ရခိုင်ရှေးဟောင်းနယ်မြေ မြို့မြောက်ဦးရဲ့နေဝင်ချိန်

By Border News Agency / 2023 November   11

ရက္ခိုင်ဘုရင့်တွေထီးနန်းစိုက်ခဲ့ရာရှေးဟောင်းနယ် မြေသို့ လာရောက်သူတိုင်းနီးပါး မြို့မြောက်ဦးရဲ့နေဝင်ချိန်ကိုလာရောက်ကြည့်ရှု့ခံစားတတ်ကြပါတယ်။

အဲဒီမြောက်ဦးရှေးဟောင်းယဥ်ကျေးမှုနယ်မြေသို့ ဒီနှစ်သီတင်းကျွတ်ကာလမှာ ဘုရားဖူးဧည့်သည်တွေလာရောက်မှုနည်းပါးတယ်လို့ ဘုရားဂေါပကတွေ၊စျေးသည်တွေနဲ့မြို့ခံတွေက ဆိုကြပါတယ်။

ရခိုင်မှာ မိုခါမုန်တိုင်းတိုက်ခဲ့တာမို့ ဒေသခံပြည်သူတွေစားဝတ်နေရေးခက်ခဲနေကြတာကြောင့်လည်း လာရောက်သူနည်းပါးတာဖြစ်နိုင်တယ်လို့ စျေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

အဲဒီအပြင်နိုင်ငံရေးအခြေအနေတွေနဲ့စစ်ရေးအ​ခြေအနေတွေ မကောင်းတာမို့မလာရောက်ကြတာဖြစ်နိုင်တယ်လို့လည်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

မြောက်ဦးရှေးးဟောင်းအမွေအနှစ်တွေကို ကမ္ဘာ့အ မွေအနှစ်စာရင်းသို့တင်သွင်းတာတွေပြုလုပ်ထားပေမယ့်ဘယ်လိုအခြေအနေတွေရှိနေပြီလဲဆိုတာတော င် မသိရဘူးလို့လည်း ဘုရားဂေါပကတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီထုတ်ပြန်ထားတဲ့ခရီးသွားဒေသတွေထဲမှာ မြောက်ဦးရှေးဟောင်းယဥ်ကျေးမှုနယ်မြေမပါ ဝင်သလို ဘုရားဖူးဧည်သည်တွေလာရောက်ဖို့အတွ က် ဘာပြင်ဆင်ထားမှုမှမရှိဘူးလို့လည်း မြို့ခံတွေက ဆိုကြပါတယ်။

ရခိုင်မှာရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေတာမို့ ဘုရားဖူးဧည့်သည်တွေ၊ခရီးသွားတွေလာရောက်လည်ပတ်မှုနည်းနေတာလို့လည်း ဒေသခံပြည်သူတွေက ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/359672483247589

Leave a Reply

Your email address will not be published.