By Arakan Princess Media / 2023 November 2

ကိုးကန့်ခရိုင်၊ တုန်းသျှမ်းဒေသ၊ သျှမ်းထုတ်ကျိုင့်ရွာနား၊ ဟုန်နီထန်ရွာနားနန့် ကွမ်းလုံအနောက်ဖက်တောင်ကုန်းဟိ စစ်ကောင်စီတပ်စခန်းတိကို ကိုးကန့်တပ်မတော် MNDAA က ဒေနိ(နိုဗမ်ဘာ ၂ ရက်နိ) မာ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း MNDAA က သတင်းထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အရ ဒေနိ မိုးထ ၄ နာရီက MNDAA တပ်ဖွဲ့ဝင်တိစွာ ကိုးကန့်ခရိုင်၊တုန်သျှမ်းဒေသ သျှမ်းထုတ်ကျိုင့်ရွာအနားမာ အခြီချရေ စစ်ကောင်စီတပ် စခန်းတိကို ထိုးစစ်ဆင်တိုက်ခိုက်ခပြီးကေ မိုးထ ၆ နာရီအချိန်မာ ယင်းစခန်းတိကို အမြစ်ပြတ်သိမ်းပိုက်နိုင်ခရေလို့ ဆိုပါရေ။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်သီဆုံးခပနာ ရိုင်ဖယ်(၇)လက် ၊ (၁၀၀) မမစိန်ပြောင်း (၃)လက် ၊ 12.7 mm စက်လက်(၃)လက်၊ Grenade Launcher (၃)လက်၊ MG3 စက်လက် (၃) လက် ၊ ၆၀မမ စိန်ပြောင်း (၁) လက်စရေ စစ်ရီးပစ္စည်းတိကို သိမ်းဆည်းရဟိခပြီးကေ ရန်တော်စံစခန်းက ထွက်ဗြီးလားရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိကိုလည်း ဖမ်းဆီးရမိခရေလို့ သိရပါရေ။
ယင်းနည်းတူ ဒေနိမိုးထ ၇ နာရီ ၃၀ မိနစ်ကလည်း ဟုန်နီထန်ရွာအနားဟိ စစ်ကောင်စီတပ်စခန်းကို MNDAA တပ် ဖွဲ့ဝင်တိက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခကတ်ပြီးကေ ထိုးစစ်ဆင်တိုက်ခိုက်လို့ ၁၂ မိနစ်အကြာမာပင် ယင်းစခန်းကို အောင်မြင်စွာသိမ်းပိုက်ခရေလို့ သတင်းထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ယင်းပိုင်ဗျာယ် ဒေနိမိုးထ ၁၀ နာရီ ၁၅ မိနစ်ကလည်း MNDAA တပ်ဖွဲ့ဝင်တိက ကွမ်းလုံအနောက်ဖက်တောင် ကုန်းမာဟိရေ စစ်ကောင်စီစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခပြီးကေ တိုက်ပွဲတနာရီနီးပါ အကြာ နိခင်း ၁၁ နာရီ ၅ မိနစ်လောက်မာ စခန်းကို အပြီးသတ်သိမ်းပိုက်ရဟိခရေလို့ သိရပါရေ။
ကိုးကန့်(MNDAA)၊ တအာင်း(TNLA)နန့် ရက္ခိုင့်(AA) ညီနောင်မဟာမိတ် (၃) ဖွဲ့စွာ ၁၀၂၇ စစ်ဆင်ရီး စတင်ရေ အောက်တိုဘာ ၂၇ ရက်နိကနီ လက်ဟိအချိန်ထိ စစ်ဆင်ရီး (၇) ရက်တာကာလအတွင်း စစ်ကောင်စီတပ်စခန်းစုစုပေါင်း (၉၂) ခုကျော် တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိဟိရပါရေ။
https://www.facebook.com/photo/?fbid=358567466568214&set=pcb.358567639901530