By Narinjara / 2023 November 9
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဟာ ရခိုင်ကို စတင် ကူးစက်လာတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ (MNDAA+TNLA+AA)က နိုဝင်ဘာ ၈ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အခု အော်ပရေရှင်း ၁၀၂၇ စစ်ဆင်ရေးဟာ ရခိုင်ကို စတင် ကူးစက်လာတာဟာ ရက္ခိုင်ဒေသအတွင်းက ရန်သူစစ်ကောင်စီရဲ့ စစ်ကြောင်းတွေ ပိုမိုလှုပ်ရှားသွားလာနေတာတွေ၊ ရေလမ်းကြောင်းကို အဓိကအသုံးပြုပြီး စစ်ရေးလှုပ်ရှားနေတာတွေကို သိသာထင်ရှားတဲ့ပြုလုပ်နေတဲ့ ရန်သူရဲ့ စစ်ရေးကြိုတင် ပြင်ဆင်နေမှုကြီးပင် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တစ်ဘက်မှာလည်း မိမိတို့ အရပ်သားပြည်သူတွေ နေ့စဉ်သွားလာရာနေရာတွေမှာ စစ်ဆေးမှုတွေကို ပိုမိုတင်းတင်း ကြပ်ကြပ် ပြုလုပ်လာနေခြင်းကြောင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အခုလို့ နှစ်ဘက်နားလည်မှုနဲ့ အပစ်ခတ်ရပ်နားထားချိန်မှာ စစ်ကောင်စီဘက်က တိုက်ပွဲအတွက် စိန်ခေါ်မှုမျိုးဖြစ်စေတဲ့ လုပ်ရပ်မျိုးမလုပ်သင့်ဘူးလို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက နိရဉ္စရာကို ပြောပါတယ်။