိုယ် တိုင်ကာကွယ်ဖို့တာဝန်လေ့ ကျလာပါယာ။

တိုင်းအတွက် လိုအပ်လာကေ ဘေးနားက ရန်အမူမူတိကိုကာကွယ်ဖို့အတွက်လည်း အမျိုးသားရီးတာဝန်အရ”ကာကွယ်ရီး”တာဝန်တိကို ထမ်းဆောင်ဖို့

အသင့်ဖြစ်နီသင့်ပါယာ။

တချိန်ချိန်မာ ULA/AA က စစ်နိုင်ပြီးကေ မြို့ပြဒေသတိကို ထိမ်းချုပ်အုပ်ချုပ်လားနိုင်ယာဆိုစာနန့်လျှပ်စစ်မီး၊အင်တာနတ်၊တရားဥပဒေစိုးမိုးရီး အစ လမ်းသန့်သျှင်းရီးအစဟိရေ တာဝန်တိစာလေ့ကိုယ်ရို့ အုပ်ချုပ်မူအောက်ကို ရောက်ပါလတ်ဖို့ဖြစ်တေ။

ယင်းအတွက်နန့်လွတ်မြောက်ရီး၊လွတ်လွတ်ရီးစာရေ တာဝန်တိနန့်လည်း ဒွန်တွဲပနာ ပါလာပါရေ။

ယင်းအတွက်နန့် လွတ်လွတ်ရီးကိုလိုလားရေ အာရက္ခပြည်သူတစ်ယောက်ချင်းစီအနီနန့်တာဝန်ကိုယ်စီထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်သင့်ယာလို့တိုက်တွန်းလိုက်ပါရေ။

ကြိုင်မိုးစက် ရွီးသားရေ။

https://www.facebook.com/bordernewsagency/posts/363933429488161

Leave a Reply

Your email address will not be published.