By Border News Agency / 2023 November 9

”၁၀၂၇ စစ်ဆင်းရေး”ကစတင်းပြီးတော်လှန်ရေးလ က်နက်ကိုင်အဖွဲ့အစ ည်းတွေနဲ့ဟန်ချက်ညီပူးတွဲစစ် ဆင်ရေးတွေကို တနိုင်ငံလုံးအနှံ့မကြာမီဆင်နွှဲသွားမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ ၈ ရက်၊မနေ့က အသိပေးထုတ်ပြန်ပါတယ်။
အဲဒီ”၁၀၂၇ စစ်ဆင်ရေး”ကို ပြီးခဲ့တဲ့လ၂၇ ရက်နေ့က စတင်ခဲ့ပြီးစစ်ဆင်ရေးဒုတိယပတ်သို့အရောက်မှာ နောက်ထပ်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေလည်းဟန်ချက်ညီပါဝင်နေကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းနဲ့လက်နက်ကြီးပစ် ခတ်တိုက်ခိုက်မှုတွေကို ရင်ဆိုင်ပြီး စစ်ရေးရည်မှန်း ချက်ပစ်မှတ်တွေကို တိုက်ခိုက်နေသလိုစစ်ဆင်ရေးနဲ့စစ်ရေးအရှိန်ကိုလည်း မြှင့်တင်နေတယ်လို့လည်း ဆိုပါတယ်။
”မိမိတို့စစ်ဆင်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၇ ရက်နေ့တွင် (၁၁၀၇ စစ်ဆင် ရေး)ဟု အမည်ပေးကြေညာပြီး ကရင် နီပြည်ထဲ၌ စစ်ဆင်ရေးကိုစတင်လိုက်သော KNDF အပြင် အခြားသောတော်လှန်ရေးလက်နက် ကိုင်အဖွဲ့အစည်းများနှင့်လည်း ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများကို တစ်နိုင်ငံလုံးအနှံ့မကြာမီ ဆင်နွှဲသွားမည်ဖြစ်သည်။”လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင် နွေဦးတော်လှန်ရေးမှပေါက်ဖွားလာပြီးစစ်ဆင်ရေးကို ဝန်းရံပေးကြတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေ၊စစ်ဆင်ရေးနဲ့ဟန်ချက်ညီလှုပ်ရှားလာကြတဲ့အဖွဲ့အစည်းတွေနဲ့လည်း စစ်ဆင်ရေးကို ဒီထ က်ပိုမိုထိရောက်စေရန် ဟန်ချက်ညီညီလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
”ရခိုင်မှာလည်း စစ်ရေးတင်းမာနေတော့ ဒီတကြိမ်ဖြစ်လာရင် စစ်တပ်ကမြို့တွေအားလုံးနီးပါးလက် လွှတ်ဆုံးရှုံးသွားနိုင်တယ်။မဟာမိတ်တွေကလည်း
ရခိုင်မှာ ၁၀၂၇ စစ်ဆင်ရေးအစလို့ပြောနေကြပြီ။ဒီဟာက စစ်တပ်အတွက် ရခိုင်ကို လက်လွတ်ပေးရမယ့်အခြေအနေပါ။”လို့ စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက Border News Agency သို့ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ ”အမျိုးသားကာ ကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေး”ကို နိုဝင်ဘာလ၈ ရက်၊မနေ့ကကျင်းပခဲ့သလိုအဲဒီအစ ည်းအဝေးမှာ”တရုတ်-မြန်မာနယ်စပ်ဒေသမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုင်းပြည်အစိတ်စိတ်အ မွှာမွှာကွဲသွားနိုင်တယ်။”လို့ စစ်ကောင်စီရဲ့ ယာယီသမ္မတဦးမြင့်ဆွေက ဆိုပါတယ်။
ရက္ခိုင့်တပ်တော် (AA)၊ကိုးကန့်တပ်မတော်(MNDA A)၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော် (TNLA) တို့ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်ပြီး”၁၀၂၇ စစ်ဆင်ရေး”ကို ဖော်ဆောင်နေပါတယ်။
အဲဒီအပြင် ရက္ခိုင့်တပ်တော်(AA)၊ကချင်လွတ်မြော က်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ ကချင်နဲ့စစ်ကိုင်းမှာ စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက် ခိုက်သိမ်းယူနေကြပါတယ်။
https://www.facebook.com/bordernewsagency/posts/358571560024348