ရသေ့တောင်မာ စစ်ကောင်စီက လက်နက်ကြီး လက်နက်ချေတိ တရစပ် ပစ်ခတ်နီ

By Arakan Princess Media / 2023 November    21

ဒေနိ(နိုဗမ်ဘာ ၂၁ ရက်နိ) ညဇာ ၆ နာရီခွဲလောက်ကစလို့ ရသေ့တောင်မြို့မာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ချေတိနန့် တရစပ်ပစ်ခတ်နီကြောင်း သိရပါရေ။

ရသေ့တောင်အခြီစိုက် စစ်ကောင်စီတပ်တိဖြစ်တေ ခမရ(၅၃၆)၊ ခမရ (၅၃၇)၊ ခမရ (၅၃၈)တပ်ရင်းတိကနီ အနားပတ်ဝန်းကျင်ကျေးရွာနားတိကို လက်နက်ကြီးအလုံး ၁၀ ကျော်လောက်ပစ်ခတ်ခရေပိုင် လက်နက်ချေတိနန့်လည်း တရစပ် ယမ်းသန်းပစ်ခတ်နီစွာလို့ ဒေသခံတိက ပြောပါရေ။

” ၆ နာရီခွဲလောက်ကပင် စပစ်နီစွာပါ။ လက်နက်ကြီး အလုံး ၁၀ ကျော်လောက်ကျပါယာ။ လက်နက်ချေလည်း အချက် ၁၀၀ ကျော်လောက်တော့ ဟိပါဖို့။ အဂုလည်း ပစ်နီကတ်ပါသိမ့်ရေ။ ဇာကြောင့်ပစ်စွာတော့ မပြောတတ်ပါ” လို့ ရသေ့တောင်ဒေသခံတယောက်က ဆိုပါရေ။

ယင်းလက်နက်ကြီးကျည်တိစွာ လက်နက်ကြီးကျည်တိစွာ ရသေ့တောင်မြို့နယ် ဒုံးပိုက်၊ပြားချောင်းကြီး၊ ပြင်ခေါင်(အလယ်ရွာချေ) ဘုန်းကြီးကျောင်းဝန်း၊ ဆင်ပိုက်ရွာအနားတိသို့ ကျရောက်ပေါက်ကွဲနီရေလို့ ဆိုပါရေ။

အဆိုပါ လက်နက်ကြီး၊ လက်နက်ချေကျရောက်ပေါက်ကွဲမှုကြောင့်  လူ၊ အဆောက်အအုံထိခိုက်ပျက်စီးမှုဟိမဟိကို APM က ဆက်လက်စုံစမ်းနီပါရေ။

https://www.facebook.com/arakanprincessmedia1/posts/368181345606826

Leave a Reply

Your email address will not be published.